bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 12
Mark 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။
2
အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။
3
ထိုအခါ သူတို့သည် ထိုအစေအပါးကို ဖမ်းဆီး၍ရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။
4
နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။
5
တစ်ဖန် အခြားတစ်ဦးကို စေလွှတ်ပြန်လျှင် သူ့ကိုသတ်ပစ်ကြ၏။ အခြားသောသူများစွာတို့ကိုစေလွှတ်သော်လည်း အချို့တို့ကိုရိုက်နှက်၍ အချို့တို့ကိုသတ်ပစ်ကြ၏။
6
သူ၌ချစ်သောသားတစ်ဦးတည်းရှိတော့၏။ ခြံပိုင်ရှင်က ‘သူတို့သည် ငါ့သားကိုရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် ထိုသားကို သူတို့ထံသို့စေလွှတ်လေ၏။
7
သို့သော် ခြံသမားတို့က ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ။ သူ့ကိုသတ်ကြစို့။ သို့ပြုလျှင် အမွေသည် ငါတို့ဥစ္စာဖြစ်လာလိမ့်မည်’ဟု အချင်းချင်းပြောဆိုကြလျက်
8
သူ့ကိုဖမ်းဆီး၍ သတ်ပြီးလျှင် စပျစ်ခြံအပြင်သို့ ထုတ်ပစ်ကြ၏။
9
သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။
10
‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။
11
ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့သြဖွယ်ဖြစ်၏’ဟူသောကျမ်းချက်ကို မဖတ်ဖူးကြသလော” ဟု မိန့်တော်မူ၏။
12
ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။
13
ထို့နောက် သူတို့သည် နှုတ်တော်ထွက်စကားအားဖြင့် ကိုယ်တော်ကိုအပြစ်ရှာနိုင်ရန် ဖာရိရှဲနှင့်ဟေရုဒ်၏လူအချို့တို့ကို အထံတော်သို့စေလွှတ်ကြ၏။
14
သူတို့သည်လာ၍ ကိုယ်တော်အား “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး မည်သူ့ကိုမျှအားမနာကြောင်း အကျွန်ုပ်တို့သိကြပါ၏။ အဘယ်ကြောင့်ဆိုသော် ဆရာသည် လူ့မျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီသွန်သင်ပါ၏။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော။ အကျွန်ုပ်တို့ဆက်သသင့်သလော၊ သို့မဟုတ် မဆက်သသင့်သလော”ဟု မေးလျှောက်ကြ၏။
15
သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍ “အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ ငါကြည့်ရန်အတွက် ဒေနာရိတစ်ပြားကို ငါ့ထံယူခဲ့ကြလော့” ဟု မိန့်တော်မူ၏။
16
သူတို့ယူလာကြသောအခါ ကိုယ်တော်က “ဤသည်ကား မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာဖြစ်သနည်း” ဟု မေးတော်မူလျှင် သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။
17
ယေရှုကလည်း “ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့” ဟု မိန့်တော်မူရာ သူတို့သည် ကိုယ်တော်ကိုအံ့သြကြ၏။
18
ထို့နောက် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသော ဇဒ္ဒုကဲတို့သည် အထံတော်သို့လာ၍
19
“ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည် ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။
20
ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် မိန်းမယူပြီး မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပါသည်။
21
ထိုအခါ ဒုတိယညီသည် ထိုမိန်းမကိုယူ၍ မျိုးဆက်မထားခဲ့ဘဲ သေဆုံးသွားပြန်သည်။ တတိယညီသည်လည်း ထိုနည်းတူဖြစ်ပြီး
22
ခုနစ်ဦးစလုံးသည်မျိုးဆက်မထားခဲ့ဘဲ သေဆုံးကြသည်။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
23
ရှင်ပြန်ထမြောက်ရာကာလ၌ သူတို့ထမြောက်ကြသောအခါ ထိုမိန်းမသည် မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား ခုနစ်ဦးစလုံး ထိုမိန်းမကို မယားအဖြစ် ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
24
ယေရှုကလည်း “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် ဤသို့အယူလွဲနေကြသည်မဟုတ်လော။
25
အကြောင်းမူကား လူတို့သည် သေသောသူတို့ထဲမှ ထမြောက်ကြသောအခါ ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်ဘုံ၌ရှိသော ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ၏။
26
သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
27
ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ သင်တို့သည် လွန်စွာအယူလွဲကြပြီ” ဟု မိန့်တော်မူ၏။
28
ထိုအခါ ကျမ်းပြုဆရာတစ်ဦးသည် ချဉ်းကပ်လာ၍ သူတို့ငြင်းခုံပြောဆိုနေကြသည်ကိုကြားပြီး ကိုယ်တော်သည် သူတို့အား လျောက်ပတ်စွာဖြေကြားတော်မူသည်ကိုမြင်လျှင် “ပညတ်ချက်အားလုံးတွင် မည်သည့်ပညတ်ချက်သည် ပထမဖြစ်သနည်း”ဟု မေးလျှောက်လေ၏။
29
ယေရှုက “ပထမပညတ်ချက်မှာ ‘အို အစ္စရေးအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသောထာဝရဘုရားဖြစ်တော်မူ၏။
30
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အသိဉာဏ်ရှိသမျှနှင့် သင်၏အစွမ်းသတ္တိရှိသမျှတို့ဖြင့် ချစ်ရမည်’ဟူ၍ ဖြစ်၏။
31
ဒုတိယပညတ်ချက်မှာ ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ ဟူ၍ ဖြစ်၏။ ဤပညတ်ချက်နှစ်ပါးထက်ကြီးမြတ်သော အခြားပညတ်မရှိ” ဟု ဖြေကြားတော်မူ၏။
32
ထိုကျမ်းပြုဆရာကလည်း “မှန်ပါ၏ဆရာ။ ဘုရားသခင်သည် တစ်ဆူတည်းရှိ၍ ထိုဘုရားသခင်မှတစ်ပါး အခြားဘုရားမရှိဟု ဆရာပြောသည်မှာ ဟုတ်မှန်ပါ၏။
33
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
34
ထိုသူသည် ပညာရှိစွာဖြေကြားသည်ကို ယေရှုမြင်တော်မူလျှင် “သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေး” ဟု သူ့အား မိန့်တော်မူ၏။ ထိုအချိန်မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
35
တစ်ဖန် ယေရှုသည် ဗိမာန်တော်၌ သွန်သင်တော်မူစဉ် “ခရစ်တော်သည် ဒါဝိဒ်၏သားဖြစ်သည်ဟု ကျမ်းပြုဆရာတို့က မည်သို့ပြောဆိုနိုင်ကြသနည်း။
36
ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ ဟူ၍ ဆိုထား၏။
37
ဒါဝိဒ်ကိုယ်တိုင် ခရစ်တော်ကို ‘သခင်’ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။ များစွာသောလူထုပရိသတ်သည် ကိုယ်တော်၏စကားတော်ကို ဝမ်းမြောက်စွာနားထောင်နေကြ၏။
38
ကိုယ်တော်သည် ဆက်၍ဟောပြောသွန်သင်တော်မူရာ၌ “ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်၍ သွားလာခြင်းကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊
39
ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊ စားသောက်ပွဲများ၌ အထူးနေရာများကိုလည်းကောင်း နှစ်သက်ကြ၏။
40
သူတို့သည် မုဆိုးမတို့၏အိမ်ကိုမတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
41
ထို့နောက် ကိုယ်တော်သည် အလှူခံသေတ္တာဘက်သို့မျက်နှာမူလျက် ထိုင်တော်မူ၍ လူတို့သည် ကြေးဒင်္ဂါးကို အလှူခံသေတ္တာထဲသို့ ထည့်နေကြပုံကို ကြည့်ရှုတော်မူ၏။ ချမ်းသာသောသူများစွာတို့သည် အမြောက်အမြားထည့်ကြ၏။
42
ထိုစဉ် ဆင်းရဲသောမုဆိုးမတစ်ဦးသည် လာ၍ ကွတ်ရန်တေးတစ်ပြားနှင့်ညီသော လတ္တာနှစ်ပြားကိုထည့်လေ၏။
43
ထိုအခါ ကိုယ်တော်သည် တပည့်တော်တို့ကိုခေါ်၍ “သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အလှူခံသေတ္တာထဲသို့ ထည့်သောသူအားလုံးထက် ပို၍ထည့်လေပြီ။
44
အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ” ဟု မိန့်တော်မူ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Mark Commentaries
→
Devotional
Mark Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→