bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Luke 17
Luke 17
Burmese (BCL) (Common Language Bible)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
1
သခင်ယေရှုက ``မှောက်မှားလမ်းလွဲစေသည့် အရာများကားမုချရှိမည်။ သို့ရာတွင် မှောက်မှားလမ်းလွဲမှုကိုဖြစ်စေသောသူ သည်အမင်္ဂလာရှိ၏။-
2
ထိုသူသည်ဤသို့သောကလေးသူငယ်တစ်စုံ တစ်ယောက်ကိုမှောက်မှားလမ်းလွဲစေမည့်အစား မိမိ၏လည်တွင်ကြိတ်ဆုံကျောက်ကြီးကိုဆွဲ လျက်ပင်လယ်ထဲသို့အချခံရသော်မှသူ့ အဖို့ကောင်းသေး၏။-
3
သို့ဖြစ်၍သတိထားလျက်ပြုမူကြလော့။ ``သင်၏ညီအစ်ကိုသည်သင့်ကိုပြစ်မှားလျှင် သူအားဆုံးမလော့။ သူသည်နောင်တရလျှင် အပြစ်ဖြေလွှတ်လော့။-
4
တစ်နေ့တည်းတွင်ခုနစ်ကြိမ်တိုင်တိုင်သင့်ကို ပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင်သင့်ထံသို့ လာလျက် `အကျွန်ုပ်နောင်တရပါပြီ' ဟုဆို လျှင် သင်သည်သူ၏အပြစ်ကိုဖြေလွှတ်ရမည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
5
တမန်တော်တို့ကသခင်ဘုရားအား ``အကျွန်ုပ် ၏ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါ'' ဟု လျှောက်ထားကြ၏။
6
သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။
7
``သင်တို့တွင်အဘယ်သူသည်မိမိ၏လယ်လုပ် သားအားသော်လည်းကောင်း၊ သိုးကျောင်းသားအား သော်လည်းကောင်းလယ်ကွင်းမှပြန်လာသောအခါ `ညစာစားရန်အလျင်အမြန်လာ၍ထိုင်လော့' ဟုဆိုမည်နည်း။-
8
ထိုသို့ဆိုမည့်အစား `ငါ၏အတွက်ညစာကို ပြင်လော့။ ငါစားသောက်စဉ်ခါးကိုစည်း၍ငါ့ အားလုပ်ကျွေးလော့။ ပြီးမှသင်စားသောက်လော့' ဟူ၍သာဆိုမည်မဟုတ်လော။-
9
အစေခံသည်မိမိအရှင်စေခိုင်းသည့်အတိုင်း ဆောင်ရွက်သည့်အတွက်သူ့အားကျေးဇူးတင် စရာမရှိ။-
10
ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
11
ယေရုရှလင်မြို့သို့ခရီးပြုတော်မူစဉ်ကိုယ်တော် သည်ရှမာရိပြည်နှင့်ဂါလိလဲပြည်စပ်ကြားတွင် လျှောက်၍ကြွတော်မူ၏။-
12
ရွာတစ်ရွာသို့ဝင်တော်မူသောအခါအရေပြား ရောဂါသည်ဆယ်ယောက်တို့သည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။ ခပ်လှမ်းလှမ်းတွင်ရပ် လျက်။-
13
``သခင်ယေရှုအရှင်မြတ်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုဟစ်အော်လျှောက်ထား ကြ၏။
14
ထိုသူတို့ကိုမြင်သောအခါကိုယ်တော် က ``သင်တို့သွား၍မိမိတို့ကိုယ်ကိုယဇ် ပုရောဟိတ်များအားပြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည်ယဇ်ပုရောဟိတ်များထံသွားနေစဉ် ရောဂါသန့်စင်သွားကြကုန်၏။-
15
သူတို့အနက်လူတစ်ယောက်သည်မိမိရောဂါ ပျောက်ကင်းသွားကြောင်းကိုသိသောအခါ ဘုရားသခင်၏ဘုန်းအသရေတော်ကိုအသံ ကျယ်စွာချီးကူးလျက်ကိုယ်တော်၏ထံသို့ ပြန်လာ၏။-
16
ထိုနောက်ခြေတော်ရင်းမှာပျပ်ဝပ်လျက် ကိုယ်တော် ၏ကျေးဇူးတော်ကြီးလှကြောင်းကိုလျှောက်ထား၏။ ထိုသူကားရှမာရိအမျိုးသားဖြစ်သတည်း။-
17
သခင်ယေရှုက ``လူတစ်ကျိပ်တို့သည် အရေပြားရောဂါသန့်စင်သွားကြသည် မဟုတ်လော။ အခြားလူကိုးယောက်ကား အဘယ်မှာနည်း။-
18
ဘုရားသခင်၏ဘုန်းအသရေတော်ကိုချီးကူးရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါးပြန်လာသူ တစ်ယောက်မျှမရှိသလော'' ဟုမေးတော်မူ၏။-
19
ထိုနောက်ထိုသူအား ``သင်ထ၍သွားလော့။ သင် ၏ယုံကြည်ခြင်းသည်သင့်ရောဂါကိုပျောက်စေ ပြီ'' ဟုမိန့်တော်မူ၏။
20
ဖာရိရှဲအချို့တို့က ``ဘုရားသခင်၏နိုင်ငံ တော်သည်အဘယ်အခါ၌တည်ပါမည်နည်း'' ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံတော်တည် ခြင်းသည်မြင်သာအောင်တည်သည်မဟုတ်။-
21
`ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။
22
ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့တွေ့ မြင်လိုသောလူသား၏နေ့တစ်ရက်ရောက်ပေအံ့။ သို့ရာတွင်သင်တို့တွေ့မြင်ရလိမ့်မည်မဟုတ်။-
23
လူတို့က `လူသားသည်ဤအရပ်မှာရှိသည်။ ထိုအရပ်မှာရှိသည်' ဟုဆိုသော်လည်းသင်တို့ လိုက်၍မရှာကြနှင့်။-
24
လျှပ်စစ်ပြက်သောအခါလျှပ်စစ်ရောင်သည် မိုးကုတ်စက်ဝိုင်းတစ်ခုမှအခြားတစ်ခုသို့ တိုင်အောင် မိုးကောင်းကင်ကိုထွန်းတောက်စေ သကဲ့သို့ လူသားလောကသို့ကြွလာတော် မူသောနေ့၌ဖြစ်လိမ့်မည်။-
25
သို့ရာတွင်လူသားသည်ပြင်းပြသောဝေဒနာ ကိုလည်းကောင်း၊ ဤခေတ်လူတို့၏ပစ်ပယ် ခြင်းကိုလည်းကောင်းဦးစွာခံရလိမ့်မည်။-
26
နောဧလက်ထက်၌ဖြစ်ပျက်သကဲ့သို့လူ သားကြွလာရာကာလ၌ဖြစ်ပျက်လိမ့်မည်။-
27
သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
28
ထိုနည်းတူလောတ၏လက်ထက်၌လူတို့သည် စားသောက်ရောင်းဝယ်လျက်စိုက်ပျိုးတည်ဆောက် လျက်နေခဲ့ကြ၏။-
29
သောဒုံမြို့မှလောတထွက်ခွာသွားသောနေ့ ၌ကောင်းကင်မှမီးမိုးရွာ၍ လူခပ်သိမ်းတို့ သေကျေပျက်စီးကြကုန်၏။-
30
လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။''
31
``ထိုနေ့ရက်၌အိမ်မိုးပေါ်တွင်ရှိသောသူသည် မိမိအိမ်ထဲမှာရှိသည့်ဥစ္စာပစ္စည်းကိုယူရန် မဆင်းစေနှင့်။ ထိုနည်းတူလယ်ကွင်းသို့ရောက် နေသူသည်လည်းအိမ်ကိုမပြန်စေနှင့်။-
32
လောတ၏ဇနီးကိုသတိရကြလော့။
33
မိမိအသက်ကိုကယ်ဆယ်လိုသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကိုရှုံးစေ သောသူသည်အသက်ကိုကယ်ဆယ်လိမ့်မည်။-
34
သင်တို့အားငါဆိုသည်ကားထိုညတွင်အိပ်ရာ တစ်ခုမှာအိပ်နေသူ လူနှစ်ယောက်အနက်တစ် ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
35
ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက် အနက်တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက် ကိုထားခဲ့လတ္တံ့။-
36
လယ်ထဲတွင်ရှိသူနှစ်ယောက်အနက်တစ်ယောက် ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့'' ဟု မိန့်တော်မူ၏။
37
တပည့်တော်တို့က ``အရှင်၊ အဘယ်အရပ်တွင် ဤအရာများဖြစ်ပျက်ပါမည်နည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``အသေကောင်ရှိရာအရပ်တွင် လင်းတများစုရုံးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24