bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 32
Deuteronomy 32
Burmese 2021
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
1
အို ကောင်းကင်၊ နားထောင်လော့၊ ငါပြောမည်။ အိုမြေကြီး၊ ငါမြွက်ဆိုသောစကားကို ကြားလော့။
2
ငါ့ဒေသနာသည် မိုးရေကဲ့သို့စက်စက်ကျ၍၊ ငါ့စကားသည် နှင်းကဲ့သို့ ဖြည်းညင်းစွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်မှာ များပြားသောမိုးရေကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
3
ငါသည် ထာဝရဘုရား၏နာမတော်ကို ဖော်ပြသည်ဖြစ်၍၊ ငါတို့ဘုရားသခင်၏ ဘုန်းအာနုဘော်တော်ကို ချီးမွမ်းကြလော့။
4
ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား ဖြစ်တော်မူ၏။
5
သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေးကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုးဖြစ်ကြ၏။
6
အို ပညာမဲ့သောလူမိုက်တို့၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရားသည် သင့်ကိုဖြစ်စေသောအဘ၊ သင့်ကိုဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။
7
ရှေးကာလကို အောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင် သူသည်ဖော်ပြလိမ့်မည်။ အသက်ကြီးသူတို့ကိုမေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
8
အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
9
ထာဝရဘုရား၏အဖို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။
10
လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သောတောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။
11
ရွှေလင်းတသည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊
12
ထာဝရဘုရားတစ်ပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတစ်ပါးသောဘုရား မည်မျှမရှိ။
13
မြေကြီးပေါ်မှာ မြင့်မြတ်သောအရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကိုလည်းကောင်း၊ မီးပါကျောက်ထဲကဆီကိုလည်းကောင်း၊
14
သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီးဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကိုလည်းကောင်း စို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကို သောက်ရ၏။
15
သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန်လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက်နေသဖြင့်၊ ဖန်ဆင်းတော်မူသောဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင်ပြုလေ၏။
16
သူတို့သည် အခြားတစ်ပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဖွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
17
ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဖူးသောဘုရား၊ ဘိုးဘေးတို့ မကြောက်ဖူးသော ဘုရားသစ်တို့အား ယဇ်ပူဇော်ကြ၏။
18
သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။
19
ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊
20
ငါသည် ကိုယ်မျက်နှာကို သူတို့မှလွှဲမည်။ သူတို့သည် အဘယ်သို့ဆုံးမည်ကို ငါကြည့်မည်။ သဘောခိုင်မာသောအမျိုး၊ သစ္စာမရှိသော သားသမီးဖြစ်ကြ၏။
21
ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူသောစိတ်ရှိစေခြင်းငှာ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း ငါပြုမည်။
22
ငါသည် အမျက်ထွက်၍မီးရှို့သဖြင့်၊ အနက်ဆုံးသောမရဏနိုင်ငံသို့ လောင်လိမ့်မည်။ မြေနှင့် မြေအသီးအနှံကိုကျွမ်းစေ၍ တောင်ခြေရင်းတိုင်အောင် လောင်လိမ့်မည်။
23
သူတို့အပေါ်မှာ ဘေးဥပဒ်များကိုငါပို့မည်။ ငါ့မြားတို့ကို အကုန်အစင်ပစ်မည်။
24
သူတို့သည် မွတ်သိပ်ခြင်းအရှိန်ကိုခံရ၍၊ ပူလောင်ခြင်းဘေး၊ ပြင်းစွာသော ဖျက်ဆီးခြင်းဘေးအားဖြင့် ဆုံးရှုံးကြလိမ့်မည်။ သားရဲတို့၏သွားကိုလည်းကောင်း၊ မြေ၌ကျင်လည်သော မြွေအဆိပ်ကိုလည်းကောင်း၊ သူတို့၌ ငါစေလွှတ်မည်။
25
အိမ်ပြင်၌ ဓားဘေး၊ အိမ်အတွင်း၌ ကြောက်မက်ဖွယ်သောဘေးသည် လူပျိုနှင့်အပျိုကိုလည်းကောင်း၊ နို့စို့သူငယ်နှင့် ဦးဆံဖြူသောသူကိုလည်းကောင်း ဖျက်ဆီးလိမ့်မည်။
26
ရန်သူ၏မာန်မာနကို ငါမကြောက်လျှင်လည်းကောင်း၊
27
ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်လည်းကောင်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှာ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။
28
အကြောင်းမူကား၊ သူတို့သည် ပညာသတိမရှိ၊ ဉာဏ်ကင်းသော လူမျိုးဖြစ်ကြ၏။
29
ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။
30
သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတစ်ယောက်သည် လူတစ်ထောင်ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို အဘယ်သို့ ပြေးစေနိုင်မည်နည်း။
31
ငါတို့၏ရန်သူများ စီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။
32
သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင်မျိုး၊ ဂေါမောရမြေ၌ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသောအပင်၏ အသီးဖြစ်၍၊ စပျစ်သီးပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။
33
သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သော မြွေဆိုးအဆိပ်အတောက် ဖြစ်၏။
34
ဤအမှုသည် ငါ့ထံမှာသိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။
35
အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့်အလျောက် ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေးရောက်သောအချိန် နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
36
ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတစ်ယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊
37
သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။
38
သူတို့ပူဇော်သော ဆီဥကိုစား၍ သွန်းလောင်းရာ ပူဇော်သကာ စပျစ်ရည်ကို သောက်သောသူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည်ထ၍ သင်တို့ကို ကွယ်ကာစောင့်မပါလေစေ။
39
ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါမှတစ်ပါး အခြားသောဘုရားမရှိကြောင်းကိုလည်းကောင်း ကြည့်ရှုကြလော့။ ငါသည် အသက်ကိုသေစေ၏။ အသက်ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှာ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။
40
ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက်ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
41
ငါသည် ပြောင်လက်သောဓားကိုသွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အလျောက် ငါဆပ်ပေးမည်။
42
ငါ့မြားတို့ကို အသွေးနှင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားလိမ့်မည်။ သတ်သောသူ၊ လက်ရသောသူတို့၏ အသွေး၊ ရန်သူအကဲအမှူးတို့၏ ဦးခေါင်းကို စားသောက်လိမ့်မည်။
43
တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက် ဒဏ်ပေး၍ ကိုယ်တော်၏ရန်သူတို့၌ အပြစ်တရားကို စီရင်တော်မူမည်။ ပြည်တော်နှင့် မိမိလူမျိုးကို ကယ်မသနားတော်မူမည်ဟူသော၊
44
ဤသီချင်းစကားကို မောရှေသည်လာ၍ နုန်သားယောရှုနှင့်အတူ လူများတို့အား ဟောပြောမြွက်ဆို၏။
45
ထိုသို့ မောရှေသည် ဤစကားအလုံးစုံတို့ကို ဣသရေလအမျိုးသားအပေါင်းတို့အား အကုန်အစင်ဟောပြောမြွက်ဆိုပြီးလျှင်၊
46
သင်တို့အား ယနေ့ငါသက်သေခံသမျှသော စကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့သည် ဤပညတ်တရား စကားတော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ၊ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။
47
ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့ အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတ္တံ့သောပြည်၌ ဤအမှုကိုစောင့်ရှောက်လျှင်၊ ကိုယ်အသက်တာ ရှည်ကြလိမ့်မည်ဟု ပြောဆို၏။
48
ထိုနေ့ချင်းတွင် ထာဝရဘုရားက၊ ယေရိခေါမြို့တစ်ဖက်၊ မောဘပြည် အာဗရိမ်တောင်ရိုး၊ နေဗောတောင်ထိပ်ပေါ်သို့ တက်၍၊
49
ဣသရေလအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကို ကြည့်ရှုလော့။
50
သင့်အစ်ကိုအာရုန်သည် ဟောရတောင်ပေါ်မှာသေ၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်သကဲ့သို့၊ သင်သည်လည်း တက်သွားသော ဤတောင်ပေါ်မှာသေ၍၊ သင်၏လူမျိုးစည်းဝေးရာသို့ရောက်လော့။
51
အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြု၍ ပြစ်မှားကြပြီ။
52
ထိုကြောင့် ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို သင်သည် ကိုယ်မျက်စိနှင့်မြင်ရသော်လည်း၊ ထိုပြည်သို့ မဝင်စားရဟု မောရှေအားမိန့်တော်မူ၏။
← Chapter 31
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 33 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34