bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 1
Song of Solomon 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
1
သီချင်းတကာတို့တွင် အသာယာဆုံးဖြစ်သည့် ရှောလမုန်မင်းကြီး၏သီချင်း။
2
“အရှင်သည် အကျွန်ုပ်ကို နှုတ်ခမ်းအနမ်းဖြင့် နမ်းပါစေသော။ အရှင့်မေတ္တာသည် စပျစ်ဝိုင်ထက် ချိုမြိန်ပါ၏။
3
အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
4
အကျွန်ုပ်ကို ဆွဲခေါ်သွားပါ။ အကျွန်ုပ်တို့ ပြေးကြပါစို့။ ရှင်ဘုရင်သည် အကျွန်ုပ်ကို အတွင်းခန်းသို့ ခေါ်ဆောင်သွားပါ၏။” “အကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက်ကြပါ၏။ စပျစ်ဝိုင်ထက် အရှင့်မေတ္တာအကြောင်းကို ချီးမွမ်းကြပါမည်။ အရှင့်ကို အမှန်တကယ်ချစ်ကြပါ၏။”
5
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
6
အကျွန်ုပ်သည် နေလောင်ခံရ၍ အသားမည်းသဖြင့် အကျွန်ုပ်ကို မကြည့်ပါနှင့်။ အကျွန်ုပ်နှင့်တစ်မိတည်းဖွားသောသားတို့သည် အကျွန်ုပ်ကို စိတ်ဆိုး၍ စပျစ်ခြံစောင့်အဖြစ် ထားပါ၏။ ကိုယ့်စပျစ်ခြံကိုပင် ကိုယ်မစောင့်ရပါ။
7
အကျွန်ုပ်ချစ်မြတ်နိုးရသောအရှင်၊ သိုးတို့ကို အဘယ်မှာ ထိန်းကျောင်းသနည်း။ မွန်းတည့်သောအခါ အဘယ်မှာလဲလျောင်းနားနေစေသနည်း။ အကျွန်ုပ်ကို ပြောပြပါ။ အဘယ်ကြောင့် အရှင့်မိတ်ဆွေတို့၏ သိုးအုပ်များကြားတွင် အကျွန်ုပ်သည် ပုန်းလျှိုးကွယ်လျှိုးနေရပါမည်နည်း။”
8
“မိန်းမတကာတို့ထက် အဆင်းလှသောမိန်းမ၊ သင်မသိလျှင် သိုးတို့နောက်သို့ ခြေရာခံလိုက်ပါ။ သိုးထိန်းတို့၏တဲနားတွင် သင့်ဆိတ်သငယ်တို့ကို ထိန်းကျောင်းပါ။
9
ငါ့ချစ်သူလေး၊ သင့်ကို ဖာရောမင်းကြီး၏ စစ်ရထား၌ကသော မြင်းမလေးနှင့် တင်စားမည်။
10
ခြယ်သထားသောသင့်ပါးတို့သည် တင့်တယ်လှပေ၏။ သင့်လည်တိုင်သည်လည်း လည်ဆွဲရတနာတို့ဖြင့် တင့်တယ်လှပေ၏။”
11
“သင့်အဖို့ ငွေပုတီးလုံးစီချယ်ထားသော ရွှေတန်ဆာများကို ငါတို့ပြုလုပ်ပေးမည်။”
12
“ရှင်ဘုရင်သည် စားပွဲဝိုင်း၌ထိုင်စဉ် အကျွန်ုပ်၏နာဒုဆီမွှေးရနံ့သည် ပျံ့လွင့်မွှေးကြိုင်လျက် ရှိပါ၏။
13
အကျွန်ုပ်ချစ်သူသည် အကျွန်ုပ်၏ရင်သားကြား၌ တစ်ညလုံးရှိနေသော မုရန်အိတ်ငယ်နှင့် တူပါ၏။
14
အကျွန်ုပ်ချစ်သူသည် အင်္ဂေဒိစပျစ်ခြံမှ ဟင်္နာပန်းခိုင်နှင့် တူပါ၏။”
15
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ သင့်မျက်လုံးများလည်း ချိုးငှက်မျက်လုံးနှင့် တူပါ၏။”
16
“ကြည့်ပါလော့။ အကျွန်ုပ်ချစ်သူ၊ အရှင်သည် အလွန်ခန့်ညားပါ၏။ နှစ်လိုဖွယ်ကောင်းပါ၏။ အကျွန်ုပ်တို့အိပ်ရာသည် စိမ်းလန်းစိုပြည်လှပါ၏။
17
သစ်ကတိုးများသည် အကျွန်ုပ်တို့၏အိမ်ရက်မ၊ ထင်းရှူးများသည် အကျွန်ုပ်တို့၏အိမ်ဒိုင်း ဖြစ်ပါ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 2 →
All chapters:
1
2
3
4
5
6
7
8