bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 10
1 Corinthians 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး
2
အားလုံးသည် မိုးတိမ်နှင့်ပင်လယ်ထဲတွင် မောရှေ၌ ဗတ္တိဇံခံခဲ့ကြ၏။
3
သူတို့အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာအစာကို စားခဲ့၍
4
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
5
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
6
ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
7
“လူတို့သည် ထိုင်၍စားသောက်ကြ၏။ နောက်တစ်ဖန် ထ၍ကခုန်မြူးထူးကြ၏” ဟု ရေးထားသည့်အတိုင်း သင်တို့သည် ထိုသူအချို့တို့ကဲ့သို့ ရုပ်တုကိုးကွယ်သူများ မဖြစ်ကြလေနှင့်။
8
သူတို့ထဲမှ အချို့တို့သည် တရားနှင့်မညီမေထုန်ပြုသကဲ့သို့ ငါတို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအမှုကို မပြုဘဲ နေကြကုန်စို့။ သူတို့သည် တရားနှင့်မညီမေထုန်ပြုသဖြင့် တစ်ရက်အတွင်း လူနှစ်သောင်းသုံးထောင်သေဆုံးခဲ့ကြ၏။
9
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
10
သူတို့ထဲမှ အချို့တို့သည် ညည်းညူသကဲ့သို့ သင်တို့သည် မညည်းညူကြနှင့်။ ထိုသို့ညည်းညူသောသူတို့သည် ဖျက်ဆီးသောတမန်အားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
11
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
12
ထို့ကြောင့် ရပ်နေသည်ဟုထင်မှတ်သောသူသည် မလဲစေရန် သတိပြုစေ။
13
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
14
ထို့ကြောင့် ငါချစ်သောသူတို့၊ ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ကြလော့။
15
သင်တို့အား ပညာသတိရှိသောသူကိုပြောသကဲ့သို့ ငါပြော၏။ ငါပြောသောအရာကို ဆင်ခြင်သုံးသပ်ကြလော့။
16
ငါတို့ကျေးဇူးတော်ချီးမွမ်းရာ မင်္ဂလာခွက်သည် ခရစ်တော်၏သွေးတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်သည် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို မျှဝေခံယူခြင်းဖြစ်သည်မဟုတ်လော။
17
မုန့်တစ်လုံးတည်းဖြစ်၍ အများဖြစ်သောငါတို့သည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြ၏။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို မျှဝေခံယူကြ၏။
18
ဇာတိအားဖြင့် အစ္စရေးလူမျိုးဖြစ်သောသူတို့ကို ကြည့်ကြလော့။ ယဇ်ကောင်တို့ကိုစားသောသူတို့သည် ယဇ်ပလ္လင်နှင့် စပ်ဆိုင်သောသူဖြစ်ကြသည်မဟုတ်လော။
19
သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည်၊ သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။
20
ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
21
သင်တို့သည် သခင်ဘုရား၏ခွက်ကိုသောက်လျှင် နတ်ဆိုးတို့၏ခွက်ကို သောက်၍မရနိုင်။ သခင်ဘုရား၏စားပွဲကို မျှဝေခံယူလျှင် နတ်ဆိုးတို့၏စားပွဲကို မျှဝေခံယူ၍မရနိုင်။
22
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
23
ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် အကျိုးရှိသည်မဟုတ်။ ခပ်သိမ်းသောအမှုကို ပြုခွင့်ရှိသည်မှန်စေတော့။ ခပ်သိမ်းသောအမှုသည် တည်ဆောက်မြှင့်တင်ပေးသည်မဟုတ်။
24
မည်သူမျှ ကိုယ်ကျိုးကိုမရှာနှင့်။ လူတိုင်း သူတစ်ပါးအကျိုးကိုရှာစေ။
25
ဈေး၌ရောင်းသမျှသောအသားကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
26
အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
27
မယုံကြည်သူတစ်စုံတစ်ယောက်က သင်တို့ကိုဖိတ်ခေါ်၍ သင်တို့သွားလိုလျှင် သင်တို့ရှေ့၌တည်ခင်းသမျှသောအရာကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
28
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
29
အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။
30
ငါသည် ကျေးဇူးတော်ချီးမွမ်းလျက်စားသုံးလျှင် ငါကျေးဇူးတော်ချီးမွမ်းသည့်အရာအတွက် အဘယ်ကြောင့် စော်ကားပြောဆိုခြင်းခံရမည်နည်း။
31
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
32
ဂျူးလူမျိုးတို့အတွက်ဖြစ်စေ၊ ဂရိလူမျိုးတို့အတွက်ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်အတွက်ဖြစ်စေ မှားယွင်းစရာအကြောင်းမဖြစ်ကြနှင့်။
33
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16