bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 4
Song of Solomon 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
1
“ကြည့်ပါ။ ငါ့ချစ်သူလေး၊ သင်သည် အဆင်းလှပေ၏။ ကြည့်ပါ။ သင်သည် အဆင်းလှပေ၏။ မျက်နှာလွှားအောက်မှ သင့်မျက်လုံးများသည် ချိုးငှက်မျက်လုံးနှင့် တူပါ၏။ သင့်ဆံကေသာလေးများသည်လည်း ဂိလဒ်တောင်ပေါ်မှ ခုန်ပေါက်၍ဆင်းလာသော ဆိတ်အုပ်နှင့် တူပါ၏။
2
သင့်သွားများသည်လည်း အမွေးညှပ်ပြီးရေချိုးရာမှတက်လာသော သိုးအုပ်နှင့် တူပါ၏။ ထိုသိုးတို့သည် တစ်ကောင်မျှသားမလျှော၊ အမြွှာသာ ဖွားတတ်ကြပါ၏။
3
သင့်နှုတ်ခမ်းများသည်လည်း အနီရောင်ဖဲကြိုးနှင့် တူပါ၏။ သင့်နှုတ်သည်လည်း ချစ်စရာကောင်းလှပါ၏။ မျက်နှာလွှားအောက်မှ သင့်ပါးပြင်သည်လည်း ထက်ခြမ်းခွဲထားသောသလဲသီးနှင့် တူပါ၏။
4
သင့်လည်တိုင်သည်လည်း ကျောက်များဖြင့်စီတန်းဆောက်လုပ်ထားသော ဒါဝိဒ်မင်းကြီး၏ရဲတိုက်နှင့် တူပါ၏။ ထိုရဲတိုက်တွင် ဒိုင်းလွှားအခုတစ်ထောင် ချိတ်ဆွဲထားပြီး ဒိုင်းလွှားတစ်ခုစီသည် စစ်သူရဲတို့ ကိုင်ဆောင်သောဒိုင်းလွှားများဖြစ်၏။
5
သင့်ရင်သားနှစ်မြွှာသည်လည်း နှင်းပန်းကြားတွင် ကျက်စားသော သမင်ငယ်လေးနှစ်ကောင်၊ အမြွှာဒရယ်ငယ်လေးနှစ်ကောင်တို့နှင့် တူပါ၏။
6
နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ မုရန်တောင်နှင့် လော်ဗန်တောင်ကုန်းသို့ ငါသွားမည်။
7
ငါ့ချစ်သူလေး၊ သင်သည် ပြစ်မျိုးမှဲ့မထင် တစ်ကိုယ်လုံးအဆင်းလှပေ၏။
8
အို ငါ့သတို့သမီး၊ လက်ဘနွန်တောင်မှ ငါနှင့်လိုက်ခဲ့ပါ။ လက်ဘနွန်တောင်မှ ငါခေါ်ရာသို့လိုက်ခဲ့ပါ။ အာမနတောင်ထိပ်၊ စနိရတောင်ထိပ်တို့မှစ၍ ဟေရမုန်တောင်၊ ခြင်္သေ့တွင်း၊ ကျားသစ်တို့ကျက်စားရာတောင်တို့မှ ဆင်းလာခဲ့ပါ။
9
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။ သင်၏အကြည့်တစ်ချက်၊ ကျောက်မျက်လည်ဆွဲတစ်ကုံးဖြင့် ငါ့နှလုံးသားကို အပိုင်သိမ်းလေပြီ။
10
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်၏ချစ်ခြင်းမေတ္တာသည် တင့်တယ်လှပါ၏။ သင်၏ချစ်ခြင်းမေတ္တာသည် စပျစ်ဝိုင်ထက်သာ၍ နှစ်သက်ဖွယ်ကောင်းပါ၏။ သင်၏နံ့သာဆီသည်လည်း အမွှေးနံ့သာတကာတို့ထက် သာ၍မွှေးပါ၏။
11
အို ငါ့သတို့သမီး၊ သင့်နှုတ်ခမ်းတို့သည် ပျားလပို့မှ ပျားရည်ယိုသကဲ့သို့ ဖြစ်ပါ၏။ သင့်လျှာအောက်တွင် ပျားရည်၊ နို့ရည်တို့ ရှိပါ၏။ သင့်အဝတ်အစားတို့၏ရနံ့သည်လည်း လက်ဘနွန်ရနံ့နှင့် တူပါ၏။
12
အို ငါ့နှမ၊ ငါ့သတို့သမီး၊ သင်သည် ပိတ်ထားသောဥယျာဉ်၊ ပိတ်ထားသောရေကန်၊ ပိတ်ဆို့ထားသောစမ်းရေပေါက် ဖြစ်၏။
13
သင့်အစို့အညှောက်သည် အကောင်းဆုံးအသီးကိုသီးသောသလဲတော၊ နာဒုပင်ရောပေါက်သော ဟင်္နာတော၊
14
နာဒုနှင့်ကုံကုမံ၊ ခါနဲ နှင့်သစ်ကြံပိုး စသည့်အမွှေးနံ့သာပင်အပေါင်းတို့ပေါက်ရာတော၊ မုရန်၊ သစ်မွှေးနှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပင်အပေါင်းတို့ပေါက်ရာတော ဖြစ်၏။
15
ဥယျာဉ်ထဲမှစမ်းချောင်း၊ စမ်းရေတွင်း၊ လက်ဘနွန်တောင်မှ စီးဆင်းလာသောရေ ဖြစ်၏။”
16
“အို မြောက်လေ၊ နိုးပါ။ အို တောင်လေ၊ လာပါ။ အကျွန်ုပ်ဥယျာဉ်တွင် တိုက်ခတ်ပါ။ သို့မှ အရှင့်ထံမှအမွှေးနံ့သာတို့ ပျံ့သွားမည်။ အကျွန်ုပ်ချစ်သူသည် မိမိဥယျာဉ်ထဲသို့ လာပါစေ။ အကောင်းဆုံးအသီးကို စားပါစေ။”
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 5 →
All chapters:
1
2
3
4
5
6
7
8