bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 15
1 Corinthians 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
ညီအစ်ကိုတို့၊ သင်တို့အား ငါဟောပြောခဲ့၍ သင်တို့လက်ခံခဲ့သည်သာမက ၎င်းအပေါ်၌ သင်တို့ရပ်တည်ခဲ့သည့် ကောင်းမြတ်သောသတင်းကို သင်တို့အား တစ်ဖန် ငါသိစေအပ်ပါ၏။
2
သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
3
အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊
4
ထို့နောက် သင်္ဂြိုဟ်ခြင်းကိုခံတော်မူပြီး ကျမ်းစာနှင့်အညီ သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူခဲ့ကြောင်းနှင့်
5
ကေဖထံ ထင်ရှားပြတော်မူပြီးနောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထံ ထင်ရှားပြတော်မူခဲ့ကြောင်းတို့ဖြစ်၏။
6
ထို့နောက် ကိုယ်တော်သည် ညီအစ်ကိုငါးရာကျော်တို့ထံ တစ်ပြိုင်တည်းမှာပင် ထင်ရှားပြတော်မူ၏။ ထိုသူတို့ထဲမှ အချို့တို့သည် အိပ်ပျော်ကြပြီဖြစ်သော်လည်း အများစုတို့သည် ယခုတိုင်အောင် အသက်ရှင်လျက်ရှိသေး၏။
7
ထို့နောက် ကိုယ်တော်သည် ယာကုပ်ထံ ထင်ရှားပြတော်မူပြီး တမန်တော်အားလုံးတို့ထံ ထင်ရှားပြတော်မူ၏။
8
နောက်ဆုံးတွင် အချိန်မတော်မတန်မွေးလာသောသူနှင့်တူသည့် ငါ့ထံလည်း ထင်ရှားပြတော်မူ၏။
9
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
10
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
11
ထို့ကြောင့် ငါဖြစ်စေ၊ ထိုသူတို့ဖြစ်စေ ထိုသို့ဟောပြောကြ၏။ သင်တို့သည်လည်း ထိုသို့ယုံကြည်ကြ၏။
12
ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီဟု ဟောပြောနေကြသည်မှန်လျှင် သင်တို့ထဲမှ အချို့တို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။
13
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
14
ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် ငါတို့၏ဟောပြောခြင်းသည် အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်၏။
15
ထိုမျှမက ငါတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မမှန်သောသက်သေထွက်ဆိုသောသူများ ဖြစ်သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့ကို ထမြောက်စေတော်မမူလျှင် ဘုရားသခင်ထမြောက်စေတော်မမူသောခရစ်တော်ကို ဘုရားသခင်ထမြောက်စေတော်မူပြီဟု ငါတို့သက်သေခံနေကြသောကြောင့်ဖြစ်၏။
16
အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည်လည်း ထမြောက်တော်မူခဲ့မည်မဟုတ်။
17
ခရစ်တော်သည် ထမြောက်တော်မမူခဲ့လျှင် သင်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်၍ သင်တို့သည် မိမိတို့အပြစ်များထဲ၌ရှိနေကြသေး၏။
18
သို့ဖြစ်လျှင် ခရစ်တော်၌ အိပ်ပျော်သောသူတို့သည်လည်း ပျက်စီးကြလေပြီ။
19
ငါတို့သည် ခရစ်တော်၌ ယခုဘဝအတွက်သာ မျှော်လင့်စရာရှိခဲ့လျှင် လူအပေါင်းတို့ထက် ပို၍သနားစရာကောင်းသောသူဖြစ်ပေလိမ့်မည်။
20
ယခုမူကား ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အသီးဦးဖြစ်တော်မူပြီ။
21
အဘယ်ကြောင့်ဆိုသော် သေခြင်းသည် လူတစ်ဦးအားဖြင့် ဖြစ်လာသကဲ့သို့ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း လူတစ်ဦးအားဖြင့် ဖြစ်လာ၏။
22
အကြောင်းမူကား လူအပေါင်းတို့သည် အာဒံအားဖြင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်စေခြင်းကိုခံကြရလိမ့်မည်။
23
သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
24
ထို့နောက် အဆုံးသည်ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်သည် အုပ်ချုပ်မှုရှိသမျှ၊ တန်ခိုးနှင့်အာဏာစက်ရှိသမျှတို့ကိုဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ အပ်နှံတော်မူလိမ့်မည်။
25
အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
26
ဖျက်ဆီးခြင်းခံရမည့် နောက်ဆုံးရန်သူမှာ သေခြင်းဖြစ်၏။
27
အကြောင်းမူကား “ဘုရားသခင်သည် အရာခပ်သိမ်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထား၍ နာခံစေတော်မူ၏။” အရာခပ်သိမ်းတို့ကို နာခံစေတော်မူ၏ဟု ဆိုရာတွင် အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအရှင်သည် ထိုအရာများထဲ၌မပါကြောင်း ထင်ရှား၏။
28
အရာခပ်သိမ်းတို့ကို ကိုယ်တော်အား နာခံစေတော်မူသောအခါ သားတော်ကိုယ်တိုင်သည်လည်း အရာခပ်သိမ်းတို့ကို မိမိအားနာခံစေတော်မူသောအရှင်ကို နာခံတော်မူလိမ့်မည်။ ဤသည်ကား ဘုရားသခင်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူမည့်အကြောင်းတည်း။
29
သို့ဖြစ်လျှင် သေလွန်သောသူတို့၏ကိုယ်စား ဗတ္တိဇံခံသောသူတို့သည် အဘယ်ကြောင့် ထိုသို့ပြုရကြသနည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းအလျှင်းမရှိလျှင် အဘယ်ကြောင့် သူတို့ကိုယ်စား ဗတ္တိဇံခံစရာရှိသနည်း။
30
ငါတို့သည်လည်း အဘယ်ကြောင့် အန္တရာယ်နှင့် အစဉ်အမြဲရင်ဆိုင်နေရသနည်း။
31
ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။
32
ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေကြရမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။
33
အယူမလွဲကြနှင့်။ မကောင်းသောအပေါင်းအဖော်တို့သည် ကောင်းသောအကျင့်စာရိတ္တကို ပျက်စီးစေကြ၏။
34
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
35
သို့သော် လူအချို့တို့က “သေလွန်သောသူတို့သည် မည်သို့ထမြောက်ကြမည်နည်း။ မည်သို့သောကိုယ်ခန္ဓာဖြင့် ပေါ်လာကြမည်နည်း”ဟု မေးမြန်းကြလိမ့်မည်။
36
အချင်းလူမိုက်၊ သင်စိုက်ပျိုးသောအရာသည် မပျက်လျှင် ရှင်သန်လာမည်မဟုတ်။
37
သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ၊ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။
38
သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
39
အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
40
ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။
41
နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။
42
သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည်လည်း ထိုနည်းတူဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
43
အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။
44
ဇာတိကိုယ်ခန္ဓာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဝိညာဉ်ကိုယ်ခန္ဓာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ ဇာတိကိုယ်ခန္ဓာရှိလျှင် ဝိညာဉ်ကိုယ်ခန္ဓာလည်းရှိ၏။
45
ထို့ကြောင့် ကျမ်းစာ၌ “ပထမလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးထား၏။ နောက်ဆုံးအာဒံသည် အသက်ကိုရရှိစေသောဝိညာဉ်ဖြစ်၏။
46
သို့သော် ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဦးစွာဖြစ်သည်မဟုတ်။ ဇာတိနှင့်ဆိုင်သောအရာဖြစ်ပြီးမှ ဝိညာဉ်နှင့်ဆိုင်သောအရာသည် ဖြစ်ပေါ်လာ၏။
47
ပထမလူသည် မြေကြီးမှဖြစ်၍ မြေမှုန့်နှင့်ဆိုင်၏။ ဒုတိယလူသည် ကောင်းကင်မှဖြစ်၏။
48
မြေမှုန့်နှင့်ဆိုင်သောသူသည် မြေမှုန့်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။ ကောင်းကင်နှင့်ဆိုင်သောသူမူကား ကောင်းကင်နှင့်ဆိုင်သောသူကဲ့သို့ဖြစ်၏။
49
ငါတို့သည် မြေမှုန့်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုဆောင်သကဲ့သို့ ကောင်းကင်နှင့်ဆိုင်သောသူ၏ပုံသဏ္ဌာန်ကိုလည်း ဆောင်ရကြလိမ့်မည်။
50
ညီအစ်ကိုတို့၊ ငါဆိုသည်ကား အသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံ၍မရနိုင်။ ဖောက်ပြန်ပျက်စီးတတ်သောအရာသည်လည်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို အမွေဆက်ခံ၍မရနိုင်။
51
နားထောင်ကြလော့။ ငါသည် သင်တို့အား လျှို့ဝှက်နက်နဲသောအရာကို ပြောဦးမည်။ ငါတို့အားလုံးသည် အိပ်ပျော်ကြရမည်မဟုတ်။
52
သို့သော် နောက်ဆုံးသောတံပိုးခရာမှုတ်ချိန်၌ မျက်စိတစ်မှိတ်အတွင်း တစ်ခဏချင်းတွင် ငါတို့အားလုံးသည် ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။ အကြောင်းမူကား တံပိုးခရာမှုတ်သောအခါ သေလွန်သောသူတို့သည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရကြလိမ့်မည်။ ငါတို့သည်လည်း ပြောင်းလဲခြင်းသို့ရောက်ရကြလိမ့်မည်။
53
အဘယ်ကြောင့်ဆိုသော် ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၏။
54
ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကိုဝတ်ဆင်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်သောအခါ “သေခြင်းသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ”ဟု ရေးထားသော ကျမ်းစကားပြည့်စုံလိမ့်မည်။
55
“အို သေခြင်း၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာရှိသနည်း။ အို သေခြင်း၊ သင်၏အဆိပ်ဆူးသည် အဘယ်မှာရှိသနည်း။”
56
သေခြင်း၏အဆိပ်ဆူးသည် အပြစ်ဖြစ်၍ အပြစ်၏တန်ခိုးသည် ပညတ်တရားဖြစ်၏။
57
သို့သော် ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ငါတို့အား အောင်မြင်ခြင်းကိုပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။
58
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16