bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 4
Deuteronomy 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 5 →
1
အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် အသက်ရှင်၍၊ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား ပေးတော်မူသောပြည်ကို ဝင်စားမည်အကြောင်း၊ သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။
2
ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်။
3
ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။
4
သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။
5
သင်တို့သည်သွား၍ ဝင်စားသောပြည်၌ ကျင့်စရာဖို့၊ ငါ၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။
6
သို့ဖြစ်၍ ထိုပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင်၊ ထိုပညတ်တရားရှိသမျှတို့ကို ကြားရသောလူမျိုးများရှေ့မှာ၊ သင်တို့၏ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသောအမျိုးဖြစ်၏ဟု ဆိုကြလိမ့်မည်။
7
ငါတို့သည် ဆုတောင်းလေရာရာ၌၊ ငါတို့ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်းကျေးဇူးကို ခံရသည်နည်းတူ၊ အခြားသောဘုရားကြည့်ရှုပြုစုသောကျေးဇူးကို အဘယ်မည်သောလူမျိုးကြီး ခံရသနည်း။
8
ငါသည် ယနေ့သင်တို့၌ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသော အဘယ်လူမျိုးကြီး ရှိသနည်း။
9
သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။
10
ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေးတို့အား သွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊
11
သင်တို့သည် အနီးတော်သို့ချဉ်းကပ်၍၊ တောင်ခြေရင်း၌ ရပ်နေကြ၏။ တောင်ထိပ်သည် မိုးကောင်းကင်အလယ်၌ မီးလောင်လျက်၊ မည်းသောအဆင်း၊ မိုးတိမ်တိုက်၊ ထူထပ်သောမှောင်မိုက်နှင့် ပြည့်စုံလေ၏။
12
ထာဝရဘုရားသည်လည်း၊ မီးထဲကသင်တို့အား မိန့်မြွက်တော်မူ၏။ သင်တို့သည် သဏ္ဌာန်တော်ကိုမမြင်ရဘဲ၊ စကားတော်အသံကိုသာ ကြားရကြ၏။
13
သင်တို့ကျင့်စရာဖို့ မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။
14
သင်တို့သည်သွား၍ ဝင်စားသောပြည်၌ကျင့်စရာဖို့ သင်တို့အားငါသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း၊ ထိုအခါ ထာဝရဘုရားသည် ငါ့အားမှာထားတော်မူ၏။
15
ဟောရပ်အရပ်၌ ထာဝရဘုရားသည် မီးထဲကသင်တို့အား မိန့်မြွက်တော်မူသောအခါ၊ မည်သည့်အဆင်းသဏ္ဌာန်ကိုမျှ မမြင်ရသည်ဖြစ်၍၊
16
နောက်တစ်ဖန် သင်တို့သည်လူယောက်ျား၊ လူမိန်းမသဏ္ဌာန်၊
17
မြေကြီးပေါ်မှာရှိသော တိရစ္ဆာန်သဏ္ဌာန်၊ မိုးကောင်းကင်၌ပျံတတ်သော ငှက်သဏ္ဌာန်၊
18
မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်သဏ္ဌာန်၊ မြေနိမ့်ရာရေ၌ နေသောငါးသဏ္ဌာန်ရှိသော ရုပ်တုကို၊ သင်တို့သည်ဖောက်ပြန်၍ ကိုယ်အဖို့ မလုပ်ရမည်အကြောင်း၊
19
မိုးကောင်းကင်ကိုမျှော်၍၊ နေ၊ လ၊ ကြယ်များတည်းဟူသော မိုးကောင်းကင်တန်ဆာရှိသမျှတို့ကို မြင်သောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိုးကောင်းကင်အောက်၌ ရှိသမျှသောလူမျိုးတို့အား ဝေငှပေးကမ်းတော်မူသော ထိုတန်ဆာတို့ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ၊ သူတစ်ပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ် သတိပြုကြလော့။
20
သင်တို့သည် ယနေ့၌ဖြစ်သကဲ့သို့၊ ထာဝရဘုရားအမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနုတ်၍ ယူဆောင်တော်မူပြီ။
21
ထိုမှတစ်ပါး၊ ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကိုအမျက်တော်ထွက်၍၊ ငါသည် ယော်ဒန်မြစ်တစ်ဖက်သို့ မကူးရမည်အကြောင်းနှင့် သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အမွေခံစရာဖို့ပေးတော်မူသော ထိုပြည်မြတ်သို့ မဝင်စားရမည်အကြောင်း ကျိန်ဆိုတော်မူပြီ။
22
သို့ဖြစ်၍ ဤပြည်၌ငါသေရမည်၊ ယော်ဒန်မြစ်ကို မကူးရ။ သင်တို့သည်ကူး၍ ထိုကောင်းမွန်သောပြည်ကို ဝင်စားကြလိမ့်မည်။
23
သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၌ထားတော်မူသော ပဋိညာဉ်တရားကိုမေ့လျော့၍၊ သင်တို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတို့၏ သဏ္ဌာန်ရှိသောရုပ်တုကို မလုပ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြလော့။
24
အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား ဖြစ်တော်မူ၏။
25
သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊
26
ကောင်းကင်မြေကြီးကို သင်တို့တစ်ဖက်၌ ယနေ့ငါတိုင်တည်သည်ကား၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားသောပြည်၌၊ မကြာမမြင့်မီ ဆက်ဆက် ပျောက်ပျက်ရကြလိမ့်မည်။ ထိုပြည်၌ တာရှည်စွာ အသက်မရှင်ရ။ ရှင်းရှင်းပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်။
27
ထာဝရဘုရားသည်လည်း၊ သင်တို့ကိုတစ်ပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ၍၊ နှင်ထုတ်တော်မူသော သာသနာပလူတို့တွင် သင်တို့သည် နည်းနည်းကျန်ကြွင်းရကြလိမ့်မည်။
28
ထိုအရပ်တို့၌၊ လူလက်ဖြင့်လုပ်၍မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ မနမ်းနိုင်သောသစ်သားဘုရား၊ ကျောက်ဘုရားတို့ကို သင်တို့သည် ဝတ်ပြုရကြလိမ့်မည်။
29
သို့သော်လည်း၊ ထိုအရပ်တို့၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို တစ်ဖန်ရှာလိုသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့ရှာလျှင် တွေ့ရကြလိမ့်မည်။
30
သင်တို့သည် နောင်ကာလ၌ ဒုက္ခဆင်းရဲကိုခံရ၍၊ ဤအမှုအလုံးစုံတို့နှင့် တွေ့ကြုံသောအခါ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ စကားတော်ကိုနားထောင်လျှင်၊
31
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သနားတတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင်တို့ကို စွန့်ပစ်ဖျက်ဆီးတော်မမူ။ သင်တို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပဋိညာဉ်တရားကို မေ့လျော့တော်မမူ။
32
ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသောနေ့မှစ၍၊ သင်တို့ မဖြစ်မီ လွန်လေပြီးသောကာလပတ်လုံး၊ မိုးကောင်းကင်တစ်ဖက်မှ တစ်ဖက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဖူးသလော။ ဤကဲ့သို့သော အမှု၏သတင်းကို ကြားဖူးသလော။
33
ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာရဖူးသလော။
34
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသောလက်ရုံးတော်ကိုဆန့်ခြင်း၊ ကြောက်မက်ဖွယ်သောရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတစ်ပါးသောဘုရားသည်သွား၍ လူတစ်မျိုးထဲကတစ်မျိုးကို မိမိအဖို့ နုတ်ယူဖူးသလော။
35
ထာဝရဘုရားသည် ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အားပြတော်မူပြီ။
36
သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲက စကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသောမီးတော်ကိုလည်း ပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကို ကြားရကြပြီ။
37
သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။
38
သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နုတ်ဆောင်တော်မူပြီ။
39
သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အခြားတစ်ပါးသောဘုရား မရှိကြောင်းကိုလည်းကောင်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။
40
သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာလည်းကောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာလည်းကောင်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
41
ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊
42
အသက်ချမ်းသာရသော မြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။
43
ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။
44
ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊
45
သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဖက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။
46
မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊
47
ဗာရှန်ရှင်ဘုရင်ဩဃတည်းဟူသော၊ ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌နေသော အာမောရိရှင်ဘုရင်နှစ်ပါးကို လုပ်ကြံ၍၊ သူတို့ပြည်ကို၊
48
အာနုန်မြစ်နားမှာရှိသော အာရော်မြို့မှစ၍ ဟေရမုန်တောင်တည်းဟူသော ဇိအုန်တောင်တိုင်အောင်လည်းကောင်း၊
49
ယော်ဒန်မြစ်အရှေ့ဘက် လွင်ပြင်နှင့်တကွ လွင်ပြင်နှင့်ဆိုင်သောအိုင်နား၊ အာဇုတ်ပိသဂါမြို့တိုင်အောင်လည်းကောင်း သိမ်းယူကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34