bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 1
Luke 1
Burmese (BCL) (Common Language Bible)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
2
ထိုအကြောင်းအရာများကိုမျက်မြင်သက်သေ များဖြစ်၍ သခင်ယေရှုအကြောင်းသတင်းကောင်း ကိုဟောပြောသူတို့၏ပြောကြားချက်အရကျမ်း ပြုပ္ဂိုလ်တို့ကရေးသားပြုစုခဲ့ကြပါသည်။-
3
အကျွန်ုပ်သည်လည်းထိုအကြောင်းအရာအပေါင်း ကိုစတင်ဖြစ်ပျက်ချိန်မှစ၍ သေချာစွာလေ့လာ ခဲ့သူဖြစ်သည်အလျောက်၊-
4
အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
5
ယုဒရှင်ဘုရင်ဟေရုဒ်မင်းလက်ထက်၌ ဇာခရိ နာမည်ရှိသောယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ သည်အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးကားဧလိရှဗက်ဟုနာမည်တွင်၏။ ဧလိရှဗက်သည်လည်းယဇ်ပုရောဟိတ်အနွယ် ဝင်ဖြစ်၏။-
6
ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
7
သို့သော်ဧလိရှဗက်သည်အမြုံဖြစ်၍သားသမီး မရ။ သူတို့နှစ်ဦးလုံးပင်အသက်ကြီးရင့်ကြ လေပြီ။-
8
တစ်နေ့သ၌ဇာခရိသည်မိမိ၏အဖွဲ့တာဝန် အလှည့်ကျသဖြင့် ဗိမာန်တော်တွင်ယဇ်ပုရော ဟိတ်ဝတ္တရားကိုဆောင်ရွက်စဉ်၊-
9
ယဇ်ပုရောဟိတ်တို့၏ထုံးစံအရမဲကျသဖြင့် ထာဝရဘုရား၏ဗိမာန်တော်အတွင်းသို့ဝင်၍ နံ့သာပေါင်းကိုမီးရှို့ပူဇော်ရ၏။-
10
ထိုသို့မီးရှို့ပူဇော်နေချိန်၌ကိုးကွယ်ဝတ်ပြု သူလူအပေါင်းတို့သည် အပြင်မှာဆုတောင်း လျက်နေကြ၏။-
11
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည် ဇာခရိ၏ရှေ့တွင်ပေါ်လာ၍နံ့သာပေါင်း ကို မီးရှို့ပူဇော်ရာပလ္လင်၏လက်ယာဘက်တွင် ရပ်လျက်နေ၏။-
12
ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
13
သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
14
သင်သည်ဝမ်းမြောက်ရွှင်မြူးလိမ့်မည်။ ထိုသား ဖွားမြင်လာသည့်အတွက်လူအများပင် ဝမ်းမြောက်ကြလိမ့်မည်။-
15
သူသည်ထာဝရဘုရား၏ရှေ့တော်တွင်ကြီး မြတ်သူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် သေရည်သေရက်ကိုသောက်လိမ့်မည်မဟုတ်။ မွေးကတည်းကပင်သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝလိမ့်မည်။-
16
များစွာသောဣသရေလအမျိုးသားတို့ကို မိမိတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။-
17
ကိုယ်တော်၏ရှေ့တော်ပြေးဖြစ်၍ဧလိယကဲ့ သို့ခွန်အားတန်ခိုးကြီးလိမ့်မည်။ သူသည်အဖ တို့ကိုသားတို့နှင့်ပြန်လည်သင့်မြတ်စေလိမ့် မည်။ မနာခံသောသူတို့အားသူတော်ကောင်း တို့၏အသိပညာကိုပြန်လည်ရရှိစေလိမ့် မည်။ ထာဝရဘုရားအတွက်အဆင်သင့် ဖြစ်စေရန် ကိုယ်တော်၏လူစုတော်ကိုပြင် ဆင်ပေးလိမ့်မည်'' ဟုဇာခရိအားပြော၏။
18
ဇာခရိက ``ဤသို့ဖြစ်မည်ကိုအဘယ်သို့သိ နိုင်ပါမည်နည်း။ အကျွန်ုပ်သည်အိုမင်းသူဖြစ် ပါ၏။ အကျွန်ုပ်၏ဇနီးမှာလည်းအသက်ကြီး ရင့်ပါပြီ'' ဟုကောင်းကင်တမန်အားပြန် ပြော၏။
19
ကောင်းကင်တမန်က ``ငါသည်ဘုရားသခင် ၏ရှေ့တော်တွင်ခစားရသောဂါဗြေလဖြစ်၏။ သင့်အားဤသတင်းကောင်းကိုပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။-
20
နားထောင်လော့။ သင်သည်ငါ့စကားကိုမယုံ ကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာ သည့်နေ့တိုင်အောင်စကားမပြောနိုင်ဘဲ အလျက်နေလိမ့်မည်။ အချိန်တန်လျှင်ငါ ၏စကားမှန်ကန်လာလိမ့်မည်'' ဟုဆို၏။
21
လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။-
22
ဇာခရိသည်ဗိမာန်တော်ကထွက်လာသောအခါ စကားမပြောနိုင်တော့သဖြင့် ဗိမာန်တော်ထဲ တွင်ဗျာဒိတ်ရူပါရုံကိုမြင်ခဲ့ကြောင်းသူတို့ ရိပ်မိကြ၏။ ဇာခရိသည်စကားအ၍လက် ရိပ်ခြေရိပ်ပြလျက်သာနေ၏။
23
ထိုနောက်သူ၏တာဝန်ကုန်ဆုံးချိန်၌အိမ်ကို ပြန်လေ၏။-
24
ကာလအနည်းငယ်ကြာသောအခါသူ၏ဇနီး ဧလိရှဗက်သည် ကိုယ်ဝန်ရှိ၍ငါးလပတ်လုံး အိမ်တွင်းအောင်းလျက်နေ၏။-
25
ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
26
ဧလိရှဗက်ကိုယ်ဝန်ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့ရှိမိန်းမပျိုတစ်ဦးထံ သို့စေလွှတ်တော်မူ၏။-
27
ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
28
သူ၏နာမည်မှာမာရိဖြစ်၏။ ကောင်းကင်တမန် သည်မာရိထံသို့လာ၍ ``ထူးကဲသောကျေးဇူး တော်ကိုခံစားရသည့်အမျိုးသမီး၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူသည်'' ဟုဆို၏။
29
ထိုစကားကိုကြားလျှင်မာရိသည်စိတ်မငြိမ် မသက်ဖြစ်ကာ ဤနှုတ်ဆက်စကားကားအဘယ် သို့နည်းဟုတွေးတောဆင်ခြင်လျက်နေ၏။-
30
ကောင်းကင်တမန်က ``မာရိ၊ မကြောက်နှင့်၊ သင်သည် ဘုရားသခင်ရှေ့တော်မှာမျက်နှာပွင့်လန်းပြီ။-
31
သင်သည်ကိုယ်ဝန်ဆောင်၍သားရတနာကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုနာမည် ဖြင့်မှည့်ရမည်။-
32
ထိုသားသည်ကြီးမြတ်လိမ့်မည်။ အမြင့်မြတ် ဆုံးသောဘုရား၏သားတော်ဟုအခေါ်ခံရ လိမ့်မည်။ ထာဝရအရှင်ဘုရားသခင်သည် သူ့အဖဒါဝိဒ်မင်း၏နန်းမွေကိုသူ့အားပေး တော်မူလိမ့်မည်။-
33
သူသည်ယာကုပ်အမျိုးအနွယ်များကိုအစဉ် မပြတ်အုပ်စိုးတော်မူလိမ့်မည်။ သူ၏နန်းသက် သည်အဘယ်အခါမျှကုန်ဆုံးလိမ့်မည်မဟုတ်'' ဟုမာရိအားပြော၏။
34
မာရိက ``ကျွန်မသည်သတို့သမီးကညာဖြစ် သဖြင့်အဘယ်သို့လျှင်ကိုယ်ဝန်ဆောင်၍သား ဖွားနိုင်ပါမည်နည်း'' ဟုကောင်းကင်တမန်အား မေး၏။
35
ကောင်းကင်တမန်က ``သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏အပေါ်သို့သက်ရောက်လိမ့်မည်။ အမြင့် မြတ်ဆုံးသောဘုရားရှင်၏တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့်သင်မွေးဖွား လတ္တံ့သောသန့်ရှင်းမြင့်မြတ်သည့်သူငယ်ကို သန့်ရှင်းမြင့်မြတ်သောအရှင်ဘုရားသခင်၏ သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်။-
36
သင့်ဆွေမျိုးဖြစ်သောဧလိရှဗက်သည်လည်း အိုမင်းခါမှ သားရတနာကိုကိုယ်ဝန်ဆောင် လျက်ရှိ၏။ အမြုံမဟုအခေါ်ခံရသူသည် ကိုယ်ဝန်ဆောင်၍ဆဋ္ဌမလသို့ရောက်လေပြီ။-
37
ဘုရားသခင်တတ်နိုင်တော်မမူသောအရာ တစ်စုံတစ်ခုမျှမရှိ'' ဟုဆို၏။
38
မာရိက ``ကျွန်မသည်ထာဝရဘုရား၏ အစေခံဖြစ်ပါ၏။ အရှင်ဖော်ပြသည့်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုကောင်းကင်တမန်အား ပြန်ပြော၏။ ထိုအခါကောင်းကင်တမန်သည် မာရိထံမှထွက်ခွာသွား၏။
39
များမကြာမီမာရိသည်အသင့်ပြင်၍တောင်ပေါ် ဒေသရှိယုဒပြည်မြို့တစ်မြို့သို့အလျင်အမြန် သွား၏။-
40
သူသည်ဇာခရိ၏အိမ်သို့ဝင်ပြီးလျှင်ဧလိ ရှဗက်ကိုနှုတ်ဆက်၏။ မာရိ၏နှုတ်ဆက်စကား ကိုကြားသောဧလိရှဗက်၏ဝမ်းမှကလေး သည်လှုပ်လေ၏။-
41
ဧလိရှဗက်သည်သန့်ရှင်းသောဝိညာဉ်တော် ဖြင့်ပြည့်ဝလျက်၊-
42
``သင်သည်အမျိုးသမီးတကာတို့ထက်မင်္ဂလာ ရှိ၏။ သင်ဖွားအံ့သောသားသည်မင်္ဂလာရှိ၏။-
43
အကျွန်ုပ်အရှင်၏မယ်တော်သည်အဘယ်ကြောင့် အကျွန်ုပ်ထံသို့ကြွလာတော်မူပါသနည်း။ အဘယ် ကြောင့်ဤအခွင့်ထူးကိုအကျွန်ုပ်ခံစားရပါသနည်း။-
44
သင်၏နှုတ်ဆက်စကားကိုအကျွန်ုပ်ကြား သောအခါအကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့်ခုန်ပါ၏။-
45
ထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော် အတိုင်းဖြစ်လိမ့်မည်ဟုသင်သည်ယုံကြည်သဖြင့် မင်္ဂလာရှိ၏'' ဟုကျယ်စွာမြွက်ဆို၏။
46
မာရိက၊ ``ငါ၏စိတ်နှလုံးသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းထောမနာပြုပါ၏။
47
ကယ်တင်ရှင်ဘုရားသခင်ပြုတော်မူသောအမှုကြောင့် ငါ့ဝိညာဉ်သည်အားရရွှင်လန်းပါ၏။
48
ကိုယ်တော်သည်မိမိအစေခံ၏သိမ်ငယ်သော အဖြစ်ကို သတိရတော်မူပြီ။ ယခုမှစ၍နောင်လာနောက်သားအပေါင်းတို့သည် ငါ့ကိုမင်္ဂလာရှိသူဟုခေါ်ကြလိမ့်မည်။
49
အဘယ်ကြောင့်ဆိုသော်တန်ခိုးရှင်သည် ငါ့အတွက်အံ့သြဖွယ်သောအမှုများကို ပြုတော်မူသောကြောင့်ဖြစ်၏။ ကိုယ်တော်၏နာမတော်သည်မြင့်မြတ် သန့်ရှင်းတော်မူ၏။
50
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။
51
မဟာလက်ရုံးတော်ဖြင့်မာနကြီးသူများကို ဖရိုဖရဲကွဲလွင့်စေတော်မူ၏။
52
ရှင်ဘုရင်များကိုနန်းချ၍သိမ်ငယ်သူများကို ချီးမြှင့်တော်မူပြီ။
53
ငတ်မွတ်သူအားချိုမြိန်သောအစားအစာကို ကျွေးမွေး၍၊ ချမ်းသာကြွယ်ဝသူများကို လက်ချည်းလွှတ်တော်မူပြီ။
54
ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။
55
အာဗြဟံနှင့်အာဗြဟံ၏အမျိုးအနွယ်များ အပေါ် ထားတော်မူသောကရုဏာတော်ကို၊ အစဉ်အမြဲပြုခြင်းငှာသတိရတော်မူပြီ ဟုဆို၏။
56
ထိုနောက်မာရိသည်ဧလိရှဗက်ထံတွင်သုံးလ ခန့်နေပြီးနောက်မိမိအိမ်သို့ပြန်လေ၏။
57
ဧလိရှဗက်သည်နေ့လစေ့သောအခါ သားရတနာကိုဖွားမြင်၏။-
58
ဤသို့သူ့အားထာဝရဘုရားသည်အံ့သြဖွယ် ကောင်းအောင်ကျေးဇူးပြုတော်မူကြောင်းကြားကြ သောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်း တို့သည်သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။
59
ထိုနောက်ရှစ်ရက်မြောက်သောနေ့၌သူတို့သည် သူငယ်၏အရေဖျားလှီးမင်္ဂလာပွဲသို့လာကြ ၏။ သူ့အားဇာခရိဟူ၍အဖ၏နာမည်ကိုပင် မှည့်လိုကြ၏။-
60
သို့ရာတွင်သူငယ်၏မိခင်က ``ထိုနာမည်ကို မမှည့်ပါနှင့်။ ယောဟန်ဟုမှည့်ခေါ်ကြပါ'' ဟု ဆို၏။
61
လူတို့က ``သင်၏မျိုးရိုးတွင်ယောဟန်ဟု နာမည်တွင်သူတစ်စုံတစ်ယောက်မျှမရှိ'' ဟု ဧလိရှဗက်အားပြန်ပြောကြ၏။-
62
ထိုနောက်ဖခင်၏ဆန္ဒကိုလက်ရိပ်ပြ၍စုံစမ်းကြ၏။
63
ဇာခရိသည်သင်ပုံးတစ်ချပ်ကိုတောင်းယူပြီး လျှင် ``သူငယ်၏နာမည်ကားယောဟန်ဖြစ်၏'' ဟု ရေး၏။-
64
ထိုအခါထိုသူအပေါင်းတို့သည်အံ့သြကြ၏။ ချက်ချင်းပင်ဇာခရိပြန်လည်စကားပြောနိုင် သဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း လေ၏။-
65
အိမ်နီးချင်းအပေါင်းတို့သည်ကြောက်ရွံ့ကြ ကုန်၏။ ဤအဖြစ်အပျက်သတင်းသည်ယုဒ ပြည်တောင်ကုန်းဒေသတစ်လျှောက်လုံးသို့ ပျံ့နှံ့၍သွား၏။-
66
ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။
67
ယောဟန်၏အဖဇာခရိသည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝလျက်ဟောသည်မှာ၊
68
``ဣသရေလအမျိုးသားတို့၏ထာဝရအရှင် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုကြပါ စေသော။ ကိုယ်တော်သည်ဣသရေလအမျိုးသားတို့ထံသို့ ကြွလာ၍သူတို့ကိုလွတ်မြောက်စေတော်မူပြီ။
69
ကိုယ်တော်၏အစေခံဒါဝိဒ်အမျိုးအနွယ်တွင် တန်ခိုးကြီးမားသော၊ကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
70
ရှေးသန့်ရှင်းမြင့်မြတ်သူပရောဖက်များမှတစ်ဆင့် မိန့်တော်မူသည်နှင့်အညီ၊
71
ကိုယ်တော်သည်ငါတို့အားရန်သူများ၏ လက်မှလည်းကောင်း၊ ငါတို့ကိုမုန်းသောသူအပေါင်းတို့၏ လက်မှလည်းကောင်းကယ်ဆယ်ရန်၊
72
ငါတို့၏ဘိုးဘေးများအပေါ်ဝယ်ကရုဏာ ထားတော်မူမည်ဖြစ်ကြောင်းနှင့်၊ ပဋိညာဉ်တော်ကိုသတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီ။
73
ငါတို့သည်ဘုရားသခင်၏ရှေ့တော်တွင် တစ်သက်လုံးသန့်ရှင်းဖြောင့်မတ်ကြစေရန်၊ ငါတို့ကိုရန်သူများ၏လက်မှကယ်၍ ကိုယ်တော်၏အမှုတော်ကို၊ ကြောက်ရွံ့ခြင်းကင်းလျက်ဆောင်ရွက်စေမည်ဟု ငါတို့၏ အဖအာဗြဟံအားကျိန်ဆိုတော်မူခဲ့ပြီ။
76
အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
77
ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။
78
ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
79
သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေလိမ့်မည်။ ထို့အပြင်ငါတို့အားငြိမ်းချမ်းရေးလမ်းသို့ ပို့ဆောင်စေလိမ့်မည်'' ဟူ၍တည်း။
80
သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
BCL Study Bible
→