bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 38
Ezekiel 38
Burmese MSBU
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 39 →
1
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
2
“အချင်းလူသား၊ မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင်ဖြစ်သော မာဂေါဂဘုရင်ဂေါဂမင်းကြီးရှိရာသို့မျက်နှာမူပြီး သူ့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
3
ဘုရားရှင်ထာဝရဘုရားက ‘အို မေရှက်အမျိုးသား၊ တုဗလအမျိုးသားတို့၏အကြီးအကဲခေါင်းဆောင် ဂေါဂမင်းကြီး၊ သင့်ကို ငါစီရင်မည်။
4
သင့်မေးရိုးကို ချိတ်နှင့်ချိတ်ပြီး ပြန်လှည့်လာစေမည်။ သင်နှင့်အတူ စစ်လက်နက်အပြည့်အစုံဝတ်ဆင်ထားသော သင်၏စစ်သည်အားလုံး၊ မြင်း၊ မြင်းစီးသူရဲတို့အပါအဝင် ဒိုင်းလွှားကြီးဒိုင်းလွှားငယ်ကိုင်ဆောင်သော လူအုပ်ကြီး၊ ဓားလက်နက်စွဲကိုင်သူအားလုံးကိုပါ ထုတ်ဆောင်သွားမည်။
5
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။
6
ဂေါမာအမျိုးနှင့်သူ၏စစ်သည်များ၊ မြောက်ပြည်စွန်းမှ တောဂါမအမျိုးအနွယ်နှင့် သူ၏စစ်သည်များ စသော လူအမြောက်အမြားတို့လည်း သင်နှင့်အတူပါလာမည်။
7
အသင့်ပြင်ထားလော့။ သင်နှင့်တကွ သင့်ထံစုရုံးလာသောလူအုပ်ကိုပါ အသင့်ရှိစေလော့။ သူတို့ကို စောင့်ကြပ်ထားလော့။
8
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
9
သင်နှင့်သင်၏စစ်သည်အပေါင်းမှစ၍ သင်နှင့်အတူရှိသောလူအုပ်ကြီးသည် လေပြင်းမုန်တိုင်းကဲ့သို့ ချီတက်လာပြီး မိုးတိမ်ကဲ့သို့ ထိုပြည်ကို ဖုံးအုပ်လိမ့်မည်’ဟု မိန့်တော်မူ၏။
10
ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် သင့်စိတ်ထဲသို့ အတွေးများဝင်လာ၍ မကောင်းသောအကြံအစည်ကို ကြံစည်လိမ့်မည်။
11
ထိုအခါ သင်က မြို့ရိုးမရှိသောကျေးရွာများကို ဝင်တိုက်မည်။ တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ မြို့ရိုးမရှိသော်လည်း စိတ်ချလက်ချ အေးအေးဆေးဆေးနေထိုင်သော ထိုပြည်သားတို့ကို ဝင်တိုက်မည်ဟု ပြောလိမ့်မည်။
12
ယခင်က ပျက်စီးခဲ့သော်လည်း ယခု လူနေထိုင်ရာပြည်ကိုလည်းကောင်း၊ လူမျိုးခြားတို့ထံမှပြန်လည်စုစည်း၍ ကမ္ဘာမြေအလယ်ဗဟိုတွင်နေထိုင်သော၊ တိရစ္ဆာန်နှင့်ပစ္စည်းဥစ္စာအများအပြားပိုင်ဆိုင်သော လူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်လုယူပြီး အပိုင်သိမ်းရန် လက်ကိုဆန့်၏။
13
ရှေဘပြည်၊ ဒေဒန်ပြည်၊ တာရှုပြည်တို့မှ ကုန်သည်များနှင့် သူတို့၏ခြင်္သေ့ပျိုတို့က သင့်အား သင်သည် ပစ္စည်းတို့ကိုလုယူရန် လာသလော။ ရွှေငွေတို့ကို သယ်ဆောင်သွားရန်၊ တိရစ္ဆာန်များနှင့် စည်းစိမ်ဥစ္စာများကို ယူဆောင်သွားရန်၊ အမြောက်အမြားတိုက်ခိုက်လုယက်ရန်၊ ဥစ္စာဘဏ္ဍာတို့ကို တိုက်ခိုက်သိမ်းယူရန် သင်၏လူအုပ်ကြီးကို စုဝေးစေသလောဟု မေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူ၏။
14
ထို့ကြောင့် အချင်းလူသား၊ ဂေါဂမင်းကြီးအား ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ထိုနေ့ရက်၌ ငါ့လူမျိုးတော်အစ္စရေးတို့ စိတ်အေးလက်အေးနေထိုင်လျက်ရှိသည်ကို သင်သိရလိမ့်မည်။
15
ထိုအခါ မြင်းစီးသူရဲတပ်ကြီး၊ စစ်တပ်ကြီးနှင့် လူအင်အားအမြောက်အမြားတို့သည် သင်နေထိုင်ရာမြောက်ဘက်စွန်းမှ သင်နှင့်အတူ ချီလာကြလိမ့်မည်။
16
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
17
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီလာစေမည့်အကြောင်း ရှေးနှစ်ပေါင်းများစွာ ပရောဖက်ပြုဟောပြောခဲ့သော ငါ့အစေအပါး အစ္စရေးလူမျိုးတို့၏ပရောဖက်များအားဖြင့် သင့်ကိုရည်မှတ်၍ ရှေးယခင်ကပင် ငါမိန့်ဆိုခဲ့သည်မဟုတ်လော’ဟု မိန့်တော်မူ၏။
18
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးပြည်သို့ ဂေါဂမင်းကြီးချီတက်လာသောနေ့သည် ငါ့အမျက်မီးတောက်လောင်သောနေ့ဖြစ်မည်။
19
စိတ်အားကြီးလျက်၊ အမျက်မီးတောက်လောင်လျက် ငါမိန့်ဆိုပြီ။ ထိုနေ့၌ အစ္စရေးပြည်တွင် ငလျင်ပြင်းစွာလှုပ်ခတ်လိမ့်မည်။
20
ပင်လယ်ငါးများ၊ မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များ၊ မြေပေါ်မှာတွားသွားသောသတ္တဝါများအပါအဝင် ကမ္ဘာမြေပေါ်ရှိလူသားအားလုံးတို့သည် ငါ့မျက်မှောက်တွင် တုန်လှုပ်ကြလိမ့်မည်။ တောင်များလည်း ပြိုကျလိမ့်မည်။ ချောက်ကမ်းပါးများလည်း လဲပြိုကျလိမ့်မည်။ မြို့ရိုးလည်း မြေတိုင်အောင် လဲပြိုကျလိမ့်မည်’ဟု မိန့်တော်မူ၏။
21
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏တောင်ရှိသမျှတို့မှ ဓားကိုဆင့်ခေါ်၍ ဂေါဂမင်းကြီးကို တိုက်ခိုက်မည်။ လူတို့သည် တစ်ဦးကိုတစ်ဦး ဓားဖြင့်ခုတ်သတ်ကြလိမ့်မည်။
22
ငါသည် သူ့ကို ကပ်ရောဂါဘေး၊ သေဘေးဖြင့် စီရင်မည်။ သူနှင့်သူ့စစ်သည်များအပါအဝင် သူ၌ပါလာသောလူအမြောက်အမြားတို့အပေါ် ရေလွှမ်းမိုးစေမည်၊ မိုးသီးနှင့်တကွ မီးနှင့်ကန့် ရွာကျစေမည်။
23
လူမျိုးတကာတို့ရှေ့တွင် ငါသည် ကြီးမြတ်သောဘုရား၊ သန့်ရှင်းသောဘုရားဖြစ်ကြောင်း ထင်ရှားပြသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48