bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 4
Mark 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
1
တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင် သွန်သင်တော်မူရာ အလွန်များပြားသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် ပင်လယ်ကမ်းစပ်ရှိလှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ပင်လယ်ကမ်းပေါ်တွင်ရှိနေကြ၏။
2
ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က
3
“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန်ထွက်သွားလေ၏။
4
ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည် လာ၍ ၎င်းကိုကောက်စားကြ၏။
5
အချို့မူကား မြေနည်း၍ ကျောက်ပေါများသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
6
သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
7
အချို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းကို ကာဆီးပိတ်ဆို့ကြသောကြောင့် အသီးမသီးချေ။
8
အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အပင်ပေါက်၍ကြီးထွားကာ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးလေ၏” ဟု မိန့်တော်မူ၏။
9
ထို့နောက် “ကြားစရာနားရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
10
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
11
ကိုယ်တော်ကလည်း “သင်တို့အား ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို သိခွင့်ပေးထား၏။ အပြင်လူတို့အတွက်မူကား အရာရာကို ပုံဥပမာများဖြင့်ဖော်ပြရ၏။
12
ဤသည်ကား သူတို့သည် မြင်လျက်ပင် သတိမမူဘဲမြင်၍ ကြားလျက်ပင် နားမလည်ဘဲကြားကြစေရန်ဖြစ်၏။ သို့မဟုတ်လျှင် သူတို့သည် ပြောင်းလဲ၍ ခွင့်လွှတ်ခြင်းခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
13
ထို့နောက် ကိုယ်တော်က “ဤပုံဥပမာကိုနားမလည်ကြသလော။ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်ကဲ့သို့နားလည်ကြမည်နည်း။
14
မျိုးကြဲသောသူသည် တရားစကားကိုကြဲ၏။
15
တရားစကားကိုကြဲသောအခါ လမ်းဘေးတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသောအခါ စာတန်သည်ချက်ချင်းလာ၍ သူတို့၌ကြဲထားသောတရားစကားကို နုတ်ယူလေ၏။
16
ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။
17
သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားကြ၏။
18
အချို့တို့မူကား ဆူးပင်တို့တွင် ကြဲခြင်းခံရကြ၏။ ဤသည်ကား တရားစကားကိုကြားသော်လည်း
19
လောကီရေးရာ၌ စိုးရိမ်ပူပန်ခြင်း၊ စည်းစိမ်၏လှည့်ဖြားခြင်းနှင့် အခြားသောတပ်မက်ခြင်းများဝင်လာ၍ တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူတို့ကိုဆိုလို၏။
20
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ လက်ခံသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ အသီးသီးသောသူတို့ကိုဆိုလို၏” ဟု မိန့်တော်မူ၏။
21
တစ်ဖန် ကိုယ်တော်က “ဆီမီးကို တောင်းအောက်၊ သို့မဟုတ် ခုတင်အောက်၌ထားရန် ယူလာလေ့ရှိသလော။ ဆီမီးခုံပေါ်၌ထားရန် ယူလာသည်မဟုတ်လော။
22
အကြောင်းမူကား ကွယ်ဝှက်ထားသောအရာများတွင် မထင်ရှားလာမည့်အရာဟူ၍မရှိ။ ဖုံးကွယ်ထားသောအရာများတွင်လည်း မထင်ရှားလာမည့်အရာဟူ၍မရှိ။
23
ကြားစရာနားရှိသောသူသည် ကြားပါစေ” ဟု မိန့်တော်မူ၏။
24
ထို့နောက် ကိုယ်တော်က “သင်တို့ကြားရသည့်အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်။ ထို့ပြင် သင်တို့အတွက် ထပ်၍ဖြည့်ပေးကြလိမ့်မည်။
25
အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်” ဟု မိန့်တော်မူ၏။
26
တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦးမျိုးစေ့ကြဲသည်နှင့်တူ၏။
27
သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။
28
မြေကြီးသည် အလိုအလျောက်အသီးသီးစေလျက် ဦးစွာ အပင်၊ ထို့နောက် အနှံ၊ ထိုမှတစ်ဆင့် အနှံထဲတွင် အောင်သောအဆန်ကိုဖြစ်စေ၏။
29
အသီးမှည့်သောအခါ ရိတ်သိမ်းချိန်ရောက်လာသည်ဖြစ်၍ သူသည် ချက်ချင်းတံစဉ်ဖြင့်ရိတ်လေ၏” ဟု မိန့်တော်မူ၏။
30
တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့်ခိုင်းနှိုင်းရမည်နည်း၊ သို့မဟုတ် မည်သည့်ပုံဥပမာဖြင့် ဖော်ပြရမည်နည်း။
31
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။
32
စိုက်ပြီး ကြီးထွားလာသောအခါတွင်မူ ဟင်းသီးဟင်းရွက်ပင်အားလုံးထက်ကြီး၍ ၎င်း၏အရိပ်အောက်တွင် မိုးကောင်းကင်ငှက်တို့သည် အသိုက်ဖွဲ့နေနိုင်လောက်သော ကြီးမားသည့်အကိုင်းများထွက်လာ၏” ဟု မိန့်တော်မူ၏။
33
ကိုယ်တော်သည် ထိုသို့သောပုံဥပမာများစွာတို့ဖြင့် လူတို့ကြားနာနိုင်သည့်အတိုင်း တရားစကားကို သူတို့အား ဟောပြောတော်မူ၏။
34
ပုံဥပမာမပါဘဲ သူတို့အား ဟောပြောတော်မမူ။ သို့သော် မိမိတပည့်တော်တို့ကိုမူကား အကြောင်းအရာအားလုံးကို သီးသန့်ရှင်းပြတော်မူ၏။
35
ထိုနေ့ ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်က “တစ်ဖက်ကမ်းသို့ကူးကြစို့” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
36
ထို့ကြောင့် သူတို့သည် လူထုပရိသတ်ကိုချန်ထားခဲ့၍ လှေပေါ်၌ရှိနေသောကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ အခြားသောလှေများသည်လည်း ကိုယ်တော်နှင့်အတူလိုက်ပါကြ၏။
37
ထိုအခါ ပြင်းထန်သောလေမုန်တိုင်းကျရောက်လာ၍ လှိုင်းများသည် လှေကိုရိုက်ခတ်သဖြင့် လှေသည် ရေနှင့်ပြည့်လုနီးပါးဖြစ်လေ၏။
38
သို့သော် ကိုယ်တော်သည် လှေပဲ့ပိုင်းတွင် ခေါင်းအုံးအုံးလျက် အိပ်စက်နေတော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော်ကိုနှိုးလျက် “ဆရာ၊ အကျွန်ုပ်တို့သေရတော့မည်ကို ကိုယ်တော်ဂရုမစိုက်ဘဲနေတော်မူသလော”ဟု လျှောက်ကြ၏။
39
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား “တိတ်ဆိတ်ငြိမ်သက်လော့” ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။
40
ထို့နောက် ကိုယ်တော်က “အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော” ဟု သူတို့အား မိန့်တော်မူ၏။
41
သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Mark Commentaries
→
Devotional
Mark Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→