bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 31
Ezekiel 31
Burmese MSBU
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 32 →
1
တစ်ဆယ့်တစ်နှစ်မြောက်၊ တတိယလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
2
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။
3
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
4
ရေဝသောကြောင့် အပင်မှာ ကြီးထွားလေ၏။ မြေအောက်မှစိမ့်စမ်းရေကြောင့် အပင်မှာ မြင့်မားလျက်ရှိ၏။ မြစ်ရေသည် အပင်ခြေရင်းပတ်ပတ်လည်တွင် စီးဆင်း၏။ ရေသွယ်မြောင်းများသည်လည်း တောထဲရှိအပင်များအားလုံးဆီသို့ ရောက်၏။
5
ထို့ကြောင့် ထိုအပင်သည် တောထဲရှိအပင်အားလုံးထက် ရှင်သန်မြင့်မားလျက်ရှိ၏။ ကိုင်းမ အမြောက်အမြားရှိ၏။ ရေအလုံအလောက်ရရှိသောကြောင့်လည်း အကိုင်းအခက်များ ရှည်လျားစွာဖြာထွက်လျက်ရှိ၏။
6
မိုးကောင်းကင်ငှက်အပေါင်းတို့သည်လည်း အခက်အလက်များတွင် အသိုက်ဆောက်ကြ၏။ တောရိုင်းတိရစ္ဆာန်များသည်လည်း အပင်အောက်တွင် သားပေါက်ကြ၏။ လူအပေါင်းတို့သည်လည်း အပင်ရိပ်တွင် နားခိုတတ်ကြ၏။
7
ရေသောက်မြစ်သည် ရေအလုံအလောက်ရရှိသောကြောင့် အကိုင်းအခက်များရှည်လျားပြီး အပင်မှာ လှပတင့်တယ်လျက်ရှိ၏။
8
ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည်ပင် ထိုအပင်နှင့်မယှဉ်နိုင်။ ထင်းရှူးပင်သည် သူ၏အခက်အလက်ကို မယှဉ်နိုင်။ ပလိန်းပင်သည်လည်း သူ၏အကိုင်းအခက်ကို မယှဉ်နိုင်။ ဘုရားသခင်၏ဥယျာဉ်တော်ရှိ မည်သည့်အပင်ကမျှ သူ၏လှပတင့်တယ်ခြင်းနှင့်မယှဉ်နိုင်။
9
ငါသည် ထိုအပင်ကို အခက်အလက်များဖြင့် ဝေဆာလှပစေသောကြောင့် ဧဒင်အရပ်ရှိ ဘုရားသခင်၏ဥယျာဉ်တော်မှ အပင်များက သူ့ကိုသဝန်တိုကြ၏’ဟု ဆင့်ဆိုလော့။
10
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ထိုအပင်သည် အလွန်မြင့်မား၏။ ထိပ်ဖျားသည် မိုးထိအောင်မြင့်၏။ ထိုသို့ ပင်မြင့်ဖြစ်သောကြောင့် ဘဝင်မြင့်လာ၏။
11
ထို့ကြောင့် သူ၏ဆိုးယုတ်မှုကို ကြပ်တည်းစွာဆုံးမမည့် လူမျိုးခြားတို့၏ဘုရင်တစ်ပါးလက်သို့ ငါအပ်လိုက်၏။ သူ့ကို ငါနှင်ထုတ်ပစ်ပြီ။
12
အကြမ်းကြုတ်ဆုံး လူမျိုးခြားတိုင်းတစ်ပါးသားတို့သည် သူ့ကိုခုတ်ပြီး ပစ်ထားကြလိမ့်မည်။ အကိုင်းအခက်တို့သည် တောင်ပေါ်၊ ချိုင့်ဝှမ်းရှိသမျှတွင် လဲပုံလျက်နေလိမ့်မည်။ အခက်အလက်တို့သည်လည်း တစ်ပြည်လုံးရှိ မြစ်ချောင်းများတွင် ကျိုးကျနေလိမ့်မည်။ မြေကြီးသားအပေါင်းတို့လည်း သူ၏အရိပ်အောက်မှထွက်၍ သူ့ကိုစွန့်ခွာသွားကြလိမ့်မည်။
13
လဲကျသွားသောအပင်ပေါ်တွင် မိုးကောင်းကင်ငှက်တို့ နားနေပြီး အကိုင်းအခက်များကြားတွင် တောရိုင်းတိရစ္ဆာန်တို့ နေကြလိမ့်မည်။
14
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
15
ဘုရားရှင်ထာဝရဘုရားက ‘မရဏာနိုင်ငံသို့ ကျသွားသောနေ့တွင် သူ့အတွက် ငိုကြွေးမြည်တမ်းကြမည်။ နက်ရှိုင်းရာအရပ်၌ သူ့ကို ငါပိတ်ထားမည်။ မြစ်များကို တားဆီးထားသဖြင့် ရေများ ရပ်တန့်နေမည်။ သူ့ကြောင့် လက်ဘနွန်တောင်ကြီး ဝမ်းနည်းပူဆွေးရလိမ့်မည်။ တောထဲရှိသစ်ပင်အားလုံး အားလျော့ကြလိမ့်မည်။
16
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
17
လူမျိုးတကာတို့တွင် သူ့အရိပ်ကိုခိုနေသော သူ့လက်ရုံးတို့သည်လည်း ဓားဖြင့်အသတ်ခံရသူများရှိရာ မရဏာနိုင်ငံသို့ သူနှင့်အတူ ကျသွားလိမ့်မည်။
18
ဧဒင်ဥယျာဉ်ရှိအပင်တို့တွင် မည်သည့်အပင်သည် သင်ကဲ့သို့ ဂုဏ်သရေရှိသနည်း၊ ဘုန်းတန်ခိုးရှိသနည်း။ သို့သော် သင်သည် ဧဒင်ဥယျာဉ်ရှိအပင်များနှင့်အတူ တွင်းနက်ထဲသို့ ကျသွားရလိမ့်မည်။ ဓားဖြင့်အသတ်ခံရသောသူများနှင့်အတူ အရေဖျားလှီးခြင်းမခံသောသူများကြားတွင် သင်အိပ်ရလိမ့်မည်။ ဤကား ဖာရောမင်းကြီးနှင့်တကွ သူ၏လူတို့ကို ဆိုလိုသတည်း’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48