bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 12
1 Corinthians 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။
2
သင်တို့သည် ဘာသာခြားဖြစ်ကြစဉ်က စကားမပြောနိုင်သောရုပ်တုများထံသို့ တစ်နည်းနည်းဖြင့် ခေါ်ဆောင်သွားခြင်းခံရ၍ လမ်းလွဲခဲ့ကြသည်ကို သင်တို့သိကြ၏။
3
ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။
4
ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။
5
အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။
6
လုပ်ဆောင်ချက်အမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ခပ်သိမ်းသောအမှုကိုပြုတော်မူသောဘုရားသခင်သည် တစ်ပါးတည်းရှိ၏။
7
သို့သော် အများကောင်းကျိုးအတွက် တစ်ဦးစီ၌ ဝိညာဉ်တော်၏ထင်ရှားခြင်းအခွင့်ကိုပေးတော်မူ၏။
8
အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊
9
ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား ယုံကြည်ခြင်းကိုလည်းကောင်း၊ ထိုဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် အခြားတစ်ဦးအား အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုလည်းကောင်း၊
10
အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။
11
ထိုဝိညာဉ်တော်တစ်ပါးတည်းသည် ဤအမှုအရာအလုံးစုံတို့ကို လုပ်ဆောင်တော်မူ၍ အလိုတော်ရှိသည့်အတိုင်း ထိုဆုကျေးဇူးများကို တစ်ဦးစီအား အသီးသီးခွဲဝေပေးတော်မူ၏။
12
ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
13
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
14
ကိုယ်ခန္ဓာ၌ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာရှိသည်မဟုတ်ဘဲ များစွာရှိ၏။
15
ခြေက “ငါသည် လက်မဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
16
နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
17
ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိဖြစ်လျှင် မည်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားဖြစ်လျှင် မည်သို့အနံ့ရနိုင်မည်နည်း။
18
သို့ရာတွင် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအင်္ဂါအစိတ်အပိုင်းများကို ကိုယ်ခန္ဓာ၌ အသီးသီးပြင်ဆင်ပေးတော်မူ၏။
19
အားလုံးသည် အင်္ဂါအစိတ်အပိုင်းတစ်မျိုးတည်းဖြစ်ခဲ့လျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။
20
ယခုမူကား အင်္ဂါအစိတ်အပိုင်းသည် များစွာရှိသော်လည်း ကိုယ်ခန္ဓာသည် တစ်ခုတည်းရှိ၏။
21
မျက်စိက လက်အား “သင့်ကို ငါအလိုမရှိ”ဟု ပြော၍မရသကဲ့သို့ ဦးခေါင်းကလည်း ခြေတို့အား “သင်တို့ကို ငါအလိုမရှိ”ဟု ပြော၍မရပေ။
22
ထိုမျှမက ကိုယ်ခန္ဓာ၌ ပို၍အားနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့သည် ပို၍ပင်လိုအပ်သော အင်္ဂါများဖြစ်ကြ၏။
23
ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။
24
အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
25
ဤသည်ကား ကိုယ်ခန္ဓာ၌ ကွဲပြားမှုမရှိဘဲ အင်္ဂါအစိတ်အပိုင်းများသည် အချင်းချင်းဂရုစိုက်ကြစေရန်အတွက်ဖြစ်၏။
26
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
27
သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
28
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
29
အားလုံးသည် တမန်တော်ဖြစ်သလော။ အားလုံးသည် ပရောဖက်ဖြစ်သလော။ အားလုံးသည် ဆရာဖြစ်သလော။ အားလုံးသည် တန်ခိုးလက္ခဏာပြုသောသူဖြစ်သလော။
30
အားလုံးသည် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးကိုရရှိသလော။ အားလုံးသည် အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသလော။ အားလုံးသည် ၎င်း၏အနက်ကိုဖွင့်နိုင်သလော။
31
သင်တို့မူကား ပို၍မြတ်သောဆုကျေးဇူးတို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့။ ငါသည် သင်တို့အား သာ၍ထူးမြတ်သောလမ်းကို ပြဦးမည်။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16