bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 10
Daniel 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
1
ပေရသိရှင်ဘုရင်ကုရု နန်းစံသုံးနှစ်တွင်၊ ဗေလတရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ်တော်ကို ခံရ၏။ ထိုဗျာဒိတ်တော်စကား မှန်ပေ၏။ ကြီးစွာသော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကိုနားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
2
ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တစ်ရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
3
အရက်နှစ်ဆယ်တစ်ရက် မစေ့မီ မြိန်သောမုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။
4
ပထမလ နှစ်ဆယ်လေးရက်နေ့၌ ငါသည် ဟိဒကေလ မြစ်ကြီးအနားမှာရှိစဉ်၊
5
မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ဝတ်စည်းလျက်ရှိသော လူတစ်ဦးကိုမြင်၏။
6
သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့် တူ၏။
7
ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတစ်ယောက်တည်း မြင်ရ၏။ ငါနှင့်အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပုန်းရှောင်၍ နေခြင်းငှာ ပြေးကြ၏။
8
ငါမူကား၊ တစ်ယောက်တည်းနေရစ်၍ ထိုကြီးစွာသော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက်လျက်၊ ကိုယ်၌ အစွမ်းသတ္တိ အလျှင်းမရှိ ဖြစ်လေ၏။
9
သို့ရာတွင်၊ ထိုသူ၏စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက် နေ၏။
10
ထိုအခါ လက်တစ်ဖက်သည် ငါ့ကိုကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
11
သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။
12
ထိုအခါ သူကလည်း၊ အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှာလည်းကောင်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှာလည်းကောင်း၊ စိတ်ပြဌာန်းသော ပထမနေ့မှစ၍ သင်၏စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာပြီ။
13
ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက်နှစ်ဆယ်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ ဆိုင်းလင့်၍ နေရ၏။
14
ယခုမူကား၊ နောင်ကာလတွင် သင်၏အမျိုးသားချင်းတို့၌ ဖြစ်လတ္တံ့သော အမှုအရာတို့ကို သင်သည် နားလည်စေခြင်းငှာ ငါရောက်လာပြီ။ ဤဗျာဒိတ်ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အားပြောဆို၏။
15
ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွှတ်ပျပ်ဝပ်၍ စကားမပြောနိုင်ဘဲ နေ၏။
16
ထိုအခါ လူသား၏သဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည် နှုတ်ကိုဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
17
ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ်ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသောသူအားငါလျှောက်၏။
18
နောက်တစ်ဖန် လူသဏ္ဌာန်ရှိသောသူသည်လာ၍ ငါ့ကို လက်နှင့်တို့လျက် အားပေးပြီးလျှင်၊
19
အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကိုငါရ၍၊ အကျွန်ုပ်၏သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကိုခွန်အားပေးတော်မူပြီဟု လျှောက်၏။
20
ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှာ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည်နောက်၊ တစ်ဖန်ဟေလသမင်းသည် ပေါ်လာလိမ့်မည်။
21
သို့ရာတွင် သမ္မာကျမ်းစာ၌မှတ်သားသော အမှုအရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်းမိက္ခေလမှတစ်ပါး ငါ့ဘက်မှာနေသောသူ မရှိ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12