bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 6
Daniel 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
1
ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တစ်ရာနှစ်ဆယ် တို့ကိုလည်းကောင်း၊
2
အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှာ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုလည်းကောင်း အလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကိုရသည်သာမက၊
3
ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။
4
ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကိုရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှ မရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊
5
ဘုရားသခင်၏ ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
6
အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင်မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
7
ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
8
သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
9
ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ်ခတ်တော်မူ၏။
10
အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်းပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11
ထိုသို့ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊
12
အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျက် ရှိပါသည်မဟုတ်လောဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
13
မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍နေပါသည်ဟု လျှောက်ထားကြ၏။
14
ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။
15
တစ်ဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တစ်ခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန်လျှင်၊
16
တစ်ဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
17
ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှာ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။
18
ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
19
နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန် သွားတော်မူ၏။
20
ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။
21
ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲ ရှင်ပါစေ။
22
အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါဟု ပြန်လျှောက်လေ၏။
23
ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။
24
ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
25
ထိုအခါ မြေကြီးတစ်ပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။
26
ငါအစိုးရသော တစ်နိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရား ဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
27
မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ထိုသို့သောဘုရား ဖြစ်တော်မူ၏ဟု အမိန့်တော်ရှိ၏။
28
ထိုသို့ဒံယေလသည် ဒါရိမင်းကြီးလက်ထက်၌လည်းကောင်း၊ ပေရသိအမျိုး ကုရုမင်းကြီး လက်ထက်၌လည်းကောင်း ကောင်းစားလျက်နေ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
Recommended Reading
Commentary
Daniel Commentaries
→
Devotional
Daniel Devotional Guide
→
Get This Bible
Burmese Study Bible
→