bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 7
Daniel 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံ ပထမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသောအချက်ကား၊
2
ငါ ဒံယေလသည် ညအခါ အာရုံပြု၍၊ မိုးကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊
3
သဏ္ဌာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပထမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်းရှိ၏။
4
ငါ ကြည့်ရှု၍နေစဉ်၊ သူ၏အတောင်ကို နုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့်မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်းရ၏။ ဒုတိယသားရဲသည် ဝံနှင့်တူ၏။
5
တစ်ဖက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စားလော့ဟု သူ့အားပြောကြ၏။
6
တစ်ဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။
7
ထိုညအခါ၊ တစ်ဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။
8
ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်လည်းကောင်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်လည်းကောင်း ပြည့်စုံ၏။
9
ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏။
10
မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသောသူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှာပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။
11
ထိုအခါ ချိုငယ်ပြောသော စကားကြီးအသံကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ကိုယ်ကို မီးရှို့၍ ဖျက်ဆီးကြ၏။
12
အခြားသော သားရဲမူကား၊ အစိုးရသော အခွင့်တန်ခိုး ရှုံးသော်လည်း၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ၏။
13
ထိုညအခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတစ်ဦးသည် မိုးတိမ်ကိုစီးလျက်၊ အသက်ကြီးသော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။
14
အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက် တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။
15
ငါဒံယေလသည် ကိုယ်ခန္ဓာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊
16
အနား၌ ရပ်နေသော သူတစ်ယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းသော်၊
17
ထိုသူက၊ ဤသားရဲလေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတ္တံ့သော နိုင်ငံလေးပါးဖြစ်၏။
18
သို့သော်လည်း၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတ္တံ့ဟု အနက်အဓိပ္ပာယ်ကို ကြားပြော၏။
19
ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဖွယ်ဖြစ်လျက်၊ သံသွားနှင့်လည်းကောင်း၊ ကြေးဝါ လက်သည်းခြေသည်းနှင့်လည်းကောင်း ပြည့်စုံသဖြင့်၊ ကိုယ်စားချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊
20
သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ ဆိုလိုသည်ကိုလည်းကောင်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနုတ်၍၊ ကြီးစွာသောစကားကို ပြောတတ်သောနှုတ်နှင့် မျက်စိရှိသဖြင့်၊ မိမိအဖော်တို့ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတစ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကိုလည်းကောင်း သိခြင်းငှာ ငါအလိုရှိ၏။
21
ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောသူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊
22
ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည်တိုင်အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ၏။
23
ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။
24
ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သော မင်းကြီးဆယ်ပါး ဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။
25
အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။
26
ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏တန်ခိုးအာဏာကိုနုတ်၍ ရှင်းရှင်း ဖျက်ဆီးကြလိမ့်မည်။
27
ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသောအမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။
28
ဤရွေ့ကား အနက်အဓိပ္ပာယ်ပေတည်းဟု ဆိုလေ၏။ ငါဒံယေလသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မြင်ရသောအာရုံများကို စိတ်နှလုံးထဲ၌ သိုထား၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
Recommended Reading
Commentary
Daniel Commentaries
→
Devotional
Daniel Devotional Guide
→
Get This Bible
Burmese Study Bible
→