bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 11
1 Corinthians 11
Burmese MSBU
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ငါသည် ခရစ်တော်ကိုအတုယူသူဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါ့ကိုအတုယူသူများဖြစ်ကြလော့။
2
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
3
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
4
ဦးခေါင်းကိုဖုံးလျက် ဆုတောင်းခြင်း၊ သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကိုပြုသောယောက်ျားတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။
5
သို့သော် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း၊ သို့မဟုတ် ပရောဖက်ပြုဟောပြောခြင်းအမှုကို ပြုသောမိန်းမတိုင်းသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချ၏။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ခေါင်းတုံးရိတ်ထားသည်နှင့်တူ၏။
6
ထို့ကြောင့် မိန်းမသည် မိမိဦးခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်ပါစေ။ သို့သော် ဆံပင်ဖြတ်ခြင်း၊ သို့မဟုတ် ခေါင်းတုံးရိတ်ခြင်းသည် မိန်းမအတွက်ရှက်ဖွယ်ဖြစ်လျှင် ဦးခေါင်းကိုဖုံးထားပါစေ။
7
ယောက်ျားသည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့် ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိဦးခေါင်းကိုမဖုံးသင့်ပေ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
8
အကြောင်းမူကား ယောက်ျားသည် မိန်းမထံမှဖြစ်လာသည်မဟုတ်။ မိန်းမသည် ယောက်ျားထံမှဖြစ်လာ၏။
9
ထို့အတူ ယောက်ျားကို မိန်းမအတွက်ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားအတွက်ဖန်ဆင်းတော်မူ၏။
10
ထို့ကြောင့် မိန်းမသည် ကောင်းကင်တမန်တို့ကိုထောက်၍ အခွင့်အာဏာ၏လက္ခဏာကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။
11
သို့သော် သခင်ဘုရား၌ မိန်းမသည် ယောက်ျားမပါဘဲဖြစ်သည်မဟုတ်။ ယောက်ျားသည်လည်း မိန်းမမပါဘဲဖြစ်သည်မဟုတ်။
12
အကြောင်းမူကား မိန်းမသည် ယောက်ျားထံမှဖြစ်လာသကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်မွေးဖွားလာ၏။ သို့သော် အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံမှဖြစ်၏။
13
မိန်းမသည် ဦးခေါင်းမဖုံးဘဲ ဘုရားသခင်ထံဆုတောင်းခြင်းသည် သင့်လျော်မှုရှိ၊ မရှိ သင်တို့ကိုယ်တိုင်ဆင်ခြင်သုံးသပ်ကြလော့။
14
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။
15
မိန်းမမူကား ဆံပင်ရှည်ထားလျှင် သူ့အတွက်ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား ဆံပင်ကို ခြုံစရာအဖြစ် သူ့အားပေးထားခြင်းဖြစ်၏။
16
သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။
17
သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။
18
ပထမအနေဖြင့် သင်တို့သည် အသင်းတော်၌စုဝေးကြသောအခါ သင်တို့တွင် ကွဲပြားမှုများရှိသည်ဟု ငါကြားရ၍ ၎င်းကို တစ်စိတ်တစ်ဒေသ ငါယုံ၏။
19
အမှန်စင်စစ် သင်တို့ထဲ၌ ယုံကြည်စိတ်ချရသူများ သိသာထင်ရှားလာမည့်အကြောင်း သင်တို့တွင် ဂိုဏ်းကွဲခြင်းရှိရန်လိုအပ်ပေ၏။
20
သို့ဖြစ်၍ သင်တို့သည် အတူတကွစုဝေးကြသောအခါ သခင်ဘုရား၏ပွဲတော်ကိုစားသောက်ရန် စုဝေးကြသည်မဟုတ်။
21
အကြောင်းမူကား စားသောက်ကြရာတွင် အသီးသီးတို့သည် သူတစ်ပါးကိုမစောင့်ဘဲ မိမိညစာကို စားကြသောကြောင့် မူးသူကမူး၊ ဆာသူကဆာ ဖြစ်နေကြ၏။
22
သင်တို့၌ စားသောက်ရန် အိမ်မရှိသလော။ သို့မဟုတ် သင်တို့သည် ဘုရားသခင်၏အသင်းတော်ကို မထီမဲ့မြင်ပြု၍ မရှိဆင်းရဲသားတို့ကို အရှက်ခွဲကြသလော။ ငါသည် သင်တို့ကို မည်သို့ပြောရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤအမှု၌ ငါမချီးမွမ်းနိုင်။
23
အကြောင်းမူကား သခင်ဘုရားထံမှ ငါခံယူရရှိသောအရာကို သင်တို့အား ငါပေးအပ်၏။ ထိုအရာမှာ သခင်ယေရှုသည် အပ်နှံခြင်းခံရသောည၌ မုန့်ကိုယူ၍
24
ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ “ဤမုန့်ကား သင်တို့အတွက်ချိုးဖဲ့သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
25
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ “ဤခွက်ကား ငါ၏သွေး၌တည်သော ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါတိုင်း ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။
26
ထို့ကြောင့် သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သခင်ဘုရား၏အသေခံတော်မူခြင်းကို ကိုယ်တော်ကြွလာတော်မူသည်အထိ ကြေညာကြ၏။
27
သို့ဖြစ်၍ သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။
28
ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
29
အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။
30
ဤအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့်မကျန်းမာသောသူ များစွာရှိ၍ အိပ်ပျော်သောသူလည်း အများအပြားရှိကြ၏။
31
သို့သော် ငါတို့သည် မိမိတို့ကိုယ်ကိုပိုင်းခြား၍သိလျှင် စီရင်ခြင်းခံရမည်မဟုတ်။
32
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
33
ထို့ကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားသောက်ရန်စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ဆိုင်းကြလော့။
34
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16