bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Daniel 8
Daniel 8
Burmese 2021
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
ဗေလရှာဇာမင်းကြီး နန်းစံသုံးနှစ်တွင်၊ ငါ ဒံယေလသည် ယခင် ဗျာဒိတ်တော်ကို မြင်ပြီးသည်နောက်၊ တစ်ဖန် ဗျာဒိတ်ရူပါရုံကို မြင်ရသောအကြောင်းအရာဟူမူကား၊
2
ဧလံပြည်၊ ရှုရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ငါရှိစဉ်၊ ရူပါရုံထင်ရှား၍၊
3
ငါမျှော်ကြည့်သော်၊ ရှည်လျားသော ချိုနှစ်ချောင်းရှိသော သိုးတစ်ကောင်သည် မြစ်တစ်ဖက်၌ ရပ်နေ၏။ ထိုချိုနှစ်ချောင်းသည် မညီ၊ တစ်ချောင်းသာ၍ ရှည်၏။ သာ၍ ရှည်သောချိုသည် နောက်ပေါက်သတည်း။
4
ထိုသိုးသည် အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့ တိုးခွေ့သောကြောင့် အဘယ်တိရစ္ဆာန်မျှ မခံနိုင်၊ အဘယ်သူမျှ သူ့လက်မှ မကယ်မလွှတ်နိုင်သည် ဖြစ်၍ မိမိအလိုရှိသည်အတိုင်း ပြုသဖြင့် ကြီးမားခြင်းသို့ ရောက်လေ၏။
5
ထိုအမှုကို ငါဆင်ခြင်လျက်နေသောအခါ၊ မျက်စိနှစ်လုံးကြား၌ ထူးဆန်းသော ချိုတစ်ချောင်းရှိသော ဆိတ်တစ်ကောင်သည် အနောက်မျက်နှာကလာ၍၊ မြေကိုမနင်းဘဲ မြေကြီးတစ်ပြင်လုံးကို ကျော်လေ၏။
6
ချိုနှစ်ချောင်းနှင့် မြစ်တစ်ဘက်၌ ထင်ရှားသော သိုးရှိရာသို့ ပြင်းစွာသော အဟုန်နှင့်ပြေး၍၊
7
အနားသို့ ရောက်သောအခါ၊ ပြင်းစွာ အမျက်ထွက်သဖြင့် သိုးကို ခတ်၍ သိုးချိုနှစ်ချောင်းကို ချိုးဖဲ့၏။ သိုးသည် ခံနိုင်သော တန်ခိုးမရှိသည် ဖြစ်၍ ဆိတ်သည် သူ့ကိုမြေ၌လှဲ၍ နင်းလေ၏။ သူ့လက်မှ အဘယ်သူမျှ သိုးကို မကယ်မလွှတ်နိုင်။
8
သို့ဖြစ်၍၊ ထိုဆိတ်သည် အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ခွန်အားကြီးသောအခါ ချိုကြီးကျိုးပဲ့၏။ ထိုချိုအရာ၌ ထူးဆန်းသော ချိုလေးချောင်းပေါက်၍၊ မိုးကောင်းကင်လေးမျက်နှာသို့ မျက်နှာပြုကြ၏။
9
ထိုချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသော ချိုတက်တစ်ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့လည်းကောင်း၊ အရှေ့မျက်နှာသို့လည်းကောင်း၊ သာယာသောပြည်သို့လည်းကောင်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။
10
ကောင်းကင်ဗိုလ်ခြေတိုင်အောင် ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။
11
ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ် ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။
12
အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။
13
ထိုအခါ သန့်ရှင်းသူတစ်ပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်လည်းကောင်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊
14
ယခင်ပြောသောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟု ပြန်၍ ပြောဆို၏။
15
ငါဒံယေလသည် ထိုရူပါရုံကိုမြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသော သူတစ်ဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။
16
အခြားသောသူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခုမြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှာ အနက်ကို ပြန်ပြောလော့ဟု၊ ဥလဲမြစ်နားကြားမှာ လူအသံနှင့် ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။
17
ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပျပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်ရူပါရုံသည် အမှုကုန်ရသောကာလနှင့် ဆိုင်သည်ဟု ငါ့အား ပြောဆို၏။
18
ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပျပ်ဝပ်၍ မိန်းမောတွေဝေလျက်နေ၏။ ထိုသူသည် ငါ့ကိုလက်နှင့်တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
19
ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတ္တံ့သောအရာကို ငါကြားပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။
20
ချိုနှစ်ချောင်းနှင့် ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင် ဖြစ်၏။
21
အမွေးကြမ်းသော ဆိတ်သည် ဟေလသရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပထမမင်းဖြစ်၏။
22
ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက်သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါး ထည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။
23
ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသော သူတို့၏အပြစ် ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီးတစ်ပါး ပေါ်လာလိမ့်မည်။
24
ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။
25
သူသည် လိမ္မာစွာပြုသဖြင့်၊ မုသားလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိတ်သဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင်ကို ဆန့်ကျင်ဘက် ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
26
ညဉ့်ဦးနှင့် နံနက်ကို ဖော်ပြသော ဗျာဒိတ်ရူပါရုံစကား မှန်သည်ဖြစ်၍ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။
27
ထိုအခါ ငါဒံယေလသည် မော၍ နာလျက်နေ၏။ တစ်ဖန် အနာမှထမြောက်၍ ဘုရင်၏အမှုတော်ကို ဆောင်ရွက်၏။ မြင်ပြီးသော ဗျာဒိတ်ရူပါရုံကို ငါအံ့ဩသော်လည်း ထိုအမှုကို အဘယ်သူမျှ မရိပ်မိကြ။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
Recommended Reading
Commentary
Daniel Commentaries
→
Devotional
Daniel Devotional Guide
→
Get This Bible
Burmese Study Bible
→