bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Mark 15
Mark 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။
2
ထိုအခါ ပိလတ်မင်းက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလေ၏။ ကိုယ်တော်ကလည်း “သင်ပြောသည့်အတိုင်းပေတည်း” ဟု မိန့်တော်မူ၏။
3
ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို အမျိုးမျိုးစွပ်စွဲကြ၏။
4
တစ်ဖန် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်စုံတစ်ခုမျှမဖြေဘဲနေသလော။ သင့်ကိုမည်မျှလောက်စွပ်စွဲနေကြသည်ကိုကြည့်ပါ”ဟု ဆို၏။
5
သို့သော် ယေရှုသည် နောက်ထပ် မည်သည့်အရာကိုမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အံ့ဩလေ၏။
6
ပိလတ်မင်းသည် ပွဲတော်ကျရောက်တိုင်း လူတို့တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
7
ထိုအချိန်တွင် ဆူပူအုံကြွမှုဖြစ်စဉ်က လူသတ်မှုကျူးလွန်သဖြင့် ဆူပူအုံကြွသူများနှင့်အတူအကျဉ်းချခံရသည့် ဗာရဗ္ဗဟုခေါ်သောသူတစ်ဦးရှိ၏။
8
လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။
9
ပိလတ်မင်းကလည်း “သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို လွှတ်ပေးစေလိုသလော”ဟု သူတို့အား ပြန်၍မေးလေ၏။
10
ထိုသို့မေးခြင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံခဲ့ကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
11
သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။
12
ထိုအခါ ပိလတ်မင်းက “သို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို မည်သို့ပြုရမည်နည်း”ဟု တစ်ဖန် မေးလေသော်
13
သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပြန်၍အော်ဟစ်ကြ၏။
14
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
15
ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
16
ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။
17
ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင်
18
“ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ကိုယ်တော်အားနှုတ်ဆက်ကြ၏။
19
ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။
20
ထိုသို့ ကိုယ်တော်ကိုပြောင်လှောင်ကြပြီးနောက် ခရမ်းရောင်ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ခေါ်ထုတ်သွားကြ၏။
21
ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
22
ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ဦးခေါင်းခွံအရပ်ဟုအဓိပ္ပာယ်ရှိသော ဂေါလဂေါသအရပ်သို့ခေါ်ဆောင်သွားပြီးလျှင်
23
ကိုယ်တော်အား မုရန်ရောစပ်ထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
24
ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များအား မည်သူက မည်သည့်အဝတ်ယူရမည်ကို မဲချ၍ ခွဲဝေကြ၏။
25
ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသည့်အချိန်မှာ နံနက်ကိုးနာရီဖြစ်၏။
26
ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။
27
ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
28
[ဤသို့ဖြင့် “သူသည် တရားမဲ့သောသူတို့၏စာရင်းတွင်ထည့်သွင်းခြင်းခံရ၏” ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ]
29
ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊
30
လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာ၍ သင့်ကိုယ်သင်ကယ်တင်လော့”ဟု ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
31
ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည်လည်း ကျမ်းပြုဆရာတို့နှင့်အတူ ကိုယ်တော်ကိုပြောင်လှောင်ကြကာ “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။
32
ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
33
မွန်းတည့်ချိန်ရောက်သောအခါ မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လာ၍ မွန်းလွဲသုံးနာရီတိုင်အောင် ထိုသို့ဖြစ်လေ၏။
34
မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း” ဟူ၍ဖြစ်၏။
35
အနီး၌ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ကြည့်ပါ။ သူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
36
ထိုအခါ လူတစ်ဦးသည်ပြေးသွား၍ ရေမြှုပ်ကို ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ ကာ “ရှိပါလေစေ။ ဧလိယသည် သူ့ကို အောက်သို့ချရန် လာမည်၊ မလာမည်ကို ငါတို့ကြည့်ကြစို့”ဟု ဆိုလေ၏။
37
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ချုပ်ငြိမ်းတော်မူ၏။
38
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။
39
ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်းတော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။
40
ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။
41
သူတို့သည် ဂါလိလဲနယ်၌ ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်သို့လိုက်၍ ကိုယ်တော်ကိုလုပ်ကျွေးပြုစုခဲ့သူများဖြစ်ကြ၏။ သူတို့အပြင် ကိုယ်တော်နှင့်အတူ ဂျေရုဆလင်မြို့သို့လိုက်ပါလာသည့် များစွာသောအခြားအမျိုးသမီးများလည်းရှိကြ၏။
42
ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ
43
ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
44
ပိလတ်မင်းသည် ယေရှုသေဆုံးပြီလောဟုအံ့ဩ၍ တပ်မှူးကိုခေါ်လျက် ယေရှုသေဆုံးပြီဖြစ်ကြောင်း ဟုတ်၊ မဟုတ်မေးလေ၏။
45
တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။
46
ထိုအခါ ယောသပ်သည် ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူထဲတွင်သွင်းထား၏။ ထို့နောက် ကျောက်တုံးကိုလှိမ့်၍ သင်္ချိုင်းဂူဝကို ပိတ်ထားလေ၏။
47
မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Mark Commentaries
→
Devotional
Mark Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→