bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 22
Luke 22
Burmese (BCL) (Common Language Bible)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
ပသခါပွဲဟုနာမည်တွင်သောတဆေးမဲ့ မုန့်ပွဲတော်အခါကျရန်နီးကပ်လာ၏။-
2
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
3
ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
4
ထို့ကြောင့်သူသည်ယဇ်ပုရောဟိတ်ကြီးများ နှင့်ဗိမာန်တော်အစောင့်တပ်မှူးများထံသို့ သွား၍ ကိုယ်တော်အားအဘယ်နည်းဖြင့်သူတို့ လက်သို့အပ်ရမည်ကိုဆွေးနွေးတိုင်ပင်၏။-
5
သူတို့သည်ဝမ်းမြောက်သဖြင့်ယုဒအား ငွေပေးရန်ကတိပြုကြ၏။-
6
ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7
တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
8
ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။
9
သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
10
ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-
11
အိမ်ရှင်အား `တပည့်များနှင့်အတူပသခါပွဲ ညစာကိုငါစားရန်အခန်းကားအဘယ်နည်း' ဟုဆရာတော်ကစုံစမ်းခိုင်းကြောင်းပြောကြား ကြလော့။-
12
ထိုသူသည်အထက်ထပ်ရှိခင်းကျင်းထားသော အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်မှုကိုပြုကြလော့'' ဟုမိန့်တော်မူ၏။-
13
တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး နောက်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်းတွေ့ ရှိကြသဖြင့် ပသခါပွဲညစာကိုအသင့်ပြင် ဆင်ကြ၏။
14
အချိန်ရောက်သောအခါကိုယ်တော်သည်တမန် တော်တို့နှင့်အတူစားပွဲတွင်ထိုင်တော်မူ၏။-
15
ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-
16
သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
17
ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-
18
သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
19
ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
20
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
21
``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
22
လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။
23
တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။
24
တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-
25
ထိုအခါကိုယ်တော်က ``လောကီဘုရင်များသည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ်ကြ ၏။ အာဏာပိုင်များသည်လည်းမိမိတို့ကိုယ်ကို ကျေးဇူးရှင်များဟုအခေါ်ခံတတ်ကြ၏။-
26
သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် စေသင့်။ သင်တို့တွင်အကြီးမြတ်ဆုံးဖြစ်သူ သည်အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်ဖြစ်သူသည်အစေခံကဲ့သို့ဖြစ် ရမည်။-
27
စားပွဲထိုင်သူ၊ အစေခံသူတို့အနက်အဘယ်သူ သာ၍ကြီးမြတ်သနည်း၊ စားပွဲထိုင်သူမဟုတ် လော။ သို့ရာတွင်ငါသည်သင်တို့တွင်အစေခံသူ သဖွယ်ဖြစ်၏။
28
သင်တို့သည်ငါနှင့်အတူစုံစမ်းနှောင့်ယှက်မှု များကိုရင်ဆိုင်ခဲ့သူများဖြစ်ကြ၏။-
29
ခမည်းတော်သည်ငါ့အားအုပ်စိုးခွင့်ကိုပေး အပ်တော်မူသည်နည်းတူ ငါသည်လည်းသင် တို့အားအုပ်စိုးခွင့်ကိုပေး၏။-
30
သင်တို့သည်နိုင်ငံတော်တွင်ငါ၏စားပွဲ၌စား သောက်ရကြလိမ့်မည်။ ထို့အပြင်ပလ္လင်များ ပေါ်မှာထိုင်လျက်ဣသရေလတစ်ဆယ့်နှစ်နွယ် တို့အားအုပ်စိုးရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31
သခင်ယေရှုက ``ရှိမုန်၊ ရှိမုန်၊ စပါးကိုလှေ့ သကဲ့သို့သင်တို့အားလုံးကိုစစ်ဆေးရန် စာတန်ကအခွင့်ရလေပြီ။-
32
သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
33
ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။
34
ကိုယ်တော်က ``ပေတရု၊ သင့်အားငါဆိုသည် ကားယနေ့ညကြက်မတွန်မီသင်သည်ငါ့ကို မသိဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့် မည်'' ဟုမိန့်တော်မူ၏။
35
ထိုနောက်ကိုယ်တော်က ``ငါသည်သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့်ဖိနပ်ကိုမယူစေဘဲ စေလွှတ်ခဲ့၏။ ထိုအခါသင်တို့တွင်တစ်စုံ တစ်ရာချို့တဲ့မှုရှိခဲ့သလော'' ဟုတပည့်တော် တို့အားမေးတော်မူ၏။ တပည့်တော်တို့က ``မရှိပါ'' ဟုလျှောက်ကြ၏။
36
ကိုယ်တော်က ``ယခုမူကားငွေအိတ်၊ လွယ်အိတ် ရှိလျှင်ယူခဲ့ကြ။ ဋ္ဌားမရှိလျှင်အဝတ်ကို ရောင်း၍ဋ္ဌားကိုဝယ်ကြ။-
37
သင်တို့အားငါဆိုသည်ကား `ထိုသူသည်ရာဇဝတ် မှုကူးလွန်သူများစာရင်းတွင်ပါဝင်ရ၏' ဟူ သောကျမ်းစကားအတိုင်းငါ၌ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော်ငါ၏အကြောင်းရေး သားထားသည့်ကျမ်းစကားအရဖြစ်ပျက် လျက်ရှိနေသောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
38
တပည့်တော်တို့က ``အရှင်၊ ကြည့်တော်မူပါ။ ဤ မှာဋ္ဌားနှစ်လက်ရှိပါ၏'' ဟုလျှောက်ကြ၏။ ကိုယ်တော်က ``တော်လောက်ပြီ'' ဟုမိန့်တော်မူ၏။
39
ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။-
40
ထိုအရပ်သို့ရောက်တော်မူလျှင်ကိုယ်တော် က ``သင်တို့သည်စုံစမ်းသွေးဆောင်ရာသို့ မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
41
ထိုနောက်တပည့်တော်တို့နှင့်ခဲတစ်ပစ်ခန့် ကွာသောအရပ်သို့ကြွတော်မူ၍ဒူးထောက် လျက်၊-
42
``အို အဖ၊ အလိုတော်ရှိလျှင်ဤဒုက္ခဝေဒနာ ခွက်ကိုဖယ်ရှားတော်မူပါ။ သို့ရာတွင်အကျွန်ုပ် ၏အလိုအတိုင်းမဟုတ်၊ ကိုယ်တော်ရှင်၏အလို တော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆု တောင်းတော်မူ၏။-
43
ကောင်းကင်ဘုံမှကောင်းကင်တမန်တစ်ပါး သည်လာ၍ကိုယ်တော်ကိုအားပေးလေ၏။-
44
ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
45
ကိုယ်တော်သည်ဆုတောင်းရာမှထ၍တပည့် တော်များရှိရာသို့ပြန်ကြွတော်မူသောအခါ သူတို့သည်ဝမ်းနည်းမောပန်းလျက်အိပ်ပျော် နေကြသည်ကိုမြင်တော်မူ၏။-
46
ကိုယ်တော်က ``သင်တို့အဘယ်ကြောင့်အိပ်နေ ကြသနည်း။ ထကြလော့။ စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်ဆုတောင်းကြလော့'' ဟု မိန့်တော်မူ၏။
47
ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
48
သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။
49
တပည့်တော်တို့သည်အခြေအနေကိုမှန်းဆ မိကြသောအခါကိုယ်တော်အား ``အရှင်၊ အကျွန်ုပ် တို့သည်ဋ္ဌားဖြင့်ခုတ်ရမည်လော'' ဟုမေးလျှောက် ကြ၏။-
50
တပည့်တော်တစ်ယောက်သည်ယဇ်ပုရောဟိတ် မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုသူ ၏လက်ယာနားရွက်ပြတ်လေ၏။
51
ထိုအခါသခင်ယေရှုက ``တော်ပြီ'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ထိုသူ၏နားရွက်ကိုလက် တော်ဖြင့်တို့ထိတော်မူ၍အနာကိုပျောက်စေ တော်မူ၏။
52
ထိုနောက်သခင်ယေရှုကမိမိအားဖမ်းဆီးရန် ရောက်ရှိလာကြသည့်ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်အစောင့်တပ်မှူးများနှင့်ဘာသာရေး ခေါင်းဆောင်များအား ``သင်တို့သည်ဋ္ဌားပြကိုဖမ်း သကဲ့သို့ငါ့ကိုဖမ်းရန်ဋ္ဌားများ၊ တုတ်များနှင့် လာကြသလော။-
53
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
54
ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-
55
လူအချို့တို့သည်အိမ်တော်ဝင်းအလယ်တွင် မီးဖို၍ထိုင်နေကြ၏။ ပေတရုသည် သူတို့ ၏ကြားတွင်ဝင်၍ထိုင်၏။-
56
ထိုသို့ပေတရုထိုင်နေသည်ကိုအစေခံမ ကလေးတစ်ယောက်မြင်သဖြင့်ပေတရုအား စိုက်ကြည့်ပြီးလျှင် ``ဤသူသည်ယေရှုနှင့် အပေါင်းအပါဖြစ်၏'' ဟုဆို၏။
57
သို့ရာတွင်ပေတရုက ``အချင်းအမျိုးသမီး၊ ထိုသူကိုငါမသိ'' ဟုငြင်းဆိုလေ၏။
58
ထိုနောက်ခဏမျှကြာသော်လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် ``သင်သည်လည်းထိုသူ လူစုတွင်အပါအဝင်ဖြစ်၏'' ဟုဆို၏။ သို့ရာတွင်ပေတရုက ``အချင်းလူ၊ ထိုလူစု တွင်ငါမပါ'' ဟုဆို၏။
59
ထိုနောက်တစ်နာရီခန့်ကြာသောအခါအခြား လူတစ်ယောက်က ``ဤသူသည်ဂါလိလဲပြည် သားဖြစ်သဖြင့်ယေရှုနှင့်အပေါင်းအပါဖြစ် သည်ကိုယုံမှားစရာမရှိ'' ဟုအခိုင်အမာဆို၏။
60
သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။-
61
အရှင်ဘုရားသည်လှည့်၍ပေတရုကိုကြည့် တော်မူ၏။ ထိုအခါပေတရုသည် ``ယနေ့ည ကြက်မတွန်မီသင်သည် ငါ့ကိုမသိဟုသုံးကြိမ် မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟူသောသခင် ဘုရား၏စကားတော်ကိုပြန်၍သတိရ၏။-
62
သို့ဖြစ်၍အပြင်သို့ထွက်ပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးလေ၏။
63
သခင်ယေရှုကိုစောင့်ကြပ်နေသူတို့က ကိုယ်တော်အားပြောင်လှောင်ရိုက်ပုတ်ကြ၏။-
64
မျက်နှာတော်ကိုဖုံးပြီးလျှင် ``အရှင့်အားမည် သူရိုက်ပုတ်သည်ကိုဟောတော်မူပါ'' ဟုဆို ကြ၏။-
65
အခြားစကားများဖြင့်လည်းကိုယ်တော်ကို စော်ကားကြ၏။
66
မိုးလင်းသောအခါယုဒအမျိုးသားခေါင်း ဆောင်များဖြစ်ကြသောယဇ်ပုရောဟိတ်ကြီး များနှင့် ကျမ်းတတ်ဆရာများသည်စုဝေး ကြ၏။ ထိုနောက်ကိုယ်တော်အားမိမိတို့၏ တရားလွှတ်တော်သို့ခေါ်ဆောင်သွားကြ၏။-
67
သူတို့က ``သင်သည်မေရှိယဖြစ်ပါသလော။ ငါတို့အားပြောလော့'' ဟုဆိုကြ၏။ ကိုယ်တော်က``ငါပြောလျှင်သင်တို့ယုံကြမည် မဟုတ်။-
68
သင်တို့အားငါမေးလျှင်သင်တို့ဖြေမည်မဟုတ်။
69
ယခုမှစ၍လူသားသည်အနန္တတန်ခိုးတော် ရှင်ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူလတ္တံ့'' ဟုမိန့်တော်မူ၏။
70
ထိုသူတို့က ``သို့ဖြစ်ပါမူသင်သည်ဘုရား သခင်၏သားတော်ဖြစ်ပါသလော'' ဟုမေး ကြ၏။ ကိုယ်တော်က ``ငါသည်ဘုရားသခင် ၏သားတော်ဖြစ်သည်ဟုသင်တို့ပင်ဆိုချေ သည်'' ဟုမိန့်တော်မူ၏။
71
ထိုအခါသူတို့က ``အဘယ်သက်သေလိုသေး သနည်း။ ငါတို့ကိုယ်တိုင်ပင်သူ၏စကားကို ကြားရကြပြီ'' ဟုဆိုကြ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24