bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 3
Song of Solomon 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 4 →
1
ညအချိန်များ၌ အိပ်ရာပေါ်တွင် အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို ရှာဖွေမိပါ၏။ ရှာသော်လည်း မတွေ့ပါ။
2
‘ငါထပြီး မြို့ထဲသွားမည်။ လမ်းတကာ၊ လမ်းဆုံလမ်းခွတို့တွင် ငါချစ်မြတ်နိုးသောအရှင်ကို ရှာပါမည်’ဟု ဆိုပြီး ရှာသော်လည်း မတွေ့ပါ။
3
မြို့ထဲတွင် ကင်းလှည့်နေသူတို့သည် အကျွန်ုပ်ကိုတွေ့ကြ၏။ အကျွန်ုပ်က ‘အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို သင်တို့တွေ့မိပါသလား’ဟု မေးပါ၏။
4
ကင်းစောင့်တို့ကို အနည်းငယ်ကျော်လွန်သွားသောအခါ အကျွန်ုပ်ချစ်မြတ်နိုးသောအရှင်ကို တွေ့ရပါ၏။ အကျွန်ုပ်ကိုမွေးဖွားသောအမေ့အိမ်အတွင်းခန်းထဲသို့ သူ့ကို အကျွန်ုပ်ခေါ်ဆောင်လာပါ၏။ မရောက်မချင်း သူ့ကို မလွတ်တမ်းဆုပ်ကိုင်ထားပါ၏။
5
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။”
6
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
7
ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
8
ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။
9
ရှောလမုန်မင်းကြီးသည် ကိုယ့်အဖို့ ထိုဝေါယာဉ်ကို လက်ဘနွန်သစ်သားများဖြင့် ပြုလုပ်ထား၏။
10
ဝေါယာဉ်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ခြေကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ခုံအခင်းကို ခရမ်းရောင်အထည်ဖြင့်လည်းကောင်း ပြုလုပ်ထား၏။ ဂျေရုဆလင်သမီးပျိုတို့သည် အတွင်းပိုင်းကို ချစ်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထား၏။
11
အို ဇိအုန်သမီးပျိုတို့၊ ထိမ်းမြားပွဲနေ့၊ စိတ်နှလုံးရွှင်လန်းရာနေ့တွင် မယ်တော်ကိုယ်တိုင်ဆောင်းပေးသောသရဖူကို ဆောင်းထားသော ရှောလမုန်မင်းကြီးကို ထွက်ကြည့်ကြပါလော့။”
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 4 →
All chapters:
1
2
3
4
5
6
7
8