bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 20
Ezekiel 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 21 →
1
သတ္တမနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ အစ္စရေးတို့၏သက်ကြီးဝါကြီးအချို့တို့သည် ထာဝရဘုရားထံ မေးလျှောက်ရန် ရောက်လာပြီး ငါရှေ့၌ထိုင်နေကြစဉ်
2
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
3
“အချင်းလူသား၊ အစ္စရေးသက်ကြီးဝါကြီးတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါ့ထံမေးလျှောက်ရန် သင်တို့လာကြသလော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို မေးလျှောက်ခွင့်မပြုဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
4
အချင်းလူသား၊ သင်စီရင်လော့။ သူတို့ကို သင်စီရင်လော့။ သူတို့ဘိုးဘေးတို့ပြုခဲ့သည့် စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သူတို့အား ပြောပြလော့။
5
ဘုရားရှင်ထာဝရဘုရားက ဤသို့မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။ အစ္စရေးလူမျိုးကို ငါရွေးချယ်သောနေ့တွင် ငါသည် ယာကုပ်အမျိုး၏သားစဉ်မြေးဆက်အား ကတိသစ္စာပြု ခဲ့၏။ အီဂျစ်ပြည်၌ ငါမည်သူဖြစ်ကြောင်း သူတို့ကို သိစေခဲ့၏။ ‘ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု သူတို့အား ကတိသစ္စာပြုခဲ့၏။
6
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
7
ငါသည် သူတို့အား ‘သင်တို့ကိုးစားသော စက်ဆုပ်ရွံရှာဖွယ်ရာများကို စွန့်ပစ်လော့။ အီဂျစ်ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု မိန့်ဆိုခဲ့၏။
8
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
9
သို့သော် သူတို့နေထိုင်ရာလူမျိုးခြားတို့အလယ်တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့အား သိစေခဲ့၏။
10
သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ တောကန္တာရလမ်းဖြင့် ပို့ဆောင်ခဲ့၏။
11
‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို သူတို့အား ချမှတ်ပေး၍ စီရင်ထုံးဖွဲ့ချက်တို့ကို သိစေခဲ့၏။
12
ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသောဘုရားဖြစ်ကြောင်း သူတို့သိရှိရန် အမှတ်လက္ခဏာအဖြစ် ဥပုသ်နေ့ကို သတ်မှတ်ပေးခဲ့၏။
13
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
14
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သောလူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။
15
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
16
သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။
17
သို့သော် သူတို့ကို ငါသနား၏။ တောကန္တာရတွင် မဖျက်ဆီးခဲ့။ အဆုံးမစီရင်ခဲ့။
18
တောကန္တာရ၌ သူတို့၏သားသမီးတို့အား ‘သင်တို့ဘိုးဘေးတို့၏ကျင့်ထုံးတို့ကို မလိုက်နာကြနှင့်။ သူတို့၏ဓလေ့ထုံးတမ်းတို့ကို မစောင့်ထိန်းကြနှင့်။ သူတို့ကိုးကွယ်သောရုပ်တုများဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေကြနှင့်။
19
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်လျှောက်ကြလော့။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းကြလော့။
20
ဥပုသ်နေ့ကို သန့်ရှင်းအောင်စောင့်ထိန်းလော့။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိစေဖို့ ဥပုသ်နေ့သည် ငါနှင့်သင်တို့ကြားတွင် အမှတ်လက္ခဏာဖြစ်၏’ဟု ငါဆိုခဲ့၏။
21
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
22
သို့သော် သူတို့အား ထုတ်ဆောင်လာခဲ့သည်ကို မြင်တွေ့သော လူမျိုးခြားတို့ရှေ့တွင် ငါ့နာမရှုတ်ချမခံရရန်အတွက် ငါပြုခဲ့၏။ သူတို့ကို ငါမဆုံးမခဲ့။
23
ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။
24
အကြောင်းမူကား သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုမလိုက်လျှောက်၊ ငါ၏ပြဋ္ဌာန်းချက်တို့ကိုငြင်းပယ်၍ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေသည့်အပြင် ဘိုးဘေးတို့၏ရုပ်တုများနောက်သို့ လိုက်ပါသွားကြ၏။
25
ထို့ကြောင့် ငါသည်လည်း သူတို့အား မဟုတ်မမှန်သောကျင့်ထုံးများ၊ အသက်တည်ရာမဟုတ်သော ဓလေ့ထုံးတမ်းများနောက်သို့ လိုက်ခွင့်ပေးလိုက်၏။
26
သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။
27
ထို့ကြောင့် အချင်းလူသား၊ သင်သည် အစ္စရေးအမျိုးအနွယ်အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း၍ ငါ့အားစော်ကားပြောဆိုကြပြီ။
28
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။
29
ထို့ကြောင့် သင်တို့သွားလေ့ရှိသောကုန်းမြင့်အရပ်ကား မည်သို့နည်းဟူ၍ပင် သူတို့ကို ငါမေးယူရ၏။ ယနေ့တိုင်အောင် ထိုအရပ်ကို ဗာမာ ဟု အမည်ခေါ်တွင်လျက်ရှိ၏ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
30
ထို့ကြောင့် အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် ဘိုးဘေးတို့၏အပြုအမူအကျင့်အကြံအတိုင်း ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေကြသလော။ သူတို့ပြုသော ရွံရှာဖွယ်ရာနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းကြသလော’ဟု မိန့်တော်မူ၏။
31
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
32
လူမျိုးခြားတို့ကဲ့သို့၊ တိုင်းတစ်ပါးသားတို့ကဲ့သို့ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ကိုးကွယ်မည်ဟု ကြံစည်သောသင်တို့အကြံသည် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်’ဟု မိန့်တော်မူ၏။
33
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် ငါအသက်ရှင်သည်နှင့်အညီ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်၊ ပြင်းထန်သောအမျက်တော်ဖြင့် သင်တို့ကို အုပ်စိုးမည်။
34
ငါသည် အမျက်တော်ကိုသွန်ချ၍ လက်ရုံးတော်ကိုဆန့်လျက် တန်ခိုးကြီးသောလက်တော်ဖြင့် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်၊ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ ပြန်လည်စုစည်းမည်။
35
သင်တို့ကို လူမျိုးတကာတို့နေရာ တောကန္တာရသို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် သင်တို့ကို မျက်နှာချင်းဆိုင် စီရင်မည်။
36
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်တောကန္တာရတွင် စီရင်ခဲ့သကဲ့သို့ သင်တို့ကို စီရင်မည်’ဟု မိန့်တော်မူ၏။
37
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ကို ကြိမ်လုံးအောက်မှ ဖြတ်သွားစေမည်၊ ပဋိညာဉ်ကြိုးဖြင့် ချည်နှောင်မည်။
38
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
39
အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
40
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
41
သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာ၍ ကွဲလွင့်ရာအရပ်ရပ်မှ ပြန်လည်စုစည်းသောအခါ ငါသည် သင်တို့ကို မွှေးကြိုင်သောရနံ့အဖြစ် လက်ခံမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးခြားတို့ရှေ့တွင် ငါထင်ရှားပြမည်။
42
သင်တို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း အစ္စရေးပြည်သို့ သင်တို့ကို ခေါ်ဆောင်လာသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရကြလိမ့်မည်။
43
ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့သော သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ထိုပြည်တွင် ပြန်လည်သတိရ၍ သင်တို့ပြုခဲ့သောမကောင်းမှုများကြောင့် သင်တို့ကိုယ်သင်တို့ စက်ဆုပ်ကြလိမ့်မည်။
44
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့၏မကောင်းသောအပြုအမူ၊ ဖောက်ပြန်သောအကျင့်အကြံများကြောင့်မဟုတ်ဘဲ ငါ့နာမကိုထောက်၍ သင်တို့ကို ငါစီရင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
45
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
46
“အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာမူပြီး တောင်ဘက်အရပ်ကို ဆန့်ကျင်ဟောပြောလော့။ တောင်ဘက်ရှိတောအုပ်ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။
47
တောင်ဘက်ရှိတောအုပ်အား ‘ထာဝရဘုရား၏စကားကို နားထောင်လော့။ ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင့်ကို မီးရှို့သဖြင့် သင်၌ရှိသောစိမ်းလန်းသောအပင်၊ ခြောက်သွေ့သောအပင် ရှိသမျှတို့ကို မီးလောင်ကျွမ်းလိမ့်မည်။ တောက်လောင်သောမီးသည် မငြိမ်းဘဲ တောင်ဘက်မှ မြောက်ဘက်တိုင်အောင် မြေတစ်ပြင်လုံးကို လောင်လိမ့်မည်။
48
ထိုမီးကို ငါထာဝရဘုရားရှို့ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
49
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ သူတို့က အကျွန်ုပ်အား ‘ဤသူသည် ပုံဥပမာ ပြောနေပါသည်’ဟူ၍ ဆိုကြပါ၏”ဟု ပြန်လျှောက်လေ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48