bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 5
Song of Solomon 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
1
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
2
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။
3
အကျွန်ုပ်သည် ဝတ်ရုံကိုချွတ်ပြီးပါပြီ၊ ပြန်ဝတ်ရမည်လော။ ခြေကိုဆေးပြီးပါပြီ၊ ညစ်ပေအောင် ပြန်လုပ်ရမည်လော။
4
အကျွန်ုပ်ချစ်သူသည် တံခါးပေါက်မှ လက်လှမ်းလျှိုလိုက်သောအခါ အကျွန်ုပ်၏အသဲနှလုံး တုန်ခါသွားပါ၏။
5
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်သောအခါ အကျွန်ုပ်လက်ကြားမှ မုရန်ဆီတို့ယို၍ လက်ချောင်းများကြားမှ တံခါးလက်ကိုင်ပေါ်သို့ စီးကျလာပါ၏။
6
အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးသော်လည်း ချစ်သူမှာ ထွက်သွားနှင့်လေပြီ။ သူစကားပြောသောအခါ အကျွန်ုပ်ရင်ခုန်လွန်းလှပါ၏။ သူ့ကိုရှာသော်လည်း မတွေ့ပါ။ ခေါ်သော်လည်း မထူးပါ။
7
မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။
8
အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်ချစ်သူကိုတွေ့လျှင် အကျွန်ုပ်အချစ်နာကျနေသည်ကို သူ့အားပြောပြပေးပါမည်ဟု ကျိန်ဆိုကြပါလော့။”
9
“မိန်းမတကာတို့ထက် အဆင်းလှသောမိန်းကလေး၊ သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။ သင်သည် အကျွန်ုပ်တို့ကို ကျိန်ဆိုစေရလောက်အောင် သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။”
10
“အကျွန်ုပ်ချစ်သူသည် စိုပြည်နီမြန်းသောအသားအရောင်ရှိပါ၏။ လူတစ်သောင်းအလယ်တွင်ပင် ထင်းကနဲပေါ်လွင်သူဖြစ်ပါ၏။
11
အကျွန်ုပ်ချစ်သူ၏ဦးခေါင်းမှာ ရွှေစင်နှင့်တူပါ၏။ ဆံပင်မှာ ကျီးကန်းကဲ့သို့ မည်းနက်ပြီး လှိုင်းတွန့်ပုံဖြစ်ပါ၏။
12
သူ့မျက်လုံးများကား နို့ရည်ချိုးပြီး ရေပြည့်လျှံသည့်ချောင်းနံဘေးတွင်နေလေ့ရှိသော ချိုးငှက်၏မျက်လုံးနှင့်တူ၏။
13
သူ့ပါးပြင်တို့သည် မွှေးကြိုင်သောအိပ်ရာ၊ အမွှေးနံ့သာထုံသင်းသောရဲတိုက်နှင့်တူ၏။ သူ့နှုတ်ခမ်းသည်လည်း မုရန်ဆီယိုစီးသော နှင်းပန်းနှင့်တူ၏။
14
သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။
15
သူ့ခြေထောက်များသည် ရွှေစင်အုတ်ခုံပေါ်တွင် စိုက်ထူထားသော စကျင်ကျောက်တိုင်နှင့်တူ၏။ သူ့ရုပ်သွင်သည်လည်း အကောင်းဆုံးသစ်ကတိုးပင်များပေါက်ရာ လက်ဘနွန်တောင်နှင့်တူ၏။
16
နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 6 →
All chapters:
1
2
3
4
5
6
7
8