bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Song of Solomon 2
Song of Solomon 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
1
အကျွန်ုပ်သည် ရှာရုန်အရပ်၌ပွင့်သောနှင်းဆီပန်း၊ လွင်ပြင်၌ပွင့်သောနှင်းပန်း ဖြစ်ပါ၏။”
2
“မိန်းမပျိုတို့အလယ်တွင် ငါ့ချစ်သူလေးသည် ဆူးပင်များကြားမှနှင်းပန်းကဲ့သို့ ဖြစ်ပါ၏။”
3
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
4
အရှင်သည် အကျွန်ုပ်ကို စားသောက်ပွဲကျင်းပရာအိမ်သို့ ခေါ်သွားပါ၏။ အကျွန်ုပ်ပေါ်၌ရှိသောအရှင်၏အောင်လံသည် မေတ္တာဖြစ်ပါ၏။
5
အချစ်နာကျနေသောအကျွန်ုပ်ကို စပျစ်သီးခြောက်ကျွေး၍ အားဖြည့်ပေးပါ၏။ ပန်းသီးကျွေး၍လည်း လန်းဆန်းစေပါ၏။
6
အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။
7
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
8
အကျွန်ုပ်ချစ်သူ၏အသံပါတကား။ ကြည့်ပါ။ တောင်တန်းများကို ကျော်လွှားလျက်၊ တောင်ကုန်းများတွင် ခုန်ပျံလျက် လာနေပြီ။
9
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
10
အကျွန်ုပ်ချစ်သူက အကျွန်ုပ်အား ‘လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
11
ကြည့်ပါ။ ဆောင်းရာသီ ကုန်ပြီ။ မိုးလည်း ကုန်ဆုံးဆုတ်ခွာသွားလေပြီ။
12
မြေပေါ်မှာ ပန်းများ ပွင့်လေပြီ။ တေးသီချင်းသီဆိုချိန်ရောက်ပြီ။ ငါတို့ပြည်တွင် ချိုးကူသံလည်းကြားရပြီ။
13
သဖန်းပင်မှ သဖန်းသီးစိမ်းများလည်း မှည့်စပြုလာပြီ။ စပျစ်ပင်များလည်း အပွင့်ပွင့်၍ မွှေးကြိုင်လေပြီ။ လှပသောငါ့ချစ်သူလေး၊ ထပါ။ ငါနှင့်အတူ လိုက်ခဲ့ပါ။
14
ကျောက်ဆောင်များကြား၊ ချောက်ကမ်းပါးများကြားတွင် ခိုအောင်းနေသော ငါ၏ချိုးငှက်လေးရေ၊ သင့်မျက်နှာကို မြင်လိုပါ၏။ သင့်အသံကို ကြားလိုပါ၏။ သင့်အသံသည် နားဝင်ချိုလှ၏။ သင့်မျက်နှာသည်လည်း တင့်တယ်လှပပေ၏’ဟု ဆို၏။”
15
“အကျွန်ုပ်တို့၏စပျစ်ပင်တို့ ပွင့်လေပြီ။ စပျစ်ပင်တို့ကို ဖျက်ဆီးနေသော မြေခွေးကြီးမြေခွေးငယ်များကို ဖမ်းဆီးပေးကြပါ။”
16
“အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
17
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 3 →
All chapters:
1
2
3
4
5
6
7
8