bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 8
Mark 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
ထိုနေ့ရက်တို့၌ များစွာသောလူထုပရိသတ်သည် တစ်ဖန်စုဝေးလာကြ၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ယေရှုသည် တပည့်တော်တို့ကိုခေါ်၍
2
“ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။
3
သူတို့ထဲမှ အချို့တို့သည် အဝေးမှလာကြသည်ဖြစ်၍ သူတို့ကိုဘာမျှမကျွေးဘဲ မိမိတို့အိမ်သို့ပြန်သွားစေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
4
တပည့်တော်တို့ကလည်း “ဤတောကန္တာရ၌ မည်သူသည် အဘယ်ကမုန့်ကိုယူ၍ ဤသူတို့အား ဝလင်စွာကျွေးနိုင်ပါမည်နည်း”ဟု ပြန်လျှောက်ကြ၏။
5
ယေရှုကလည်း “သင်တို့တွင် မုန့်မည်မျှရှိသနည်း” ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
6
ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက် မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ လူအစုအဝေးတို့အားဝေပေးရန် တပည့်တော်တို့ကိုပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အားဝေပေးကြ၏။
7
သူတို့၌ ငါးကလေးအနည်းငယ်ရှိသဖြင့် ၎င်းတို့အတွက် ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုငါးတို့ကိုလည်း ဝေပေးရန် မိန့်တော်မူ၏။
8
လူတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကို ကောက်သိမ်းကြရာ ခုနစ်တောင်းရကြ၏။
9
ထိုနေရာ၌ လူလေးထောင်ခန့်ရှိကြ၏။ ထို့နောက် ကိုယ်တော်သည် လူတို့ကို ပြန်လွှတ်တော်မူပြီးလျှင်
10
တပည့်တော်တို့နှင့်အတူ လှေပေါ်သို့ချက်ချင်းတက်၍ ဒါလမနုသနယ်မြေဒေသများသို့ ကြွတော်မူ၏။
11
ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။
12
ကိုယ်တော်သည် မိမိစိတ်တော်ထဲ၌ သက်ပြင်းချကာ “ဤမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာကိုတောင်းဆိုသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်” ဟု မိန့်တော်မူပြီးလျှင်
13
သူတို့ကိုထားခဲ့၍ တစ်ဖန် လှေပေါ်သို့တက်ကာ တစ်ဖက်ကမ်းသို့ကူးတော်မူ၏။
14
တပည့်တော်တို့သည် မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြသဖြင့် လှေပေါ်တွင် သူတို့၌မုန့်တစ်လုံးတည်းသာရှိ၏။
15
ထိုအခါ ကိုယ်တော်က “ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့” ဟု မိန့်မှာတော်မူ၏။
16
တပည့်တော်တို့ကလည်း မိမိတို့၌ မုန့်မပါသောကြောင့်ဖြစ်သည်ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
17
ထိုသို့ပြောဆိုကြသည်ကို ကိုယ်တော်သိတော်မူလျှင် “သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့်အချေအတင်ပြောဆိုကြသနည်း။ သင်တို့သဘောမပေါက်နားမလည်ကြသေးသလော။ သင်တို့စိတ်နှလုံးသည် မာကျောလျက်ရှိနေသေးသလော။
18
သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။ သင်တို့မမှတ်မိကြသလော။
19
မုန့်ငါးလုံးကို လူငါးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့်ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း” ဟု မေးတော်မူလျှင် သူတို့က “တစ်ဆယ့်နှစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
20
“မုန့်ခုနစ်လုံးကို လူလေးထောင်အတွက် ငါဖဲ့ခဲ့စဉ်က မုန့်အကျိုးအပဲ့များကို တောင်းအပြည့် ဘယ်နှတောင်းကောက်သိမ်းခဲ့ကြသနည်း” ဟု မေးတော်မူလျှင် သူတို့က “ခုနစ်တောင်း”ဟု ပြန်လျှောက်ကြ၏။
21
တစ်ဖန် ကိုယ်တော်က “သင်တို့နားမလည်ကြသေးသလော” ဟု မိန့်တော်မူ၏။
22
သူတို့သည် ဗက်ဇဲဒမြို့သို့ရောက်ကြသောအခါ လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာ၍ သူ့ကိုတို့ထိတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
23
ကိုယ်တော်သည် မျက်မမြင်၏လက်ကိုဆွဲ၍ ရွာအပြင်သို့ခေါ်သွားတော်မူပြီးလျှင် သူ၏မျက်စိပေါ်သို့ တံတွေးထွေးကာ သူ့အပေါ်လက်တော်တင်လျက် “တစ်စုံတစ်ခုကိုမြင်ရသလော” ဟု မေးတော်မူ၏။
24
သူသည် မော့ကြည့်လျက် “လူတို့ကိုမြင်ရပါ၏။ သစ်ပင်များကဲ့သို့ဖြစ်ကြပြီး လမ်းလျှောက်နေကြသည်ကို မြင်ရပါ၏”ဟု လျှောက်လေ၏။
25
ထို့နောက် ကိုယ်တော်သည် သူ၏မျက်စိပေါ်သို့ လက်တော်ကို တစ်ဖန်တင်တော်မူ၏။ ထိုအခါ သူသည် ရှင်းလင်းစွာမြင်ရ၍ အကောင်းပကတိဖြစ်လာ၏။ အလုံးစုံကိုလည်း ကြည်လင်စွာမြင်ရလေ၏။
26
ကိုယ်တော်ကလည်း “ရွာထဲသို့မဝင်နှင့်” ဟု မိန့်တော်မူပြီး သူ့ကို မိမိအိမ်သို့ ပြန်လွှတ်တော်မူ၏။
27
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ဆီဇာရီးယား ဖိလိပ္ပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ တပည့်တော်တို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ မေးတော်မူ၏။
28
တပည့်တော်တို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ပရောဖက်များထဲမှတစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
29
ကိုယ်တော်ကလည်း “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
30
ထိုအခါ ကိုယ်တော်သည် မိမိအကြောင်းကို မည်သူ့ကိုမျှမပြောရန် သူတို့အား သတိပေးတော်မူ၏။
31
ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ ၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။
32
ကိုယ်တော်သည် ထိုအကြောင်းအရာကို အတိအလင်းမိန့်တော်မူသောအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုလေ၏။
33
သို့သော် ကိုယ်တော်သည် လှည့်၍ တပည့်တော်များကိုကြည့်ရှုလျက် ပေတရုကိုဆုံးမကာ “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကိုမစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏” ဟု မိန့်တော်မူ၏။
34
ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့်တကွ လူထုပရိသတ်ကိုခေါ်၍ “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
35
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
36
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
37
တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
38
အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်” ဟု မိန့်တော်မူ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16