bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 43
Ezekiel 43
Burmese MSBU
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 44 →
1
ထို့နောက် သူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးသို့ ခေါ်ဆောင်သွား၏။
2
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
3
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
4
ထာဝရဘုရား၏ဘုန်းတော်သည် အရှေ့ဘက်သို့မျက်နှာမူသော မုခ်ဆောင်တံခါးကိုဖြတ်၍ အိမ်တော်ထဲသို့ဝင်တော်မူ၏။
5
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီ၍ အတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ ကြည့်ရှုလော့။ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့် ပြည့်လျက်နေ၏။
6
ထိုသူသည် ငါ့အနီး၌ရပ်နေစဉ် အိမ်တော်ထဲမှ ငါ့အားမိန့်တော်မူသံကို ငါကြားရ၏။
7
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
8
သူတို့၏တံခါးခုံများကို ငါ့တံခါးခုံနားမှာလည်းကောင်း၊ သူတို့၏တံခါးတိုင်များကို ငါ့တံခါးတိုင်နားမှာလည်းကောင်း ထားကြ၏။ သူတို့နှင့်ငါ့ကြား၌ နံရံတစ်ခုသာခြား၏။ သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြု၍ သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြ၏။ ထို့ကြောင့် ငါအမျက်ထွက်၍ သူတို့ကို ဖျက်ဆီးခဲ့၏။
9
ယခုတွင် သူတို့၏ဖောက်ပြန်မှားယွင်းမှု၊ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့်မှားယွင်းမှုတို့ကို ပယ်ရှားကြပါစေ။ သို့ပြုလျှင် သူတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။
10
အချင်းလူသား၊ အစ္စရေးအမျိုးသားတို့အား အိမ်တော်အကြောင်းကို ပြောပြလော့။ သို့မှ သူတို့၏ဒုစရိုက်ကြောင့် သူတို့ရှက်ကြောက်ကြလိမ့်မည်။ သူတို့သည် အိမ်တော်တည်ဆောက်ပုံကို ဆင်ခြင်ကြပါစေ။
11
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
12
ဤကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက် ဖြစ်၏။ တောင်ထိပ်တစ်ခုလုံးသည် အထူးသန့်ရှင်းရာနေရာဖြစ်၏။ ဤသည်ကား အိမ်တော်နှင့်ဆိုင်သောပညတ်ချက်ဖြစ်၏။
13
ယဇ်ပလ္လင်၏အရွယ်အစားမှာ ဤသို့ဖြစ်၏။ ယဇ်ပလ္လင်အောက်ခြေအဆင့်သည် တစ်တောင် မြင့်၍ တစ်တောင်ကျယ်ရမည်။ (ဤတွင် တစ်တောင်ဆိုသည်မှာ လူလက်တစ်တောင် နှင့်လက်တစ်ဝါးစာ အတိုင်းအတာကို ဆိုလိုသည်။) ပတ်ပတ်လည်အနားကွပ်အကျယ်မှာ တစ်ထွာရှိရမည်။ ဤကား ယဇ်ပလ္လင်အောက်ခြေအဆင့်ဖြစ်၏။
14
မြေပေါ်ရှိ အောက်ခြေအဆင့်မှ နောက်အဆင့်ငယ်တစ်ဆင့်မှာ နှစ်တောင် မြင့်၍ တစ်တောင်ကျယ်ရမည်။ ထိုအဆင့်ငယ်မှ ပို၍မြင့်သောအဆင့်မှာ လေးတောင် မြင့်၍ တစ်တောင်ကျယ်ရမည်။
15
ယဇ်ပလ္လင်ကိုယ်ထည်သည် လေးတောင်မြင့်၍ ယဇ်ပလ္လင်ကိုယ်ထည်ထောင့်လေးထောင့်တွင် ချိုတစ်ချောင်းစီ ထောင်ထွက်နေရမည်။
16
ယဇ်ပလ္လင်ကိုယ်ထည်သည် စတုရန်းပုံရှိ၍ အလျားတစ်ဆယ့်နှစ်တောင်၊ အနံတစ်ဆယ့်နှစ်တောင်ရှိရမည်။
17
ကိုယ်ထည်၏အောက်ခြေသည် စတုရန်းပုံဖြစ်၍ အလျားတစ်ဆယ့်လေးတောင် ၊ အနံတစ်ဆယ့်လေးတောင် ရှိရမည်။ အနားကွပ်မှာ တစ်ထွာ ရှိရမည်။ အောက်ခြေပတ်ပတ်လည်မှာ တစ်တောင်ကျယ်ရမည်။ ယဇ်ပလ္လင်လှေကားထစ်များသည် အရှေ့ဘက်သို့မျက်နှာမူရမည်”ဟု မိန့်တော်မူ၏။
18
တစ်ဖန် ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဘုရားရှင်ထာဝရဘုရားက ‘ယဇ်ပလ္လင်ကို တည်ဆောက်ပြီးသောနေ့တွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်၊ အသွေးကို ဖျန်းရန် ယဇ်ပလ္လင်နှင့်ဆိုင်သောပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏’ဟု မိန့်တော်မူ၏။
19
ဘုရားရှင်ထာဝရဘုရားက ‘ငါ့ထံသို့ဆည်းကပ်၍ အမှုတော်ထမ်းဆောင်သောယဇ်ပုရောဟိတ် လေဝိအမျိုးဇာဒုတ်၏သားစဉ်မြေးဆက်တို့အား သင်သည် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးပျိုတစ်ကောင်ကို ပေးရမည်’ဟု မိန့်တော်မူ၏။
20
‘နွားထီးပျို၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်၏ချိုလေးခု၊ အဆင့်၏ထောင့်လေးထောင့်နှင့် အကွပ်ပတ်လည်တို့၌ သုတ်လိမ်းရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို စင်ကြယ်စေရမည်။ ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
21
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။
22
ဒုတိယနေ့တွင် အပြစ်ဖြေရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော ဆိတ်ထီးကလေးတစ်ကောင်ကို ပူဇော်ရမည်။ သူတို့သည် ယဇ်ပလ္လင်ကို နွားထီးအသွေးဖြင့် စင်ကြယ်စေသကဲ့သို့ ဆိတ်ထီးအသွေးအားဖြင့်လည်း စင်ကြယ်စေရမည်။
23
သင်သည် ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးနောက် နွားအုပ်ထဲမှ အပြစ်အနာအဆာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးအုပ်ထဲမှ အပြစ်အနာအဆာကင်းသော သိုးထီးတစ်ကောင်ကို ပူဇော်ရမည်။
24
ထိုယဇ်ကောင်တို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်တို့က ထိုယဇ်ကောင်များအပေါ် ဆားဖြူးပြီးလျှင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
25
ဆိတ်ထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ်အဖြစ် ခုနစ်ရက်ပတ်လုံး နေ့စဉ်ပူဇော်ရမည်။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် သိုးအုပ်ထဲမှ သိုးထီးပျိုတစ်ကောင်ကိုလည်း ပူဇော်ရမည်။ ထိုယဇ်ကောင်တို့သည် အပြစ်အနာအဆာကင်းရမည်။
26
ယဇ်ပလ္လင်အဖို့ အပြစ်ဖြေလွှတ်ခြင်းကို ခုနစ်ရက်ပတ်လုံး ပြုရမည်။ ထိုသို့ စင်ကြယ်စေပြီးမှ ယဇ်ပလ္လင်ကို ဆက်ကပ်ရမည်။
27
ခုနစ်ရက်ပြီးဆုံး၍ ရှစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်တို့သည် ထိုယဇ်ပလ္လင်ပေါ်တွင် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ ငါသည်လည်း သင်တို့ကိုလက်ခံမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်”ဟု မိန့်ဆို၏။
← Chapter 42
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 44 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48