bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 8
Song of Solomon 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
1
အရှင့်ကို အကျွန်ုပ်နှင့် အမိနို့စို့ဖက်မောင်နှမ ဖြစ်စေချင်ပါ၏။ သို့ဖြစ်ပါက အရှင်နှင့် အပြင်မှာတွေ့၍ အရှင့်ကိုနမ်းလျှင်လည်း အကျွန်ုပ်ကို တစ်ပါးသူတို့ မထီမဲ့မြင်ပြုမည်မဟုတ်ပါ။
2
အကျွန်ုပ်အား သွန်သင်လမ်းပြပေးခဲ့သော အကျွန်ုပ်၏မိခင်အိမ်သို့ အရှင့်ကို ဦးဆောင်ခေါ်သွားပါမည်။ အရှင့်ကို ရနံ့သင်းသောဝိုင်ဖြစ်သည့် သလဲသီးဝိုင်အသစ်ကို တိုက်ပါမည်။
3
အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံးဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကိုပွေ့ဖက်ထားပါ၏။
4
အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
5
“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
6
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
7
အချစ်ကို ရေလုံးကြီးနှင့် ငြှိမ်းသတ်၍မရ။ မြစ်ရေများလည်း မတိုက်စားနိုင်။ လူသည် အချစ်ကိုရဖို့ အိမ်၌ရှိသောစည်းစိမ်ဥစ္စာအားလုံးကိုပေးလျှင်ပင် လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုသာခံရလိမ့်မည်။”
8
“အကျွန်ုပ်တို့၌ ငယ်ရွယ်သောညီမတစ်ဦးရှိပါ၏။ သူသည် သားမြတ်ပင်မပေါ်သေး။ သူ့ကို လာရောက်တောင်းရမ်းသောနေ့တွင် အကျွန်ုပ်တို့ မည်သို့ပြုပေးရပါမည်နည်း။
9
သူသည် မြို့ရိုးဖြစ်လျှင် ထိုအပေါ်တွင် ငွေပြအိုးကိုတည်မည်။ သူသည် တံခါးဖြစ်လျှင် သူ့ကိုသစ်ကတိုးသားဖြင့် ဆောက်လုပ်မည်။”
10
“အကျွန်ုပ်သည် မြို့ရိုးဖြစ်၍ အကျွန်ုပ်၏သားမြတ်တို့သည် မျှော်စင်နှင့်တူပါ၏။ ထို့ကြောင့် အရှင့်မျက်လုံးထဲတွင် အကျွန်ုပ်သည် အေးချမ်းမှုကိုပေးသောသူဖြစ်ပါ၏။
11
ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
12
အကျွန်ုပ်ပိုင်သော စပျစ်ခြံသည် အကျွန်ုပ်ရှေ့၌ ရှိပါ၏။ အို ရှောလမုန်မင်းကြီး၊ အရှင်က ငွေစတစ်ထောင်ယူပါ။ စပျစ်ခြံလုပ်သားတို့ကား ငွေစနှစ်ရာယူပါ။”
13
“ဥယျာဉ်များတွင်နေသောသူ၊ သင့်အသံကို သင့်အပေါင်းအဖော်တို့ နားစွင့်နေပါ၏။ ငါလည်း သင့်အသံကိုကြားပါရစေ။”
14
“အို အကျွန်ုပ်ချစ်သူ၊ အမွှေးနံ့သာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် အပြေးလာပါလော့။”
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
All chapters:
1
2
3
4
5
6
7
8