bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 8
Luke 8
Burmese (BCL) (Common Language Bible)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
1
ကာလအနည်းငယ်ကြာသော်ကိုယ်တော်သည် မြို့ရွာများကိုဖြတ်ကြွလျက် ဘုရားသခင် နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောတော်မူ၏။-
2
တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
3
ဟေရုဒ်မင်း၏အိမ်ထောင်အုပ်ချုပ်ရေးမှူးခုဇ၏ ဇနီးယောဟန္န၊ ရှုရှန္နနှင့်အခြားအမျိုးသမီး များပါ၏။ ဤအမျိုးသမီးများသည်မိမိတို့ စရိတ်ဖြင့်ကိုယ်တော်နှင့်တပည့်တော်တို့အား လုပ်ကျွေးသမှုပြုကြ၏။
4
အမြို့မြို့မှလာကြသောလူအပေါင်းတို့သည် အထံတော်တွင်စုရုံးလျက်နေကြစဉ်ကိုယ် တော်သည်ပုံဥပမာဆောင်၍၊-
5
``မျိုးကြဲသူသည်မျိုးကြဲရန်ထွက်သွား၏။ မျိုးကြဲ သောအခါအချို့မျိုးစေ့များသည်လမ်းတွင်ကျ၏။ ထိုမျိုးစေ့တို့ကိုလူများကျော်နင်း၍ငှက်များ ကောက်စားကြ၏။-
6
အချို့မျိုးစေ့များသည်ကျောက်မြေပေါ်တွင်ကျ ၏။ အပင်များပေါက်ပြီးနောက်ရေမရသဖြင့် ညှိုးနွမ်းခြောက်သွေ့ကုန်၏။-
7
အချို့မျိုးစေ့များသည်ဆူးတောတွင်ကျ၏။ ဆူးပင် များသည်အပင်ငယ်များနှင့်အတူကြီးထွားလာ ပြီးလျှင်ထိုအပင်ငယ်တို့ကိုလွှမ်းမိုးသွား၏။-
8
အချို့မျိုးစေ့များကားမြေကောင်းမြေသန့်တွင်ကျ သဖြင့်အပင်ပေါက်၍အဆတစ်ရာသီးနှံများကို ဖြစ်ပွားစေ၏'' ဟုမိန့်တော်မူ၏။ ထိုနောက် ``ကြား တတ်သောနားရှိသူတို့ကြားကြကုန်လော့'' ဟု ကြွေးကြော်တော်မူ၏။
9
တပည့်တော်တို့သည်ဤပုံဥပမာ၏အနက် အဋ္ဌိပ္ပါယ်ကိုကိုယ်တော်အားမေးလျှောက်ကြ၏။-
10
ကိုယ်တော်က ``သင်တို့သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သောနက်နဲသည့်အကြောင်း အရာများကိုသိနားလည်ရကြ၏။ အခြား သူတို့မူကားကြည့်လျက်နှင့်မမြင်၊ ကြားလျက် နှင့်နားမလည်၊ ပုံဥပမာများအားဖြင့်ဟောရ၏။
11
``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကားဤသို့ တည်း။ မျိုးစေ့သည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုဆိုလို၏။-
12
လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။-
13
ကျောက်မြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသောအခါ ဝမ်းမြောက်စွာ ယုံကြည်ခံယူသူများကိုဆိုလိုသည်။ သို့ရာတွင် သူတို့၏စိတ်နှလုံးတွင်နှုတ်ကပတ်တော်သည် အမြစ်မစွဲ။ ကာလအနည်းငယ်သာယုံကြည် လက်ခံ၏။ သို့ရာတွင်စုံစမ်းနှောင့်ယှက်ခြင်းတွေ့ သောအခါသူတို့သည်ဖောက်ပြန်သူများ ဖြစ်ကြ၏။-
14
ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-
15
မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
16
``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။
17
``ကွယ်ဝှက်ထားသောအရာဟူသမျှသည်ပေါ် လာရမည်။ ဖုံးအုပ်ထားသောအရာဟူသမျှ သည်ပေါ်လွင်ထင်ရှားလာရမည်။
18
``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
19
ကိုယ်တော်၏မယ်တော်နှင့်ညီတော်များသည် အထံတော်သို့လာကြ၏။ သို့ရာတွင်လူပရိ သတ်တိုးမပေါက်သဖြင့်ကိုယ်တော်အားတွေ့ ခွင့်မရနိုင်ကြ။-
20
လူတို့က ``မယ်တော်နှင့်ညီတော်များသည်အရှင့် ကိုတွေ့လိုသဖြင့်အပြင်တွင်စောင့်နေကြပါ သည်'' ဟုလျှောက်ကြ၏။
21
ထိုအခါကိုယ်တော်က ``ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြား၍လိုက်လျှောက်သူတို့ကား ငါ၏အမိ၊ ငါ၏ညီများပေတည်း'' ဟုမိန့်တော် မူ၏။
22
တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-
23
သို့ရွက်လွှင့်ကြစဉ်ကိုယ်တော်သည်အိပ်စက်လျက် နေတော်မူ၏။ ထိုအချိန်၌အိုင်တွင်လေမုန်တိုင်း ကျသဖြင့်လှေသည်ရေနှင့်ပြည့်လုမတတ်ရှိ လေ၏။ တပည့်တော်တို့သည်ရေနစ်မည့်ဘေးနှင့် တွေ့ကြုံရကြ၏။-
24
သူတို့သည်ကိုယ်တော်ကိုနှိုးပြီးလျှင် ``အရှင်၊ အရှင်၊ အကျွန်ုပ်တို့သေကြပါတော့မည်'' ဟု ဆိုကြ၏။ ကိုယ်တော်သည်အိပ်စက်ရာကထတော်မူ၍ လေနှင့်လှိုင်းများကိုဟန့်တားတော်မူသဖြင့် လေနှင့်လှိုင်းများသည်ငြိမ်သက်သွားလေ၏။-
25
ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်း မရှိကြသလော'' ဟုတပည့်တော်တို့အား မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများကို ပင်အမိန့်ပေး၍သူတို့သည်လိုက်နာကြပါ သည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
26
ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါရစနယ် သို့ရွက်လွှင့်ကြ၏။ ဂါရစသည်ဂါလိလဲပြည် အိုင်တစ်ဖက်ကမ်းတွင်ရှိ၏။-
27
ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
28
သခင်ယေရှုကိုမြင်လျှင်သူသည်အော်ဟစ်ပြီး လျှင်ရှေ့တော်မှာပျပ်ဝပ်လျက် ``အမြင့်မြတ်ဆုံး သောဘုရား၏သားတော်ယေရှု၊ အရှင်သည် အကျွန်ုပ်အားညှဉ်းဆဲတော်မမူပါနှင့်'' ဟု ကျယ်စွာလျှောက်ထား၏။-
29
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။
30
သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။-
31
နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
32
ထိုအချိန်၌ဝက်အုပ်ကြီးတစ်အုပ်သည်တောင်ကုန်း ပေါ်တွင်ကျက်စားလျက်ရှိ၏။ နတ်မိစ္ဆာများသည် ထိုဝက်များကိုပူးဝင်ခွင့်ပြုရန်ကိုယ်တော်အား တောင်းပန်ကြ၏။-
33
ကိုယ်တော်ခွင့်ပြုတော်မူသဖြင့်နတ်မိစ္ဆာများသည် လူမှခွာ၍ဝက်များကိုပူးဝင်ကြ၏။ ထိုအခါ ဝက်အုပ်တစ်အုပ်လုံးသည်အိုင်ကမ်းစောက်ကို တစ်ဟုန်တည်းပြေးဆင်းပြီးလျှင်ရေနစ်သေ ဆုံးကြကုန်၏။
34
ဤသို့ဖြစ်ပျက်သည့်အခြင်းအရာကိုဝက်ထိန်း တို့မြင်သောအခါထွက်ပြေးကြ၏။ သူတို့သည် မြို့နှင့်ကျေးလက်တောရွာများတွင်ထိုအဖြစ် အပျက်အကြောင်းကိုအနှံ့အပြားပြောကြား ကြ၏။-
35
လူတို့သည်ထိုအဖြစ်အပျက်ကိုကြည့်ရန်လာ ကြ၏။ သခင်ယေရှု၏ထံတော်သို့ရောက်ကြသော် နတ်မိစ္ဆာများစွန့်ခွာသွားသူသည်အဝတ်ဝတ် လျက် သခင်ယေရှု၏ခြေတော်ရင်းမှာအကောင်း ပကတိထိုင်လျက်နေသည်ကိုမြင်ကြလျှင် ကြောက်ရွံ့ကြ၏။-
36
မျက်မြင်သက်သေများကလည်းထိုသူနတ်မိစ္ဆာ ဘေးမှကင်းလွတ်လာပုံကိုလူတို့အားပြောပြ ကြ၏။-
37
ထိုအခါဂါရစနယ်ကလူအပေါင်းတို့ သည်လွန်စွာကြောက်လန့်ကြသဖြင့် မိမိတို့ အရပ်မှထွက်ခွာသွားတော်မူပါရန်ကိုယ်တော် အားတောင်းပန်ကြ၏။ သို့ဖြစ်၍ကိုယ်တော်သည် လှေပေါ်သို့တက်၍ထိုအရပ်မှထွက်ခွာတော် မူ၏။-
38
နတ်မိစ္ဆာများစွန့်ခွာသွားသူသည်မိမိအား ကိုယ်တော်နှင့်အတူလိုက်ခွင့်ပြုရန်ပန်ကြား၏။-
39
သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။
40
သခင်ယေရှုပြန်လည်ကြွလာတော်မူသောအခါ လူပရိသတ်တို့သည်ကိုယ်တော်ကိုစောင့်မျှော်နေ ကြသည့်အလျောက်ခရီးဦးကြိုပြုကြ၏။-
41
ထိုအခါယာဣရုဆိုသူသည်ထံတော်သို့ရောက် လာ၏။ သူသည်တရားဇရပ်အုပ်ချုပ်ရေးမှူးဖြစ် ၏။ ကိုယ်တော်၏ခြေတော်ရင်းမှာပျပ်ဝပ်ကာသူ ၏အိမ်သို့ကြွတော်မူရန် ကိုယ်တော်အားတောင်း ပန်၏။-
42
ဤသို့တောင်းပန်ရသည့်အကြောင်းမှာသူ၏ တစ်ဦးတည်းသောတစ်ဆယ့်နှစ်နှစ်အရွယ် သမီးသည်သေအံ့ဆဲဆဲရှိနေသောကြောင့် ဖြစ်၏။ ကိုယ်တော်သည်သူနှင့်အတူလိုက်သွားသော အခါလူအပေါင်းတို့သည်ကိုယ်တော်ကို တိုးဝှေ့မိကြ၏။-
43
အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။-
44
ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။-
45
သခင်ယေရှုက ``ငါ့ကိုအဘယ်သူတို့ထိ သနည်း'' ဟုမေးမြန်းတော်မူ၏။ လူအပေါင်း တို့ကမိမိတို့မတို့မထိရကြကြောင်းငြင်း ဆိုကြသောအခါပေတရုနှင့်အပေါင်းအဖော် များက ``အရှင်၊ လူပရိသတ်တို့သည်အရှင့်ကို တိုးဝှေ့နေကြပါ၏။ သို့ပါလျက်ငါ့ကိုအဘယ် သူတို့ထိသနည်းဟုအရှင်မိန့်တော်မူပါ သလော'' ဟုမေးလျှောက်ကြ၏။
46
သို့ရာတွင်သခင်ယေရှုက ``လူတစ်စုံတစ်ယောက် သည်အမှန်ပင်ငါ့ကိုတို့ထိလေပြီ။ ငါ၏ကိုယ်မှ တန်ခိုးထွက်သွားသည်ကိုငါသိ၏'' ဟုမိန့်တော် မူ၏။-
47
အမျိုးသမီးသည်မိမိပြုသည့်အမှုပေါ်သွား ကြောင်းသိရှိသောအခါ တုန်လှုပ်လျက်ရှေ့တော် သို့လာ၍ပျပ်ဝပ်၏။ ထိုနောက်ကိုယ်တော်အား အဘယ်ကြောင့်တို့ထိရသည့်အကြောင်းကို လည်းကောင်း၊ ချက်ချင်းပင်မိမိ၏ရောဂါ ပျောက်ကင်းသွားကြောင်းကိုလည်းကောင်းလူ အပေါင်းတို့၏ရှေ့တွင်လျှောက်၏။-
48
ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်း သည်သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာ သွားပေတော့'' ဟုမိန့်တော်မူ၏။
49
ယင်းသို့ကိုယ်တော်မိန့်တော်မူချိန်၌တရားဇရပ် အုပ်ချုပ်ရေးမှူး၏အိမ်မှလူတစ်ယောက်ရောက်လာ ၏။ ``အရှင်၏သမီးသေဆုံးပါပြီ။ အဘယ်ကြောင့် ဆရာတော်ကိုနှောင့်ယှက်ပါတော့မည်နည်း'' ဟု ပြော၏။
50
ထိုစကားကိုသခင်ယေရှုကြားတော်မူလျှင် တရားဇရပ်မှူးအား ``မစိုးရိမ်နှင့်။ သင့်မှာ ယုံကြည်ခြင်းသာရှိစေလော့။ သူငယ်မသည် ကျန်းမာလာပေအံ့'' ဟုမိန့်တော်မူ၏။
51
ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
52
သူငယ်မသေသည့်အတွက် လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းလျက်နေကြ၏။ ကိုယ်တော် က ``မငိုကြွေးကြနှင့်။ သူငယ်မသေသည် မဟုတ်၊ အိပ်လျက်နေ၏'' ဟုမိန့်တော်မူ၏။
53
ထိုအခါလူတို့သည်သူငယ်မသေဆုံးပြီး ကြောင်းကိုသိသဖြင့်ကိုယ်တော်ကိုပြောင်လှောင် ကြ၏။-
54
ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။-
55
သူငယ်မသည်အသက်ပြန်ဝင်လာ၍ချက်ချင်း ပင်ထလေ၏။ ကိုယ်တော်သည်သူငယ်မအား အစားအစာကျွေးမွေးရန်မိန့်မှာတော်မူ၏။-
56
မိဘတို့သည်များစွာအံ့သြကြ၏။ သို့ရာတွင် ကိုယ်တော်သည်ဤအဖြစ်အပျက်အကြောင်းကို မည်သူအားမျှမပြောရန်သူတို့အားပညတ် တော်မူ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
Recommended Reading
Commentary
Luke Commentaries
→
Devotional
Luke Devotional Guide
→
Get This Bible
BCL Study Bible
→