Daniel 2

Burmese 2021

← Chapter 1 Chapter 3 →
45သံ၊ ကြေး​ဝါ၊ သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ကို ချိုး​ဖဲ့​သည်​ကို မြင်​တော်​မူ​သည် အ​ကြောင်း​အ​ရာ​မှာ၊ ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်​သော နိုင်​ငံ​တစ်​ခု​ကို ထို​မင်း​ကြီး​များ လက်​ထက်၌ ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်​သည် တည်​ထောင်​စေ​တော်​မူ​မည်။ ထို​နိုင်​ငံ​သည် အ​ခြား​သော လူ​မျိုး​လက်​သို့ မ​ရောက်​ရ​ဘဲ၊ အ​ထက်​ဆို​ခဲ့​ပြီး​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ဖျက်​ဆီး၍ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ထို​သို့​နောင်၌ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား ကြား​ပြော​တော်​မူ၏။ အိပ်​မက်​တော် ရွေ့​လျော့​ခြင်း​မ​ရှိ။ အ​နက်​သည်​လည်း မှန်​ပါ၏​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ လျှောက်​ထား၏။
← Chapter 1 Chapter 3 →