bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 7
Deuteronomy 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
1
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင့်ကိုဆောင်သွင်းလျက်၊ ဟိတ္တိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ခါနာနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတည်းဟူသော၊ သင့်ထက်ကြီးမြင့်များပြားသော လူမျိုးခုနစ်မျိုးတို့ကို သင့်ထံကနှင်ထုတ်၍၊
2
တစ်ဖန် သင့်လက်၌ အပ်တော်မူသောအခါ၊ သူတို့ကိုလုပ်ကြံ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းရမည်။ သူတို့နှင့် မိတ်သဟာယမဖွဲ့ရ၊ ကရုဏာကိုမပြရ။
3
သူတို့နှင့် စုံဖက်ခြင်းကိုမပြုရ။ သင်၏သမီးကို သူ၏သားနှင့်လည်းကောင်း၊ သင်၏သားကို သူ၏သမီးနှင့်လည်းကောင်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
4
အကြောင်းမူကား၊ သူတို့သည် သင်၏သားကို ငါ၌မဆည်းမကပ်စေဘဲ၊ အခြားတစ်ပါးသောဘုရားအား ဝတ်ပြုစေခြင်းငှာ သွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက်ထွက်၍ သင်တို့ကို ချက်ချင်းဖျက်ဆီးတော်မူလိမ့်မည်။
5
သို့ဖြစ်၍၊ သူတို့၌ အဘယ်သို့ပြုရမည်နည်းဟူမူကား၊ သူတို့ယဇ်ပလ္လင်များကို ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို ခုတ်လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ရမည်။
6
အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောအမျိုးဖြစ်၏။ မြေကြီးပေါ်မှာရှိသမျှသော လူမျိုးထက် သင်၏ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သောအမျိုးဖြစ်စေခြင်းငှာ သင့်ကိုရွေးချယ်တော်မူပြီ။
7
သင်သည် အခြားသောလူမျိုးထက်သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကိုချစ်၍ ရွေးချယ်တော်မူသည် မဟုတ်။ သင်သည် အခြားသောလူမျိုးတကာတို့ထက် သာ၍နည်း၏။
8
ထာဝရဘုရားသည် သင့်ကိုချစ်သောကြောင့်လည်းကောင်း၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောအကျိန်ကို မဖျက်လိုသောကြောင့်လည်းကောင်း၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်ကိုအစိုးရသော ဖာရောဘုရင်လက်မှ အားကြီးသောလက်တော်နှင့် သင့်ကို ရွေးနုတ်ဆောင်ယူခဲ့တော်မူပြီ။
9
သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားသည် မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်ရှောက်သော သူတို့၏အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကိုပြသောဘုရား၊
10
ကိုယ်တော်ကိုမုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ၊ သူတို့မျက်မှောက်၌ အပြစ်ပေးသောဘုရား ဖြစ်တော်မူကြောင်းကို သိမှတ်လော့။ ကိုယ်တော်ကို မုန်းသောသူတို့ကို အားမနာဘဲ၊ သူတို့မျက်မှောက်၌ အပြစ်ပေးတော်မူမည်။
11
သို့ဖြစ်၍ ယနေ့ ငါထားသောစီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရမည်။
12
ထိုပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှာ နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။
13
သင့်ကိုချစ်သဖြင့် ကောင်းချီးပေး၍ များပြားစေတော်မူမည်။ သင့်အားပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဖွားမြင်သော သားတို့ကိုလည်းကောင်း၊ သင်၏မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကိုလည်းကောင်း ကောင်းချီးပေးတော်မူမည်။
14
သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းချီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတစ်ယောက်မျှ၊ တိရစ္ဆာန်တွင် မြုံသောအထီးအမ တစ်ကောင်မျှမရှိရ။
15
ထာဝရဘုရားသည်လည်း၊ အနာရောဂါရှိသမျှတို့ကို သင့်ဆီကပယ်ရှား၍၊ သင်သိသော အဲဂုတ္တုပြည်၏အနာဆိုးကို သင်၌စွဲစေတော်မမူ။ သင့်ကိုမုန်းသောသူ အပေါင်းတို့၌ စွဲစေတော်မူမည်။
16
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်၌အပ်ပေးတော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီးရမည်။ သင်၏မျက်စိသည် သူတို့ကိုမသနားရ။ သူတို့ဘုရားအား ဝတ်မပြုရ။ ဝတ်ပြုလျှင်၊ ထိမိ၍လဲစရာအကြောင်း ဖြစ်လိမ့်မည်။
17
ထိုလူမျိုးတို့သည် ငါ့ထက်သာ၍များ၏။ ငါသည်သူတို့ကို အဘယ်သို့ နှင်ထုတ်နိုင်မည်နည်းဟု သင်သည်စိတ်ထဲမှာ အောက်မေ့လျက်၊
18
သူတို့ကိုမကြောက်ရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဖာရောဘုရင်နှင့် အဲဂုတ္တုပြည်တစ်ပြည်လုံး၌ ပြုတော်မူသောအမှုကိုလည်းကောင်း၊
19
ကိုယ်တိုင်မြင်၍ ကြီးစွာသောစုံစမ်းခြင်းတို့ကိုလည်းကောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနုတ်ဆောင်သောအခါ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ အားကြီးသောလက်ရုံးတော်ကို ဆန့်တော်မူခြင်းကိုလည်းကောင်း စေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ၊ သင်ကြောက်တတ်သော လူမျိုးရှိသမျှတို့၌ သင်၏ ဘုရားသခင်ထာဝရဘုရား ပြုတော်မူမည်။
20
ထိုမှတစ်ပါး၊ ကျန်ကြွင်း၍ ပုန်းရှောင်လျက်နေသောသူတို့သည် မပျက်စီးမီတိုင်အောင်၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ပျားတူများကို သူတို့တွင်စေလွှတ်တော်မူမည်။
21
သူတို့ကြောင့် ထိတ်လန့်ခြင်းမရှိရ။ အကြောင်းမူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဖွယ်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင်ရှိတော်မူ၏။
22
သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံကတရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။ တောသားရဲတို့သည် သင့်တစ်ဖက်၌ များပြားမည်ကို စိုးရိမ်၍၊ သူတို့ကိုချက်ချင်း မပယ်မရှားသင့်။
23
သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကိုသင်၌အပ်၍၊ သူတို့မပျက်စီးမီတိုင်အောင်၊ ကြီးစွာသောပျက်စီးခြင်းကို စီရင်တော်မူမည်။
24
သူတို့ရှင်ဘုရင်များကိုလည်း သင့်လက်၌အပ်တော်မူသဖြင့်၊ သူတို့ဘွဲ့နာမကိုပင် ကောင်းကင်အောက်မှာ ပယ်ရှင်းရမည်။ သူတို့ကို မဖျက်ဆီးမီတိုင်အောင် သင့်ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ရာ။
25
သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။ ရုပ်တုဆင်းတု၌ပါသော ရွှေငွေကို မတပ်မက်ရ၊ မသိမ်းမယူရ။ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
26
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည် အကြွင်းမဲ့စက်ဆုပ်ရွံရှာရမည်။ ကျိန်အပ်သောအရာပင် ဖြစ်ပေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34