bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 3
1 Corinthians 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
သို့သော် ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ဝိညာဉ်သဘောရှိသောသူများကဲ့သို့ ဟောပြော၍မရဘဲ သွေးသားဇာတိ၌ရှိသောသူများကဲ့သို့လည်းကောင်း၊ ခရစ်တော်၌ ကလေးသူငယ်များကဲ့သို့လည်းကောင်း ဟောပြောရ၏။
2
သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် ၎င်းကိုမကျွေးဘဲ နို့ကိုသာ ငါတိုက်ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။
3
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
4
အကြောင်းမူကား တစ်ဦးက “ငါသည် ပေါလုတပည့်ဖြစ်သည်”ဟု ပြောလျက် အခြားတစ်ဦးက “ငါသည် အာပေါလုတပည့်ဖြစ်သည်”ဟု ပြောနေကြလျှင် သင်တို့သည် သာမန်လူသားများပင် ဖြစ်ကြသည်မဟုတ်လော။
5
သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
6
ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
7
ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။
8
စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။
9
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
10
ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။
11
အကြောင်းမူကား ယေရှုခရစ်တော်တည်းဟူသော ချထားပြီးဖြစ်သည့်အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူမျှမချနိုင်။
12
တစ်စုံတစ်ဦးသည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် တည်ဆောက်လျှင်
13
ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။
14
တစ်စုံတစ်ဦးတည်ဆောက်ပြုလုပ်သောအရာသည် တည်မြဲလျှင် ထိုသူသည် ဆုလာဘ်ကိုရရှိလိမ့်မည်။
15
တစ်စုံတစ်ဦးပြုလုပ်သောအရာသည် လောင်ကျွမ်းသွားပါက ထိုသူသည် ဆုံးရှုံးမှုကိုခံစားရလိမ့်မည်။ သို့သော် သူကိုယ်တိုင်မူကား မီးထဲမှလွတ်သောသူကဲ့သို့ ကယ်တင်ခြင်းခံရလိမ့်မည်။
16
သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
17
မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။
18
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
19
အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏” ဟု ကျမ်းစာ၌ရေးထား၏။
20
တစ်ဖန် “ပညာရှိတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏” ဟု ရေးထား၏။
21
သို့ဖြစ်၍ မည်သူမျှ လူတို့အကြောင်းကိုမဝါကြွားနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာတို့ကို သင်တို့ပိုင်ဆိုင်၏။
22
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။
23
သင်တို့ကိုမူကား ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16