bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 16
Ezekiel 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 17 →
1
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
2
“အချင်းလူသား၊ ဂျေရုဆလင်မြို့အား မိမိ၏စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သိစေလော့။
3
ဘုရားရှင်ထာဝရဘုရားက ဂျေရုဆလင်မြို့အား ဤသို့မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့။ ‘သင့်မွေးရပ်ဇာတိမှာ ခါနာန်ပြည်ဖြစ်၍ သင့်ဖခင်သည် အာမောရိလူမျိုး၊ သင့်မိခင်သည် ဟိတ္တိလူမျိုးဖြစ်၏။
4
သင်မွေးဖွားခြင်းအကြောင်းကိုဆိုရလျှင် သင်မွေးသောနေ့၌ သင့်ကို ချက်ကြိုးမဖြတ်ပေး၊ ရေချိုးသန့်စင်မပေး၊ ဆားမလူးပေး၊ အနှီးဖြင့် မပတ်ရစ်ပေး။
5
သင့်ကိုသနား၍ ထိုသို့ပြုပေးမည့်သူ တစ်ယောက်မျှမရှိ။ သင့်အပေါ်မေတ္တာကင်းမဲ့၍ သင်မွေးဖွားသောနေ့၌ပင် သင့်ကိုစက်ဆုပ်ရွံရှာသဖြင့် လယ်ကွင်းပြင်တွင် ပစ်ထား၏။
6
ငါသည် သင့်အနားမှဖြတ်သွားသောအခါ သွေးအလူးလူးဖြင့်ကန်ကျောက်နေသောသင့်ကိုမြင်၍ အသက်ရှင်ပါဟု သင့်အား ငါဆို၏။ သွေးလူးနေသောသင့်ကို အသက်ရှင်ပါဟု ငါအားပေးခဲ့၏။
7
သင့်ကို တောထဲမှအပင်ကဲ့သို့ ကြီးထွားစေ၏။ သင်သည် ကြီးထွားဖွံ့ဖြိုးလာပြီး လှပသောအဆင်တန်ဆာ ဖြစ်လာ၏။ ရင်သားစူလာ၏။ ဆံပင်ရှည်လာ၏။ သို့သော် အဝတ်မပါအချည်းစည်း ဖြစ်နေ၏။
8
သင့်အနားမှဖြတ်သွား၍ကြည့်သော် သင်သည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်လေပြီ။ ထို့ကြောင့် အဝတ်မပါအချည်းစည်းဖြစ်နေသောသင့်ကို ငါ့ဝတ်လုံစွန်းဖြင့် ဖုံးအုပ်ပေး၏။ သင်နှင့်သစ္စာဆို၍ ပဋိညာဉ်ဖွဲ့၏။ ထို့ကြောင့် သင့်ကို ငါပိုင်ဆိုင်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
9
‘သွေးဖြင့်ပေကျံနေသောသင့်ကို ရေဖြင့်ဆေးကြောပေး၏။ ဆီလိမ်းပေး၏။
10
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
11
သင့်ကို လက်ဝတ်ရတနာများ ဆင်ယင်ပေး၏။ သင့်လက်၌ လက်ကောက်ဝတ်ပေး၏။ သင့်လည်ပင်း၌ ဆွဲကြိုးဆွဲပေး၏။
12
သင့်နှာခေါင်း၌ နှာဆွဲ၊ သင့်နား၌ နားကပ်၊ သင့်ခေါင်းပေါ်၌ တင့်တယ်သောသရဖူ စသည်ဖြင့် ငါဆင်ယင်ပေး၏။
13
ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။
14
ငါပေးသောဂုဏ်အရှိန်အဝါကြောင့် သင်သည် အလှနှင့်ပြည့်စုံ၍ သင့်အလှသည် လူမျိုးတကာတို့ထံသို့ ပျံ့နှံ့ကျော်ကြားလေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
15
‘သို့သော် သင်သည် အလှဂုဏ်မောက်၍ သင်၏ကျော်ကြားမှုသည် သင့်ကို ပြည့်တန်ဆာအဖြစ်သို့ တွန်းပို့လေပြီ။ ရာဂစိတ်ပြင်းထန်၍ သင့်အနားဖြတ်သန်းသွားလာသောသူတို့နှင့် ဖောက်ပြန်မှားယွင်း၏။ သင့်အလှသည် သူတို့အဖို့ဖြစ်သွား၏။
16
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
17
သင့်ကို ငါပေးသောရွှေငွေများဖြင့် သင်ပြုလုပ်ထားသော သင်၏အဖိုးတန်အဆင်တန်ဆာကိုယူ၍ ယောက်ျားရုပ်တုများကို ပြုလုပ်ပြီးလျှင် ထိုရုပ်တုများနှင့် ဖောက်ပြန်မှားယွင်း၏။
18
ဇာပန်းထိုးထားသော သင်၏အဝတ်ကိုယူပြီး ထိုရုပ်တုတို့အား ခြုံပေး၏။ ငါ၏သံလွင်ဆီနှင့် နံ့သာပေါင်းတို့ကိုလည်း သူတို့ရှေ့၌ပူဇော်၏။
19
သင့်အား ငါထောက်ပံ့ကျွေးမွေးသောအစားအစာဖြစ်သည့် အကောင်းဆုံးဂျုံမှုန့်၊ သံလွင်ဆီ၊ ပျားရည်တို့ကို သင်သည် မွှေးကြိုင်သောရနံ့အဖြစ် သူတို့အား ပူဇော်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
20
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
21
သင်သည် ငါ့သားသမီးတို့ကိုသတ်၍ မီးရှို့ပူဇော်ရန် ရုပ်တုတို့အား ပေးအပ်လေပြီ။
22
သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။
23
သင်ပြုသောမကောင်းမှုများကြောင့် အမင်္ဂလာသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
24
ထို့ပြင် သင်သည် လူစည်ကားသောနေရာတိုင်းတွင် ကိုယ့်အဖို့ အထွတ်အမြတ်ထားသောနေရာဆောက်၏။ ပူဇော်ရာကိုတည်၏။
25
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
26
သင်သည် ရာဂစိတ်ပြင်းထန်သော သင့်အိမ်နီးချင်းအီဂျစ်အမျိုးသားတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်းခြင်းဖြင့် ငါ့ကိုအမျက်ထွက်စေပြီ။
27
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။
28
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
29
ထိုမျှမက ခါလဒဲပြည်သား ကုန်သည်တို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုမျှနှင့်လည်း သင်သည် အားရကျေနပ်မှုမရှိ။
30
အရှက်မရှိ ဖောက်ပြန်မှားယွင်းမှုရှိသမျှကို ပြုရလောက်အောင် သင့်စိတ်ထားယုတ်ညံ့လှချေတကား’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
31
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
32
ဖောက်ပြန်သောမိန်းမ၊ သင်သည် ကိုယ့်ခင်ပွန်းအစား သူစိမ်းယောက်ျားများကို တပ်မက်ပါသည်တကား။
33
ပြည့်တန်ဆာမတို့သည် သူတို့ထံလာသောလူဆီမှ အခကြေးငွေကို ယူတတ်ကြ၏။ သင်မူကား သင်ချစ်သောသူတို့ကို အခကြေးငွေပေးတတ်၏။ အရပ်တကာမှယောက်ျားတို့ သင့်ထံလာ၍ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ သင်သည် သူတို့ကိုငှားရမ်းတတ်၏။
34
သင်သည် ပြည့်တန်ဆာအလုပ်လုပ်ရာ၌ အခြားမိန်းမတို့နှင့်မတူ။ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ မည်သူမျှတောင်းဆိုစရာမလို။ သင်က အဖိုးအခမယူ၊ အဖိုးအခကိုပေးသူဖြစ်၍ အခြားမိန်းမတို့နှင့်ခြားနား၏’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
35
အို ပြည့်တန်ဆာမ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်လော့။
36
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် တဏှာရာဂစိတ်ပြင်းထန်လျက်၊ အဝတ်မပါအချည်းစည်းဖြစ်လျက် သင်ချစ်သောသူများနှင့်ဖောက်ပြန်မှားယွင်းသောကြောင့်၊ သင့်သားသမီးတို့ကိုသတ်၍ သင်၏စက်ဆုပ်ရွံရှာဖွယ်ရုပ်တုတို့အား ပေးလှူသောကြောင့်
37
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
38
အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမ၊ လူသတ်သောမိန်းမတို့ကို တရားစီရင်သကဲ့သို့ သင့်ကိုငါတရားစီရင်မည်။ မနာလိုစိတ်၊ ဒေါသစိတ်တို့ဖြင့် သင့်ကို သေဒဏ်ပေးမည်။
39
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
40
သူတို့သည် လူအုပ်ကြီးကိုခေါ်လာ၍ သင့်ကို ခဲနှင့်ပေါက်သတ်မည်။ ဓားဖြင့် အပိုင်းပိုင်းခုတ်ဖြတ်မည်။
41
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
42
သို့မှ ငါအမျက်ပြေမည်။ သံသယစိတ်ကင်းမည်။ အမျက်မထွက်တော့သဖြင့် ငြိမ်းချမ်းလိမ့်မည်’ဟု မိန့်တော်မူ၏။
43
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
44
စကားပုံဖွဲ့တတ်သူတိုင်းက သင့်ကို မအေတူသမီးဟု စကားပုံဖွဲ့ကြလိမ့်မည်။
45
သင်သည် ခင်ပွန်းနှင့်သားသမီးတို့ကို မနှစ်သက်သောအမေနှင့် တူ၏။ ခင်ပွန်းနှင့်သားသမီးကို မနှစ်သက်သော အစ်မတို့နှင့်လည်း တူ၏။ သင့်အမိသည် ဟိတ္တိလူမျိုး၊ သင့်အဖသည် အာမောရိလူမျိုးဖြစ်၏။
46
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
47
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
48
အသက်ရှင်တော်မူသော ငါဘုရားရှင်ထာဝရဘုရားက ‘သင်၏ညီမသောဒုံနှင့်သူ့သမီးတို့သည် သင်နှင့်သင်၏သမီးတို့ပြုသကဲ့သို့ မပြုကြ။
49
ကြည့်လော့။ ဤသည်မှာ သင့်ညီမသောဒုံ၏အပြစ်ဖြစ်၏။ သူနှင့်သူ့သမီးတို့သည် မာနကြီး၏။ စားစရာအလျှံအပယ်ရှိ၏။ အပူအပင်ကင်းလျက် စိတ်အေးလက်အေး နေထိုင်ရ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီခြင်းမရှိ။
50
သူတို့သည် ဘဝင်မြင့်၏။ ငါ့ရှေ့မှောက်တွင်ပင် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။ ထို့ကြောင့် ငါမြင်သောအခါ သူတို့ကို ငါဖယ်ရှားပစ်၏။
51
ရှမာရိ၏အပြစ်သည် သင်ပြုသောအပြစ်၏တစ်ဝက်မျှလောက်ပင်မရှိ။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အပြစ်များစွာကို ပြုလေပြီ။ သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်များလွန်းသဖြင့် သင့်အစ်မသည် ဖြောင့်မတ်သည်ဟုပင် ထင်ရလေပြီ။
52
ညီအစ်မတို့ကို ထောက်ခံသောသင်သည် အသရေပျက်ရလိမ့်မည်။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောကြောင့် သူတို့က သင့်ထက်ဖြောင့်မတ်သည်ဟုထင်ရ၏။ သင်သည် သင့်ညီအစ်မတို့ကို ဖြောင့်မတ်သည်ဟု ထင်စရာဖြစ်စေသောကြောင့် အရှက်ခွဲခြင်းကို ခံလော့။ အသရေပျက်ခြင်းကို ခံယူလော့’ဟု မိန့်တော်မူ၏။
53
‘ဖမ်းခေါ်သွားခြင်းခံရသော သောဒုံနှင့်သူ၏သမီးပျိုများ၊ ရှမာရိနှင့်သူ၏သမီးပျိုများကို ဖမ်းခေါ်သွားခြင်းခံရသော သင်၏လူတို့နှင့်အတူ ပြန်ခေါ်လာမည်။
54
သို့ဖြစ်၍ သင်သည် သူတို့ကို နှစ်သိမ့်အားပေးခဲ့သောကြောင့် သင်အသရေပျက်မည်၊ အရှက်ကွဲမည်။
55
သင်၏ညီမသောဒုံနှင့် သူ၏သမီးပျိုများ၊ သင်၏အစ်မရှမာရိနှင့် သူ၏သမီးပျိုများ မူလအခြေအနေသို့ပြန်ရောက်သောအခါ သင်နှင့်သင်၏သမီးပျိုများလည်း မူလအခြေအနေသို့ပြန်ရောက်မည်။
56
သင်လုပ်ခဲ့သောမကောင်းမှုများ မပေါ်ခင်က သင်သည် မာနထောင်လွှားပြီး သင့်ညီမသောဒုံအကြောင်းကို မကောင်းပြောခဲ့သည်မဟုတ်လော။
57
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။
58
သင်ပြုခဲ့သော ညစ်ညမ်းမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် သင်ပြန်ခံရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
59
ဘုရားရှင်ထာဝရဘုရားက ‘သင်ထားခဲ့သောကတိသစ္စာကို သင်မထီလေးစားလုပ်၍ ပဋိညာဉ်ကို ချိုးဖောက်သောကြောင့် သင်၏လုပ်ရပ်နှင့်အညီ သင့်ကိုဒဏ်ခတ်မည်’ဟု မိန့်တော်မူ၏။
60
‘သို့သော် သင်ငယ်စဉ်က သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို အောက်မေ့၍ ငါသည် သင်နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။
61
သင်သည် သင့်အစ်မ၊ သင့်ညီမတို့ကို ပြန်လည်လက်ခံသောအခါ သင်ပြုခဲ့သောအမှုများကိုပြန်သတိရ၍ ရှက်လိမ့်မည်။ သို့သော် သင်နှင့်ဖွဲ့ခဲ့သော ပဋိညာဉ်အားဖြင့်မဟုတ်သော်လည်း ထိုသူတို့ကို သင့်အား သမီးများအဖြစ် ငါပေးမည်။
62
ဤသို့ဖြင့် သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ငါတည်စေသဖြင့် ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။
63
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48