bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 3
Mark 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
1
ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းထဲသို့ တစ်ဖန်ဝင်တော်မူရာ ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၏။
2
လူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် ဥပုသ်နေ့၌ ထိုသူအား အကောင်းပကတိဖြစ်စေမည်၊ မဖြစ်စေမည်ကို စောင့်ကြည့်နေကြ၏။
3
ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား “အားလုံးရှေ့၌မတ်တတ်ရပ်လော့” ဟု မိန့်တော်မူ၏။
4
ထို့နောက် လူတို့အား “တရားတော်အရ ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုအပ်သလော၊ သို့မဟုတ် ဆိုးသောအမှုကိုပြုအပ်သလော။ အသက်ကိုကယ်အပ်သလော၊ သို့မဟုတ် သတ်အပ်သလော” ဟု မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။
5
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
6
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း ဟေရုဒ်၏လူများနှင့် ချက်ချင်းတိုင်ပင်ဆွေးနွေးကြ၏။
7
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ပင်လယ်ဘက်သို့ထွက်ခွာသွားတော်မူရာ ဂါလိလဲနယ်မှ လူအမြောက်အမြားတို့သည် လိုက်လာကြ၏။ ထို့ပြင် ယုဒနယ်၊
8
ဂျေရုဆလင်မြို့၊ ဣဒုမဲနယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှစ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့ပတ်ဝန်းကျင်မှ လူအမြောက်အမြားတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားသဖြင့် အထံတော်သို့လာကြ၏။
9
လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။
10
အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။
11
ညစ်ညူးသောနတ်တို့သည်လည်း ကိုယ်တော်ကိုမြင်ကြသောအခါ ရှေ့တော်၌ပျပ်ဝပ်လျက် “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြ၏။
12
ကိုယ်တော်ကလည်း မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် ထိုနတ်ဆိုးတို့ကို တင်းကျပ်စွာသတိပေးတော်မူ၏။
13
ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့တက်သွား၍ အလိုတော်ရှိသောသူတို့ကိုခေါ်တော်မူလျှင် သူတို့သည် အထံတော်သို့လာကြ၏။
14
ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို ခန့်ထားပြီးလျှင် သူတို့ကို တမန်တော်ဟူ၍ခေါ်ဝေါ်သမုတ်တော်မူ၏။ ဤသည်ကား သူတို့ကို ကိုယ်တော်နှင့်အတူရှိစေရန်နှင့် သူတို့ကိုစေလွှတ်၍ တရားဟောစေကာ
15
နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သည့်အခွင့်အာဏာရှိစေရန်အတွက်ဖြစ်၏။
16
ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊
17
မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
18
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့်
19
ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
20
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ကြွတော်မူရာ လူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြသဖြင့် သူတို့သည် အစာကိုပင်မသုံးဆောင်နိုင်ကြပေ။
21
ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။
22
ဂျေရုဆလင်မြို့မှဆင်းလာသော ကျမ်းပြုဆရာတို့ကလည်း “သူ့ကို ဗေလဇေဗုလနတ်ပူးနေသည်”ဟူ၍လည်းကောင်း၊ “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြုလျက် နတ်ဆိုးတို့ကိုနှင်ထုတ်သည်”ဟူ၍လည်းကောင်း ပြောဆိုကြ၏။
23
ထိုအခါ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသည်မှာ “စာတန်သည် စာတန်ကို မည်ကဲ့သို့နှင်ထုတ်နိုင်မည်နည်း။
24
နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။
25
အိမ်ထောင်စုတစ်စုသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုအိမ်ထောင်စုသည် မတည်မြဲနိုင်ရာ။
26
ထိုနည်းတူ စာတန်သည်လည်း မိမိအတွင်း၌ ဆန့်ကျင်ပုန်ကန်လျက် ကွဲပြားနေလျှင် သူသည်မတည်မြဲနိုင်ဘဲ ဆုံးခန်းသို့ရောက်လိမ့်မည်။
27
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် မည်သူမျှ သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မလုယူနိုင်။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
28
သင်တို့အား ငါအမှန်ဆိုသည်ကား လူသားတို့သည် သူတို့၏အပြစ်များနှင့် ဘုရားသခင်ကိုစော်ကားပြောဆိုသမျှသော စကားအားလုံးအတွက် ခွင့်လွှတ်ခြင်းခံရလိမ့်မည်။
29
သို့သော် မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် ကာလအစဉ်အဆက် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုမရရှိဘဲ ထာဝရအပြစ်သင့်သောသူဖြစ်၏” ဟု မိန့်တော်မူ၏။
30
ဤသို့မိန့်တော်မူခြင်းမှာ သူတို့က “ကိုယ်တော်ကို ညစ်ညူးသောနတ်ပူးနေသည်”ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။
31
ထိုအခါ ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ရောက်လာပြီး အပြင်၌ရပ်လျက် လူလွှတ်၍ ကိုယ်တော်ကိုခေါ်ကြ၏။
32
လူထုပရိသတ်တို့သည် ကိုယ်တော်၏ပတ်လည်၌ ထိုင်နေကြ၍ ကိုယ်တော်အား “ကိုယ်တော်၏မယ်တော်၊ ညီတော်နှင့် နှမတော်တို့သည် ကိုယ်တော်ကိုရှာလျက် အပြင်၌ရှိကြပါသည်”ဟု လျှောက်ကြ၏။
33
ကိုယ်တော်ကလည်း “မည်သူသည် ငါ့အမိနှင့်ငါ့ညီများဖြစ်သနည်း” ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။
34
ထို့နောက် မိမိပတ်လည်၌ ဝိုင်းရံလျက်ထိုင်နေသောသူများကို ပတ်ပတ်လည်ကြည့်ရှုတော်မူ၍ “ကြည့်ရှုလော့။ ဤသူတို့သည် ငါ့အမိနှင့်ငါ့ညီများပေတည်း။
35
အကြောင်းမူကား ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16