bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Corinthians 9
1 Corinthians 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။
2
အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။
3
ငါ့ကိုစစ်ဆေးစီရင်သောသူတို့အား ဤသို့ ငါဖြေရှင်းပြောဆို၏။
4
ငါတို့တွင် စားသောက်ရသောအခွင့်မရှိသလော။
5
ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။
6
သို့မဟုတ် ငါနှင့်ဗာနဗ၌သာ အလုပ်မလုပ်ဘဲနေရသောအခွင့်မရှိသလော။
7
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းဖူးသနည်း။ မည်သူသည် စပျစ်ခြံကိုစိုက်ပျိုးပြီး ၎င်း၏အသီးကို မစားဘဲနေသနည်း။ သို့မဟုတ် မည်သူသည် သိုးအုပ်ကိုထိန်းကျောင်းပြီး သိုးတို့၏နို့ကို မသောက်ဘဲနေသနည်း။
8
ငါသည် ဤအရာများကို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားသည်လည်း ထိုသို့ဆိုထားသည်မဟုတ်လော။
9
အကြောင်းမူကား မောရှေ၏ပညတ်တရားကျမ်း၌ “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ” ဟု ရေးထား၏။ ဘုရားသခင်သည် နွားတို့ကို ဂရုစိုက်တော်မူသလော၊
10
သို့မဟုတ် ငါတို့အတွက်သာမိန့်တော်မူသလော။ အမှန်ပင် ငါတို့အတွက်ရေးထားခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လယ်ထွန်သောသူသည် မျှော်လင့်လျက်ထွန်ယက်သင့်သည်ဖြစ်၍ စပါးနယ်သောသူသည်လည်း မျှဝေခံစားခွင့်ကိုမျှော်လင့်လျက် စပါးနယ်သင့်၏။
11
ငါတို့သည် ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို သင်တို့၌စိုက်ပျိုးခဲ့သည်ဆိုလျှင် သင်တို့ထံမှ ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများကို ရိတ်သိမ်းကြခြင်းသည် လွန်ရာကျသလော။
12
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
13
ဗိမာန်တော်အမှုကိစ္စများကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်မှရရှိသောအရာများကို စားသောက်ကြ၍ ယဇ်ပလ္လင်၌အမှုထမ်းသောသူတို့သည် ယဇ်ပလ္လင်နှင့်ဆိုင်သောပူဇော်သက္ကာများကို မျှဝေခံစားခွင့်ရှိကြောင်း သင်တို့မသိကြသလော။
14
ထိုနည်းတူ ကောင်းမြတ်သောသတင်းကို ဟောပြောသောသူတို့သည်လည်း ကောင်းမြတ်သောသတင်းအားဖြင့် အသက်မွေးကြရန် သခင်ဘုရားမိန့်မှာတော်မူခဲ့၏။
15
သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
16
ငါသည် ကောင်းမြတ်သောသတင်းကိုဟောပြောလျှင်လည်း ငါ့အတွက် ဂုဏ်ယူဝါကြွားစရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ငါ၌မဖြစ်မနေဟောပြောရမည့်တာဝန်ရှိ၏။ ကောင်းမြတ်သောသတင်းကို ငါမဟောပြောဘဲနေလျှင် ငါ့အတွက် အမင်္ဂလာဖြစ်၏။
17
ထိုအမှုကို ငါ၏ဆန္ဒအလျောက်ဆောင်ရွက်လျှင် ငါ့အတွက် ဆုလာဘ်ရှိ၏။ သို့သော် ငါ၏ဆန္ဒအလျောက်မဟုတ်လျှင်လည်း ဤစီမံခန့်ခွဲမှုကို ငါ၌ယုံကြည်အပ်နှံထားပြီဖြစ်၏။
18
သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။
19
ငါသည် လူအပေါင်းတို့ရှေ့၌ လွတ်လပ်သူဖြစ်သော်လည်း ပို၍များသောသူတို့ကိုရရှိနိုင်ရန် လူအပေါင်းတို့ထံ၌ ကိုယ်တိုင်ကျွန်ခံ၏။
20
ဂျူးလူမျိုးတို့ကိုရရှိနိုင်ရန် ဂျူးလူမျိုးတို့တွင် ဂျူးလူမျိုးကဲ့သို့ဖြစ်၏။ ငါကိုယ်တိုင် ပညတ်တရားအောက်၌မရှိသော်လည်း ပညတ်တရားအောက်၌ရှိသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားအောက်၌ရှိသောသူတို့အတွက် ပညတ်တရားအောက်၌ရှိသောသူကဲ့သို့ဖြစ်၏။
21
ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။
22
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
23
ငါသည် ကောင်းမြတ်သောသတင်း၏အကျိုးကျေးဇူးကို မျှဝေခံစားသူဖြစ်ရန် အမှုခပ်သိမ်းတို့ကို ထိုသတင်းအတွက် ဆောင်ရွက်၏။
24
အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။
25
ပြိုင်ပွဲဝင်သောသူတိုင်းသည် အရာရာ၌ မိမိကိုယ်ကိုချုပ်တည်းတတ်၏။ သူတို့သည် ယိုယွင်းပျက်စီးတတ်သော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ ငါတို့မူကား ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။
26
ထို့ကြောင့် ငါပြေးသောအခါ ဦးတည်ရာမဲ့ပြေးသောသူကဲ့သို့ ပြေးသည်မဟုတ်။ လက်ဝှေ့ထိုးသောအခါလည်း လေကိုထိုးသောသူကဲ့သို့ ထိုးသည်မဟုတ်။
27
သူတစ်ပါးကို သွန်သင်ပြီးမှ ငါကိုယ်တိုင်ကျရှုံးသောသူ မဖြစ်စေရန် ငါသည် မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ နာခံစေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16