bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ezekiel 37
Ezekiel 37
Burmese MSBU
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 38 →
1
ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
2
ထို့နောက် ထာဝရဘုရားသည် ငါ့အား ထိုအရိုးတို့ပတ်ပတ်လည်သို့ လျှောက်သွားစေ၏။ ချိုင့်ဝှမ်းတစ်ပြင်လုံးတွင် အရိုးအမြောက်အမြားရှိ၍ အလွန်ခြောက်သွေ့နေသည်ကို တွေ့ရ၏။
3
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤအရိုးတို့ အသက်ရှင်နိုင်မည်လော”ဟု မေးလျှင် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏”ဟု ပြန်လျှောက်၏။
4
ထိုအခါ ကိုယ်တော်က ငါ့အား ဤအရိုးတို့ကို ပရောဖက်ပြုဟောပြောလော့။ “အို အရိုးခြောက်တို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
5
ဤအရိုးတို့အား ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့အသက်ရှင်လာလိမ့်မည်။
6
အရွတ်ပေါ်လာစေမည်။ အသားတက်လာစေမည်၊ အရေပြားဖြင့် ဖုံးအုပ်စေမည်။ သင်တို့အထဲသို့ အသက်လေကိုမှုတ်သွင်း၍ သင်တို့ကို အသက်ရှင်လာစေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
7
ငါ့ကို မိန့်မှာတော်မူသည့်အတိုင်း ငါသည် ပရောဖက်ပြုဟောပြော၏။ ပရောဖက်ပြုဟောပြောနေစဉ် အသံတစ်ခုကြားရ၏။ အရိုးတို့ လှုပ်ရှားလာပြီး အရိုးအရိုးချင်း ဆက်မိသွားသည်ကို ငါတွေ့ရ၏။
8
ငါကြည့်နေစဉ် အရိုးတို့တွင် အရွတ်များ၊ အသားများ တက်လာ၍ ၎င်းတို့အပေါ်တွင် အရေပြားဖုံးလွှမ်းသွားသည်ကို မြင်လေ၏။ သို့သော် ထွက်သက်ဝင်သက် မရှိသေး။
9
ထိုအခါ ကိုယ်တော်က ငါ့အား “အချင်းလူသား၊ အသက်လေအား ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘အို အသက်လေ၊ သေသူတို့အသက်ရှင်လာအောင် အရပ်လေးမျက်နှာမှလာ၍ သူတို့အထဲသို့ အသက်လေကို မှုတ်သွင်းလော့’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
10
ငါကလည်း ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပရောဖက်ပြုဟောပြောရာ အသက်လေသည် သူတို့အထဲသို့ဝင်၍ သူတို့သည် အသက်ရှင်လာကာ မတ်တတ်ရပ်ကြလျက် အလွန်များပြားသောစစ်သည်အလုံးအရင်း ဖြစ်လေ၏။
11
ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။
12
သို့ဖြစ်၍ သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက အို ငါ့လူမျိုးတော်၊ ကြည့်ရှုလော့။ ငါသည် သင်တို့၏သင်္ချိုင်းဂူများကိုဖွင့်၍ သင်တို့အား ထိုသင်္ချိုင်းဂူမှထုတ်ယူပြီး အစ္စရေးပြည်သို့ ပို့ဆောင်မည်။
13
အို ငါ့လူမျိုးတော်၊ သင်တို့၏သင်္ချိုင်းဂူများကို ငါဖွင့်၍ သင်တို့အား ထိုသင်္ချိုင်းဂူများမှ ထုတ်ယူသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
14
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
15
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
16
“အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍ ထိုတုတ်ပေါ်တွင် ‘ယုဒအမျိုးနှင့် ယုဒအမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားတို့အတွက်’ဟု ရေးထားလော့။ နောက်တုတ်တစ်ချောင်းကိုယူ၍ ‘ယောသပ်အမျိုးအတွက် ဧဖရိမ်တုတ်နှင့် ယောသပ်အမျိုး၏အပေါင်းအဖော် အစ္စရေးအမျိုးသားအပေါင်းတို့အတွက်’ဟု ရေးထားလော့။
17
ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေရန် သင့်လက်ထဲတွင် ပူးကိုင်ထားလော့။
18
သင့်အမျိုးသားချင်းတို့က သင့်အား ‘ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သင်ပြောပြနိုင်မည်လော’ဟု မေးလာလျှင်
19
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဧဖရိမ်ကိုင်ထားသော ယောသပ်နှင့် ယောသပ်၏အပေါင်းအဖော် အစ္စရေးအမျိုးအနွယ်တို့၏တုတ်ကိုယူ၍ ယုဒ၏တုတ်နှင့် ပူးကိုင်ထားပြီး တစ်ချောင်းတည်းဖြစ်စေမည်။ ငါ့လက်ထဲတွင် တစ်ချောင်းတည်းဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောလော့။
20
စာရေးထားသောတုတ်ချောင်းကို သူတို့ရှေ့၌ သင့်လက်တွင်ကိုင်ထား၍
21
သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် အစ္စရေးအမျိုးသားတို့ကို သူတို့ရောက်ရာလူမျိုးခြားတို့အလယ်မှ ပြန်ခေါ်လာမည်။ သူတို့ရောက်ရာအရပ်ရပ်မှ သူတို့ကိုစုစည်းပြီး နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
22
ထိုပြည်ရှိ အစ္စရေးတောင်ပေါ်တွင် သူတို့ကို လူမျိုးတစ်မျိုးတည်း ဖြစ်စေမည်။ သူတို့အားလုံးကို ရှင်ဘုရင်တစ်ပါးတည်းသာ အုပ်ချုပ်မည်။ သူတို့သည် လူမျိုးနှစ်မျိုးဖြစ်တော့မည်မဟုတ်၊ နိုင်ငံနှစ်နိုင်ငံအဖြစ် ကွဲပြားတော့မည်မဟုတ်။
23
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
24
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
25
ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။
26
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
27
ငါ၏ကိန်းဝပ်တော်မူရာတဲတော်သည်လည်း သူတို့နှင့်အတူရှိမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။
28
ဤသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့၌ အစဉ်တည်ရှိသောအခါ ငါထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို သန့်ရှင်းစေသောဘုရားဖြစ်ကြောင်း လူမျိုးတကာတို့ သိရလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
← Chapter 36
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 38 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48