bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 1
Deuteronomy 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 2 →
1
တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တစ်ဖက်၊ ပါရန်မြို့၊ တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရလေသည်မှာ၊
2
ကာဒေရှဗာနာအရပ်သည်၊ စိရတောင်လမ်းဖြင့် ဟောရပ်အရပ်နှင့် ဆယ်တစ်ရက်ခရီး ကွာသတည်း။
3
မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်ကိုလည်းကောင်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင် ဩဃကိုလည်းကောင်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပထမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားတော်မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊
6
ငါတို့ ဘုရားသခင်ထာဝရဘုရားသည်၊ ဟောရပ်အရပ်၌ ငါတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် ကာလအချိန်စေ့အောင် ဤတောင်၌နေကြပြီ။
7
လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိတောင်သို့လည်းကောင်း၊ ထိုတောင်နှင့်နီးသောအရပ်၊ လွင်ပြင်၊ တောင်ရိုး၊ ချိုင့်၊ တောင်မျက်နှာ၊ ပင်လယ်နားသို့လည်းကောင်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်မြစ်ကြီးတိုင်အောင်လည်းကောင်း သွားကြလော့။
8
ထိုပြည်ကို သင်တို့ရှေ့မှာ ငါထားပြီ။ ထာဝရဘုရားသည် သင်တို့အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍၊ သူတို့အမျိုးအနွယ်အား ပေးမည်ဟု ကျိန်တော်မူသောပြည်ကို ဝင်၍သိမ်းယူကြလော့ဟု မိန့်တော်မူ၏။
9
ထိုအခါ သင်တို့အားငါပြောသည်ကား၊ သင်တို့အမှုကို ငါတစ်ယောက်တည်း မထမ်းနိုင်။
10
သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုများပြားစေတော်မူ၍၊ သင်တို့သည် အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့ ယနေ့ဖြစ်ကြ၏။
11
သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အဆအထောင်အားဖြင့် များပြားစေတော်မူပါစေသော။ ကတိတော်ရှိသည်အတိုင်း ကောင်းချီးပေးတော်မူပါစေသော။
12
သင်တို့ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်းဝန်ကို ငါတစ်ယောက်တည်း အဘယ်သို့ထမ်းနိုင်မည်နည်း။
13
ဉာဏ်ပညာနှင့်ပြည့်စုံ၍ အသရေရှိသောသူတို့ကို သင်တို့အမျိုးများထဲက ရွေးပေးကြလော့။ သူတို့ကို မင်းအရာ၌ငါခန့်ထားမည်ဟု ပြောဆိုလျှင်၊
14
သင်တို့က ကိုယ်တော်ပြောသည်အတိုင်း ပြုကောင်းပါသည်ဟု ပြန်ဆိုကြ၏။
15
ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသောလူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်းဟူသော လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ အကြပ်အဆော်အရာ၌ ခန့်ထား၏။
16
တရားသူကြီးတို့အားလည်း၊ သင်တို့ ညီအစ်ကို၏အမှုတို့ကိုနားထောင်၍ အမျိုးသားချင်း တရားတွေ့သည်ဖြစ်စေ၊ တစ်ပါးအမျိုးသားနှင့် တွေ့သည်ဖြစ်စေ၊ တရားသဖြင့်စီရင်ကြလော့။
17
တရားအမှုကိုစီရင်သောအခါ အဘယ်သူ၏မျက်နှာကို မထောက်ရ။ လူငယ်စကားကို လူကြီးစကားကဲ့သို့ မှတ်ရမည်။ အဘယ်လူကိုမျှ မကြောက်ရ။ အကြောင်းမူကား၊ တရားအမှုကို ဘုရားသခင်ပိုင်တော်မူသောကြောင့်တည်း။ ကိုယ်တိုင်မစီရင်တတ်သောအမှုကို ငါ့ထံမှာအယူခံရမည်။ ငါလည်းနားထောင်မည်ဟု မှာခဲ့၏။
18
သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါငါမှာထားခဲ့၏။
19
ငါတို့သည် ဟောရပ်အရပ်မှထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
20
ထိုအခါငါကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့သည်ရောက်ကြပြီ။
21
သင်တို့ ဘုရားသခင်ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြနှင့်ဟု ပြောဆို၏။
22
ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့ရှေ့၌ လူတို့ကိုစေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကိုစူးစမ်းပြီးမှ၊ အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ရောက်ရမည်ကို ကြားပြောကြပါလိမ့်မည်ဟု၊
23
လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။
24
ထိုသူတို့သည် တောင်ပေါ်သို့လှည့်သွား၍၊ ဧရှကောလချိုင့်သို့ရောက်သဖြင့် စူးစမ်းကြ၏။
25
ထိုပြည်၌ရသော သစ်သီးကိုထမ်း၍ ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟု ကြားပြောကြသော်လည်း၊
26
သင်တို့သည်မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဆန်လျက်၊
27
ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့ လက်၌အပ်လိုသောငှာ၊ အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်တကား။
28
ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုးကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကို မြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။
29
ထိုအခါငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကိုမကြောက်ကြနှင့်။
30
သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌လည်းကောင်း၊
31
သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာ တော၌လည်းကောင်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊
32
သင်တို့တဲစခန်းချရာအရပ်ကိုရှာ၍ သင်တို့သွားလတ္တံ့သောလမ်းကို ပြခြင်းငှာ၊ ညအခါ မီး၌လည်းကောင်း၊ နေ့အခါ မိုးတိမ်၌လည်းကောင်း၊ သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို ထိုအမှု၌ သင်တို့မယုံကြပါတကား။
34
သင်တို့စကားသံကို ထာဝရဘုရားကြား၍ အမျက်တော်ထွက်လျက်၊
35
သူတို့ဘိုးဘေးတို့အား ငါပေးမည်ဟု ငါကျိန်ဆိုသောပြည်ကောင်းကို၊ ယေဖုန္နာ၏သား ကာလက်မှတစ်ပါး၊ ဤဆိုးသောလူမျိုး တစ်စုံတစ်ယောက်မျှ ဆက်ဆက်မမြင်ရ။
36
ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆိုတော်မူ၏။
37
သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်းအမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့မဝင်စားရ။
38
သင့်လက်ထောက် နုန်၏သားယောရှုသည် ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံစေမည့်သူဖြစ်သောကြောင့်၊ သူ့ကိုအားပေးလော့။
39
ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသောသူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။
40
သင်တို့မူကား၊ လှည့်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။
41
သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အားလျှောက်ဆိုလျက်၊ လူအပေါင်းတို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့တက်ခြင်းငှာ အသင့်နေကြ၏။
42
ထာဝရဘုရားကလည်း၊ တက်၍မတိုက်ကြနှင့်။ သင်တို့ဘက်၌ ငါမရှိ။ တိုက်လျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်ဟု သင်တို့အားဆင့်ဆိုရမည်အကြောင်း၊ ငါ့အားမိန့်တော်မူသည်အတိုင်း၊
43
ငါဆင့်ဆိုသော်လည်း သင်တို့သည်နားမထောင်၊ ထာဝရဘုရား၏အမိန့်တော်ကိုငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့တက်ကြ၏။
44
ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမောရိအမျိုးသားတို့သည် သင်တို့တစ်ဖက်၌ ထွက်လာလျက်၊ ပျားများအုံ၍လိုက်သကဲ့သို့ သင်တို့ကိုလိုက်၍၊ စိရအရပ်၊ ဟောမာမြို့တိုင်အောင် ဖျက်ဆီးကြ၏။
45
သင်တို့သည်လည်း ပြန်လာ၍ ထာဝရဘုရားရှေ့တော်၌ ငိုကြွေးကြ၏။ သို့သော်လည်း သင်တို့စကားကို ထာဝရဘုရား နားထောင်နားယူတော်မမူ။
46
ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာနေပြန်ရကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34