bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 12
Daniel 12
Burmese 2021
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
1
ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
2
ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။
3
ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
4
သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို၏။
5
ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တစ်ဖက်တစ်ပါးစီ ရပ်နေကြ၏။
6
တစ်ပါးကလည်း၊ အံ့ဖွယ်သော ဤအမူအရာတို့သည် မကုန်စင်မီ အဘယ်မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကို မေးမြန်း၏။
7
ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။
8
ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊
9
ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည် ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက် ရှိ၏။
10
လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့် ပြု၍ တစ်ယောက်မျှ နားမလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့်မည်။
11
နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် ပေါ်လာပြီးမှ၊ အရက် တစ်ထောင်နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
12
အရက် တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍ မီသောသူသည် မင်္ဂလာရှိ၏။
13
သင်မူကား အဆုံးမဖြစ်မီတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိုက်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
All chapters:
1
2
3
4
5
6
7
8
9
10
11
12