bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 9
Daniel 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
1
ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန်စေမည်ဟု၊
2
ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက်ယေရမိ ခံဖူးသည်ဖြစ်၍၊ ခါလဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိ နန်းစံပထမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာအားဖြင့် သိရသောကြောင့်၊
3
အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာ ပြု၏။
4
ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသောပတ္ထနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
5
အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
6
အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့်နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။
7
အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
8
အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
9
အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အကျွန်ုပ်တို့အရှင် ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
10
အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှာ၊ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။
11
အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ကျိန်ဆိုတော်မူခြင်းတည်းဟူသော ဘုရားသခင်၏ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသောအကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
12
အကျွန်ုပ်တို့တစ်ဖက်၊ အကျွန်ုပ်တို့ကိုအုပ်သော တရားသူကြီးတို့ တစ်ဖက်၌ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသောဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
13
မောရှေ၏ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
14
ထိုကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကိုစောင့်၍၊ အကျွန်ုပ်တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီတကား။
15
တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏လူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်၍ ယနေ့၌ရှိသည်အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့် ပြုမိပါပြီ။
16
အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့် အညီ၊ သန့်ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ်များမှစ၍ ဘိုးဘေးတို့၏အပြစ်များကြောင့်၊ ယေရုရှလင်မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။
17
ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်၏ကျွန်ပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။
18
အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပတ္ထနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
19
အို ဘုရားရှင်၊ နားထောင်တော်မူပါ။ အို ဘုရားရှင်၊ အပြစ်ကိုလွှတ်တော်မူပါ။ အို ဘုရားရှင်၊ နားထောင်၍ ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြု၏။
20
ထိုသို့ ဆုတောင်းပတ္ထနာပြု၍၊ ကိုယ်အပြစ်ကိုလည်းကောင်း၊ အမျိုးသားချင်း ဣသရေလလူတို့၏အပြစ်ကိုလည်းကောင်း ဖော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသောတောင်တော်အဖို့ ငါပြုသောပတ္ထနာစကားကို၊ ငါ၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဆက်ကပ်လျက်နေ၍၊
21
ဆုတောင်းသောအမှုမပြီးမီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ထင်ရှားသောသူ၊ ဂါဗြေလသည် လျင်မြန်စွာပျံ၍ လာသဖြင့် ညဥ့်ဦးယံပူဇော်ချိန်၌ ငါရှိရာသို့ ရောက်၍၊
22
နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင်၌ ဉာဏ်ပညာ တိုးပွားစေမည်အကြောင်း ထွက်လာပြီ။
23
သင်သည် ဆုတောင်းစပြုသောအခါ အမိန့်တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှာ ငါရောက်လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည်ရသောအခွင့်ရှိ၏။
24
လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။
25
ထိုကြောင့်၊ ယေရုရှလင်မြို့ကို တစ်ဖန် တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အယှက် ခံရသောကာလ၌ မြို့လမ်းကို တစ်ဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
26
ထိုသီတင်း ခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော် သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။ ထိုနောက်မှလာသော သခင်၏လူတို့သည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ ရေလွှမ်းမိုးသောအားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
27
တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12