bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 33
Deuteronomy 33
Burmese 2021
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 34 →
1
ဘုရားသခင်၏လူမောရှေသည် မသေမီ ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးသော မင်္ဂလာစကားဟူမူကား၊
2
ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွတော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့်ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဖို့၊ လက်ယာလက်တော်မှ ထွက်လေ၏။
3
အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိသန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင်ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
4
ယာကုပ်အမျိုး ပရိသတ်အမွေခံရသောဓမ္မတရားကို မောရှေသည် ငါတို့အားထား၏။
5
ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအနွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှုရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
6
ရုဗင်အမျိုးမသေ၊ အသက်ရှင်၍ သူ၏လူတို့သည် များပါစေသော။
7
ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကိုနားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဖို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
8
လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့်ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော၊
9
ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။
10
သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌လည်းကောင်း၊ တရားတော်ကို ဣသရေလအမျိုး၌လည်းကောင်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း တင်ထားကြလိမ့်မည်။
11
အိုထာဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းချီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တစ်ဖက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တစ်ဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
12
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
13
ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသောပြည်သည် အထက်မိုးကောင်းကင် ဘဏ္ဍာအားဖြင့်လည်းကောင်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာ အားဖြင့်လည်းကောင်း၊
14
နေဖြစ်စေသောဘဏ္ဍာ၊ လဖြစ်စေသောဘဏ္ဍာအားဖြင့်လည်းကောင်း၊
15
အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင်ထဲကထွက်သော ဘဏ္ဍာအားဖြင့်လည်းကောင်း၊
16
မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်လည်းကောင်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
17
သူ၏ဘုန်းသည် နွားလားဥသဘဘုန်းကဲ့သို့လည်းကောင်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့လည်းကောင်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်းသောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
18
ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌နေလျက် ဝမ်းမြောက်လော့။
19
ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။
20
ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။
21
ရှေ့ဦးစွာသောအဖို့ကို မိမိအဖို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
22
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23
နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့်ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကိုဝင်စားလော့။
24
အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ်နှင့်တွေ့ခြင်း၊ မိမိခြေကိုဆီ၌နှစ်ခြင်း ရှိပါစေသော။
25
သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိ ဖြစ်လိမ့်မည်။
26
သင့်ကိုပြုစုစေခြင်းငှာ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုးကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ ဘုရားသခင်နှင့်တူသောသူ မရှိ။
27
ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
28
ဣသရေလအမျိုးသည် ဘေးလွတ်၍ တစ်မျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုးနှင်းရည်လည်း စက်စက်ကျလိမ့်မည်။
29
အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူ တူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသောဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ဓားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34