bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 10
Deuteronomy 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 11 →
1
ထိုအခါ ထာဝရဘုရားက၊ အရင်ကျောက်ပြားနှစ်ပြားနည်းတူ၊ ကျောက်ပြားနှစ်ပြားကို ခုတ်ဦးလော့။ ငါရှိရာသို့ တက်လာလော့။ သေတ္တာကိုလည်း လုပ်လော့။
2
သင်ချိုးဖဲ့သော အရင်ကျောက်ပြား၌ စကားပါသည်အတိုင်း၊ နောက်ကျောက်ပြားပေါ်မှာ ငါရေးထားဦးမည်။ သင်သည် ထိုကျောက်ပြားကို သေတ္တာထဲမှာထားရမည်ဟု ငါ့အားမိန့်တော်မူ၏။
3
ငါသည်လည်း၊ အကာရှသစ်သားဖြင့် သေတ္တာကိုလုပ်၍၊ အရင်ကျောက်ပြားနည်းတူ ကျောက်ပြားနှစ်ပြားကို ခုတ်ပြီးမှ၊ ထိုကျောက်ပြားကို ကိုင်လျက် တောင်ပေါ်သို့တက်လေ၏။
4
သင်တို့စည်းဝေးသောနေ့၌ ထာဝရဘုရားသည် တောင်ပေါ်မှာ မီးထဲကမိန့်မြွက်တော်မူသော ပညတ်တော်ဆယ်ပါးတို့ကို၊ အရင်စာ၌လာသည်အတိုင်း၊ ထာဝရဘုရားသည်ရေးထား၍ ငါ့အားပေးတော်မူ၏။
5
ငါသည်လည်းလှည့်၍ တောင်ပေါ်ကဆင်းသဖြင့်၊ လုပ်ပြီးသောသေတ္တာထဲ၌ ထိုကျောက်ပြားကိုထား၍၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ထိုသေတ္တာထဲ၌ ယခုရှိ၏။
6
ငါသည် တောင်ပေါ်မှာ အရင်နေသောကာလနှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တစ်ဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကိုမဖျက်ဆီးမည်အကြောင်း၊ ငါ့စကားကိုနားထောင်တော်မူ၏။
7
ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေးခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည်သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အားမိန့်တော်မူ၏။
8
ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
10
လေဝိသားတို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာကို ထမ်းစေခြင်းငှာလည်းကောင်း၊ ရှေ့တော်၌ရပ်၍ အမှုတော်ကိုဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ အခွင့်တော်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း၊ ယနေ့တိုင်အောင် ထိုသူတို့ကို ခွဲခန့်တော်မူ၏။
11
ထိုကြောင့် လေဝိသားတို့သည် ညီအစ်ကိုတို့နှင့်ရော၍ အဖို့ကိုမပိုင်၊ အမွေကိုမခံရ။ သင်၏ ဘုရားသခင်ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် သူတို့ခံရသောအမွေဖြစ်တော်မူ၏။
12
အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊
13
သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။
14
မိုးကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကိုလည်းကောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။
15
သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုးအနွယ်တည်းဟူသော သင့်ကို၊ အခြားသောလူမျိုးတကာတို့တွင် ရွေးကောက်တော်မူ၏။
16
သို့ဖြစ်၍ သင်၏နှလုံးအရေဖျားကို လှီးဖြတ်လော့။ နောက်တစ်ဖန် ခိုင်မာသောလည်ပင်း မရှိစေနှင့်။
17
အကြောင်းမူကား၊ သင်၏ဘုရားသခင်ထာဝရဘုရားသည်၊ ဘုရားတို့၏ဘုရား၊ သခင်တို့၏သခင်၊ ကြီးမြတ်သောဘုရား၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်သောဘုရား၊ လူမျက်နှာကိုမထောက်၊ တံစိုးကိုမစားဘဲ၊
18
မိဘမရှိသောသူငယ်၊ မုဆိုးမဘက်၌ တရားစီရင်၍၊ ဧည့်သည်အာဂန္တုတို့ကို စုံမက်သဖြင့်၊ အဝတ်အစားတို့ကို ပေးသနားသောဘုရား ဖြစ်တော်မူ၏။
19
သို့ဖြစ်၍ ဧည့်သည်တို့ကို ချစ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။
20
သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။
21
ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ်မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဖွယ်သော အမှုအရာကြီးတို့ကို သင့်အဖို့ပြုတော်မူပြီ။
22
သင်၏ဘိုးဘေးတို့သည်၊ အရေအတွက်အားဖြင့် လူခုနစ်ဆယ်မျှသာရှိလျက်၊ အဲဂုတ္တုပြည်သို့ ဆင်းသွားကြ၏။ ယခုမူကား၊ အရေအတွက်အားဖြင့် မိုးကောင်းကင်ကြယ်နှင့်အမျှ သင်၏ဘုရားသခင်ထာဝရဘုရားသည် များပြားစေတော်မူပြီ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34