bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 6
Luke 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
1
ဥပုသ်နေ့၌ကိုယ်တော်သည်ဂျုံခင်းများကို ဖြတ်၍လျှောက်သွားတော်မူစဉ် တပည့်တော် သည်ဂျုံများကိုဆွတ်၍ပွတ်နယ်စားကြ၏။-
2
ဖာရိရှဲအချို့က ``သင်တို့သည်အဘယ်ကြောင့် ဥပုသ်နေ့၌မပြုအပ်သောအမှုကိုပြုဘိ သနည်း'' ဟုမေးကြ၏။
3
သခင်ယေရှုက ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော် တစ်စုတို့ဆာလောင်မွတ်သိပ်သောအခါ အဘယ် သို့ပြုမူခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြ သလော။-
4
သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ပညတ်တရားအရယဇ်ပုရောဟိတ်များမှ တစ်ပါး မည်သူမျှမစားထိုက်သောရှေ့တော် မုန့်ကိုယူ၍စားခဲ့၏။ မိမိ၏အဖော်များ အားလည်းပေးခဲ့၏။-
5
လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
6
အခြားသောဥပုသ်နေ့တစ်နေ့၌သခင်ယေရှု သည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင် တော်မူ၏။ တရားဇရပ်ထဲတွင်ညာလက်သေသူ တစ်ယောက်ရှိ၏။-
7
ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများသည် ကိုယ်တော်ကိုစွပ်စွဲရန်အကြောင်းရှာလိုသဖြင့် ဥပုသ်နေ့၌ထိုသူ၏ရောဂါကိုကိုယ်တော် ပျောက်ကင်းစေတော်မူမည်မမူမည်ကိုစောင့် ကြည့်နေကြ၏။-
8
ကိုယ်တော်သည်ထိုသူတို့၏စိတ်အကြံအစည် ကိုသိတော်မူသောကြောင့် လက်သေသူအား ``နေရာ မှထပြီးရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်နေရာမှထပြီးရှေ့သို့သွား၍ရပ်၏။-
9
ထိုအခါသခင်ယေရှုက ``ပညတ်တရားအရ ဥပုသ်နေ့၌ အကောင်းကိုပြုအပ်သလော၊ အဆိုး ကိုပြုအပ်သလော၊ လူ့အသက်ကိုကယ်အပ် သလော၊ သတ်အပ်သလော၊ သင်တို့အားငါမေး၏'' ဟုမိန့်တော်မူ၏။-
10
ကိုယ်တော်သည်ထိုသူအပေါင်းတို့ကိုလှည့်ကြည့် တော်မူပြီးလျှင် လက်သေသူအား ``သင့်လက်ကို ဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်လက်ကို ဆန့်လိုက်သောအခါ အကောင်းပကတိဖြစ် လေ၏။
11
ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
12
ထိုနောက်ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန် တောင်ပေါ်သို့ကြွတော်မူ၏။ တစ်ညလုံးဘုရား သခင်ထံဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။-
13
မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
14
ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊-
15
မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်၊ မျိုး ချစ်စိတ်ထက်သန်သူရှိမုန်၊-
16
ယာကုပ်၏သားယုဒနှင့်နောင်အခါကိုယ်တော် ကိုသစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
17
ကိုယ်တော်သည်တမန်တော်တို့နှင့်အတူတောင် ပေါ်ကဆင်းသက်တော်မူ၍မြေညီရာသို့ရောက် တော်မူ၏။ ထိုနေရာမှာတပည့်တော်စုကြီး တစ်စုအပြင်၊ ယုဒပြည်နှင့်ယေရုရှလင် မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိတုရု၊ ဇိဒုန်မြို့များမှလည်းကောင်းလာကြသူ အမြောက်အမြားရှိ၏။-
18
ထိုသူတို့သည်ကိုယ်တော်၏တရားတော်ကို ကြားနာရန်နှင့်မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန်လာရောက်ကြခြင်းဖြစ်၏။ ညစ်ညမ်းသောနတ်ညှဉ်းဆဲခြင်းခံရသူများ လည်းလာ၍အနာရောဂါပျောက်ကင်းသွား၏။-
19
ကိုယ်တော်၏ထံတော်မှတန်ခိုးထွက်၍အနာ ရောဂါများကိုပျောက်ကင်းစေသောကြောင့် လူ ပရိသတ်အပေါင်းတို့သည်ကိုယ်တော်ကိုတို့ ထိနိုင်ရန်ကြိုးစားကြ၏။
20
သခင်ယေရှုသည်တပည့်တော်တို့ကို ကြည့်တော်မူပြီးလျှင် ``ဆင်းရဲသူတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံ ဖြစ်၏။
21
``ယခုအခါဆာငတ်နေသူတို့၊သင်တို့သည် မင်္ဂလာရှိကြ၏။ သင်တို့ဝပြောရမည့်အချိန်ရောက်လိမ့်မည်။ ``ငိုကြွေးနေကြသူတို့၊သင်တို့သည်မင်္ဂလာရှိကြ၏။ သင်တို့ရယ်မောရမည့်အချိန်ရောက်လိမ့်မည်။
22
``လူသားကြောင့်သင်တို့ကိုလူများမုန်းကြသော အခါ၌လည်းကောင်း၊ ပစ်ပယ်ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏ဂုဏ်အသရေကိုရှုတ်ချ ကြသောအခါ၌လည်းကောင်းသင်တို့သည်မင်္ဂလာ ရှိကြ၏။-
23
ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
24
``သို့သော်ကြွယ်ဝချမ်းသာသူတို့၊သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည်ယခုဘဝ၌သက်သာစွာနေထိုင် ရကြ၏။
25
``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။
26
``လူအပေါင်းတို့သည်သင်တို့ကိုချီးမွမ်း ကြသောအခါသင်တို့သည်အမင်္ဂလာ ရှိကြ၏။ ဤသူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်များကိုဤနည်းအတိုင်း ချီးမွမ်းခဲ့ကြလေပြီ။
27
``သို့ရာတွင်ငါ၏တရားကိုကြားနာကြသူတို့၊ သင်တို့အားငါဆိုသည်ကားရန်သူကိုချစ်ကြ လော့။ သင်တို့ကိုမုန်းသူအားကျေးဇူးပြုကြ လော့။-
28
ကျိန်ဆဲသူအားမေတ္တာပို့ကြလော့။ စော်ကား သူအတွက်ဆုတောင်းပတ္ထနာပြုကြလော့။-
29
သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။-
30
သင့်ထံတွင်တောင်းခံလာသူတိုင်းအားပေး လော့။ သင့်ဥစ္စာပစ္စည်းများကိုယူသောသူထံမှ ပြန်၍မတောင်းနှင့်။-
31
ကိုယ်ကိုပြုစေလိုသည်အတိုင်းသူတစ်ပါး တို့အားပြုကြလော့။
32
``မိမိတို့အားချစ်သူများကိုသာချစ်တုံ့ပြန် ပါမူ အဘယ်သို့လျှင်ကောင်းချီးမင်္ဂလာကို သင်တို့ခံစားနိုင်မည်နည်း။ အပြစ်ကူးသူ များပင်လျှင်မိမိတို့အားချစ်သူတို့ကိုချစ် ကြ၏။-
33
သင်တို့အားကျေးဇူးပြုသူများကိုသာကျေး ဇူးတုံ့ပြန်ပါမူ သင်တို့သည်အဘယ်သို့လျှင် ကောင်းချီးမင်္ဂလာကိုခံစားနိုင်မည်နည်း။ အပြစ်ကူးသူများပင်လျှင်ဤသို့ပြုကြ၏။-
34
ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။-
35
သင်တို့မူကားရန်သူကိုချစ်ကြလော့။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ရာကိုပြန်လည်ရရှိရန် မမျှော်လင့်ဘဲချေးငှားကြလော့။ ယင်းသို့ပြုပါ မူသင်တို့သည်ကြီးမြတ်သောဆုလာဘ်ကိုရ လျက်အမြင့်မြတ်ဆုံးသောဘုရားရှင်၏သား များဖြစ်ကြလိမ့်မည်။ ထိုအရှင်သည်ကျေးဇူး မသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။-
36
သင်တို့၏အဖဘုရားသည်သနားကြင်နာ တော်မူသည်နည်းတူ သင်တို့သည်လည်းသနား ကြင်နာကြလော့။
37
``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
38
သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
39
ထိုနောက်ကိုယ်တော်သည်ထိုသူတို့အားပုံဥပမာ ဆောင်၍ ``မျက်မမြင်သည်အခြားမျက်မမြင် ကိုလမ်းပြနိုင်သလော။ ထိုသူနှစ်ဦးလုံးပင် တွင်းထဲသို့လိမ့်ကျမည်မဟုတ်လော။-
40
တပည့်သည်ဆရာထက်မသာ။ သို့ရာတွင်ပညာ သင်ပြီးဆုံးသောအခါတပည့်သည်ဆရာကဲ့ သို့ဖြစ်လိမ့်မည်။''
41
``သင်တို့သည်အဘယ်ကြောင့်ကိုယ့်မျက်စိ၌ရှိ သောသစ်တုံးကြီးကိုမမြင်ဘဲ ညီအစ်ကို မျက်စိ၌ရှိသောငြောင့်ငယ်ကိုမြင်သနည်း။-
42
အဘယ်ကြောင့်ညီအစ်ကိုအား`သင်၏မျက်စိ၌ ရှိသောငြောင့်ငယ်ကိုထုတ်ပေးပါရစေ' ဟုပြော ဘိသနည်း။ အချင်းကြောင်သူတော်၊ သင်၏မျက်စိ ၌ရှိသောသစ်တုံးကြီးကိုဦးစွာထုတ်ပစ်လော့။ သို့မှသာသင်သည်သင့်ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကိုကောင်းစွာမြင်၍ထုတ်ယူ နိုင်လိမ့်မည်'' ဟုမိန့်တော်မူ၏။
43
``အပင်ကောင်းသည်အသီးညံ့ကိုမသီးနိုင်။ ညံ့သောအပင်သည်အသီးကောင်းကိုမသီးနိုင်။-
44
အသီးကိုထောက်၍အပင်အကြောင်းကိုသိရ ၏။ သင်္ဘောသဖန်းသီးကိုဆူးပင်မှလည်းကောင်း၊ စပျစ်သီးကိုဆူးချုံမှလည်းကောင်းလူတို့ မဆွတ်မခူးနိုင်ကြ။-
45
ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
46
``သင်တို့သည်ငါ့စကားကိုနားမထောင်ဘဲ အဘယ်ကြောင့်ငါ့ကို `သခင်၊ သခင်' ဟုခေါ် ကြသနည်း။-
47
ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။-
48
ထိုသူသည်မြေကိုနက်စွာတူးပြီးမှကျောက်ပေါ် တွင်အုတ်မြစ်ချ၍အိမ်ကိုတည်ဆောက်သူနှင့်တူ ၏။ ရေကြီးသောအခါမြစ်ရေလျှံ၍ထိုအိမ်ကို တိုက်ခတ်လေ၏။ သို့သော်ရေအဟုန်သည်အိမ်ကို မလှုပ်ရှားစေနိုင်။ အဘယ်ကြောင့်ဆိုသော်ထိုအိမ် ကိုခိုင်ခန့်စွာတည်ဆောက်ထားသောကြောင့်ဖြစ်၏။-
49
သို့ရာတွင်ငါ့တရားစကားကိုကြားနာပြီး နောက်မလိုက်လျှောက်သောသူမူကားအုတ်မြစ် မချဘဲမြေပေါ်မှာအိမ်ကိုတည်ဆောက်သူ နှင့်တူ၏။ မြစ်ရေလျှံ၍ထိုအိမ်ကိုတိုက်ခတ် လျှင်ချက်ချင်းပြိုလဲသွား၏။ ထိုအိမ်၏ အပျက်အစီးကားကြီးလှစွာတကား'' ဟု မိန့်တော်မူ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24