bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 10
Luke 10
Burmese (BCL) (Common Language Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
1
ထိုနောက်သခင်ဘုရားသည်အခြားသော တပည့်တော်ခုနစ်ဆယ့်နှစ်ဦးတို့ကိုရွေးချယ် ၍နှစ်ယောက်စီတွဲဖက်စေလျက် ကိုယ်တော်တိုင် ကြွတော်မူမည့်မြို့ရွာအသီးသီးသို့သွား နှင့်ရန်စေလွှတ်တော်မူ၏။-
2
ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများစွာရှိ၏။ သို့ရာတွင်ကောက်ရိတ်သူများကားနည်းလှ၏။ သို့ဖြစ်၍ကောက်ရိတ်သမားများပိုမိုစေလွှတ် ပေးရန်စပါးရှင်အားဆုတောင်းကြလော့။-
3
သွားကြ၊ ဝံပုလွေစုထဲသို့သိုးသူငယ်များအား စေလွှတ်သကဲ့သို့သင်တို့အားငါစေလွှတ်၏။-
4
သင်တို့သည်ပိုက်ဆံအိတ်၊ လွယ်အိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းမှာရပ်၍မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
5
သင်တို့မည်သည့်အိမ်သို့မဆိုဝင်သောအခါ ``ဤ အိမ်၌ငြိမ်သက်ခြင်းရှိပါစေ'' ဟုဦးစွာမေတ္တာ ပို့ကြလော့။-
6
ထိုအိမ်တွင်ငြိမ်သက်မှုကိုလိုလားသူရှိလျှင် သင်တို့ပို့သသည့်မေတ္တာကိုထိုသူခံစားရ လိမ့်မည်။ ထိုသို့သောသူတစ်စုံတစ်ယောက်မျှ မရှိပါမူသင်တို့ပို့သည့်မေတ္တာသည်သင်တို့ ၏ထံသို့ပြန်လာလိမ့်မည်။-
7
သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။-
8
သင်တို့အားကြိုဆိုလက်ခံသောမြို့တွင်သင် တို့အားကျွေးမွေးသမျှတို့ကိုစားကြလော့။-
9
ထိုမြို့ရှိသူနာများကိုရောဂါပျောက်ကင်းစေ ကြလော့။ ထိုနောက်သူတို့တွင်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်နီးပြီဖြစ်ကြောင်းပြော ကြားကြလော့။-
10
သင်တို့ကိုမကြိုဆိုလက်မခံသောမြို့တွင် လမ်းများပေါ်သို့ထွက်၍ ဤသို့ပြောကြလော့၊-
11
`သင်တို့အားသတိပေးသည့်အနေဖြင့်ငါတို့ ခြေတွင်ကပ်သည့်သင်တို့မြို့ကမြေမှုန့်ကိုငါ တို့ခါချ၏။ သို့ရာတွင်ဘုရားသခင်၏နိုင်ငံ တော်သည်သင်တို့၏အနီးသို့ရောက်ရှိပြီဖြစ် ကြောင်းကိုသိမှတ်ကြလော့၊-'
12
ငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌ ဘုရားသခင်သည်ထိုမြို့ထက်ပို၍သောဒုံ မြို့အားကရုဏာထားတော်မူလိမ့်မည်။''
13
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
14
ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။-
15
အို ကပေရနောင်မြို့၊ သင်သည်ကောင်းကင်ဘုံ တိုင်အောင်မြှောက်စားခြင်းကိုခံလိုသလော။ မရဏာနိုင်ငံအထိနှိမ့်ချခြင်းခံရလတ္တံ့'' ဟုမိန့်တော်မူ၏။
16
သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။
17
ခုနစ်ဆယ့်နှစ်ဦးသောတပည့်တော်တို့သည် အလွန် ဝမ်းမြောက်ရွှင်လန်းစွာပြန်လည်ရောက်ရှိလာကြ လျက် ``အရှင်၊ အကျွန်ုပ်တို့သည်ကိုယ်တော်၏နာမ တော်အားဖြင့် နတ်မိစ္ဆာများပင်နှိမ်နင်းခဲ့ပါသည်'' ဟု လျှောက်ကြ၏။
18
ကိုယ်တော်က ``ကောင်းကင်မှလျှပ်စစ်ကျသကဲ့ သို့စာတန်ကျသည်ကိုငါမြင်ရ၏။-
19
မြွေဆိုးများ၊ ကင်းမြီးကောက်များအပေါ်မှာ နင်းသွား၍ စာတန်၌ရှိသမျှသောတန်ခိုးကို နှိမ်နင်းနိုင်သည့်အာဏာကိုသင်တို့အားငါပေး အပ်ထားပြီ။ အဘယ်ဘေးမျှသင်တို့၌မရောက်ရ။-
20
သို့ရာတွင်သင်တို့သည်နတ်မိစ္ဆာများကိုနှိမ်နင်းနိုင် သည့်အတွက်ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ တွင်သင်တို့၏နာမည်များစာရင်းဝင်ပြီးဖြစ်သည့် အတွက်သာလျှင်ဝမ်းမြောက်ကြလော့'' ဟုမိန့် တော်မူ၏။
21
ထိုအခါသန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်အားရွှင်လန်းဝမ်းမြောက်စေတော်မူ သဖြင့်ကိုယ်တော်က ``မိုးမြေကိုအစိုးရတော်မူ သောအဖ၊ ကိုယ်တော်သည်အသိပညာရှင်များမှ ထိမ်ဝှက်ထားတော်မူသောအကြောင်းအရာများ ကို ပညာမဲ့သူများအားဖွင့်ပြတော်မူသော ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ အဖ ခမည်းတော်၊ ဤသို့ဖြစ်ရခြင်းမှာကိုယ်တော် လိုလားတော်မူသည်အတိုင်းဖြစ်ပါ၏။
22
``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။
23
ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ဘက်သို့ လှည့်၍ ``ယခုမြင်သမျှသောအရာတို့ကိုသင် တို့မြင်သောကြောင့်သင်တို့မျက်စိသည်မင်္ဂလာ ရှိ၏။-
24
သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
25
ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။
26
ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
27
ထိုသူက ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။ သင်၏အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့ဟုပါရှိပါသည်'' ဟူ၍ လျှောက်၏။
28
ကိုယ်တော်က ``သင်၏အဖြေသည်မှန်ပေ၏။ ဤ အတိုင်းပြုလျှင်သင်သည်ထာဝရအသက်ကို ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
29
ထိုသူသည်မိမိ၏ပညာကိုဖော်ပြလို သဖြင့် ``အဘယ်သူသည်အကျွန်ုပ်၏အိမ် နီးချင်းဖြစ်ပါသနည်း'' ဟုမေးမြန်း၏။
30
ထိုအခါသခင်ယေရှုက ``လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့ကိုသွားရာ လမ်းတွင်ဋ္ဌားပြများနှင့်တွေ့၏။ ဋ္ဌားပြတို့သည် ထိုသူ၏အဝတ်များကိုချွတ်ယူကြ၏။ ထိုနောက် သူ့ကိုရိုက်နှက်၍သေလုနီးပါးရှိသောအခါ ပစ်ထားခဲ့ကြ၏။-
31
ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
32
ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။-
33
သို့ရာတွင်ရှမာရိအမျိုးသားတစ်ယောက်သည် ခရီးပြုလာစဉ်သူနာရှိရာသို့ရောက်လာသော် သူနာကိုမြင်၍သနားကြင်နာစိတ်ရှိသဖြင့်၊-
34
သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
35
နောက်တစ်နေ့၌တည်းခိုရိပ်သာမှထွက်ခွာချိန် တွင်သူသည်ဒေနာရိဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုရိပ်သာပိုင်ရှင်အားပေးပြီးလျှင် `ဤ သူနာကိုကြည့်ရှုပြုစုပါ။ နောက်ထပ်ကုန်ကျ သမျှကိုအကျွန်ုပ်ပြန်လာသောအခါပေး ပါမည်' ဟုပြော၏။
36
ထိုသူသုံးယောက်တို့အနက်အဘယ်သူသည် ဋ္ဌားပြဘေးနှင့်တွေ့ရသူ၏အိမ်နီးချင်းဖြစ် မည်ဟုသင်ထင်သနည်း'' ဟုမေးတော်မူ၏။
37
ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊ သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။
38
သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
39
မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။-
40
မာသမူကားဧည့်သည်ဝတ်ဖြင့်ဗျာများနေရ သဖြင့်အထံတော်သို့ချဉ်းကပ်ပြီးလျှင် ``အရှင် ဘုရား၊ ကျွန်မ၏ညီမသည်လုပ်ကျွေးမှုတာဝန် ရှိသမျှကိုကျွန်မတစ်ယောက်တည်းအား ဆောင် ရွက်စေသည်ကိုကိုယ်တော်ရှင်လျစ်လူရှုတော် မူပါသလော။ ကျွန်မကိုကူညီစေရန်သူ့ အားအမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
41
သခင်ဘုရားက ``မာသ၊ မာသ၊ သင်သည်များ စွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန် လျက်နေ၏။-
42
သင့်မှာလိုသောအရာတစ်ခုရှိ၏။ မာရိသည် ကောင်းမြတ်သောအရာကိုရွေးချယ်လေပြီ။ ထိုအရာကိုသူ့ထံမှအဘယ်သူမျှယူ၍ ရမည်မဟုတ်'' ဟုမိန့်တော်မူ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24