bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Deuteronomy 29
Deuteronomy 29
Burmese 2021
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 30 →
1
၁၇ ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှတစ်ပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ်ပြုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
2
တစ်ဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကိုခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည်မှာ ဖာရောဘုရင်၌လည်းကောင်း၊ သူ၏ကျွန်အပေါင်းတို့၌လည်းကောင်း၊ သူ၏ပြည်တစ်လျှောက်လုံး၌လည်းကောင်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
3
ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသောစုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူးဆန်းသောတန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။
4
သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။
5
အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသောခြေနင်းလည်း မပျက်။
6
သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေရည်သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရဘုရားသည် သင်တို့၏ ဘုရားသခင်ဖြစ်ကြောင်းကို သိရ၏။
7
သင်တို့သည် ဤအရပ်သို့ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်၊ ဗာရှန်ရှင်ဘုရင် ဩဃတို့သည် ငါတို့ကိုစစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကိုလုပ်ကြံ၍၊
8
သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်၌ ပေးလေ၏။
9
သို့ဖြစ်၍ သင်တို့ပြုလေရာရာ၌ အောင်နိုင်မည်အကြောင်း ဤပဋိညာဉ်စကားတို့ကို စောင့်ရှောက်၍ကျင့်ကြလော့။
10
သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူ သော သစ္စာကို သင်သည်ခံ၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာလည်းကောင်း၊ သင့်ကို ကိုယ်တော်၏လူမျိုးအရာ၌ ယနေ့ ခန့်ထားတော်မူစေခြင်းငှာလည်းကောင်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေခြင်းငှာလည်းကောင်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
14
ထိုမှတစ်ပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့်သာ ငါပြုသည်ထက်မက၊
15
ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသောသူတို့နှင့်လည်းကောင်း၊ ငါတို့တွင် ယနေ့မပါသောသူတို့နှင့်လည်းကောင်း ငါပြု၏။
16
သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဖော်သောသူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့သိကြ၏။
17
သူတို့၌ရှိသော စက်ဆုပ်ရွံရှာဖွယ်သော သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။
18
ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေအမျိုး တစ်စုံတစ်ယောက်သည် သင်တို့တွင်ပါမည်ဟူ၍လည်းကောင်း၊ ခါးစွာသောအသီး၊ ဒေါနကိုသီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍လည်းကောင်း၊
19
ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းချီးပေးမည်ဟူ၍လည်းကောင်း စိုးရိမ်စရာရှိ၏။
20
ထိုသူကို ထာဝရဘုရား နှမြောတော်မမူ။ အပြစ်ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ရေးထားသော အမင်္ဂလာရှိသမျှတို့သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
21
ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနုတ်၍ အပြစ်ပေးဖို့ရာ ခွဲထားတော်မူလိမ့်မည်။
22
သူ့နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ်တော်မူသော၊
23
အနာရောဂါ ဘေးဥပဒ်တို့ကိုလည်းကောင်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တစ်ပြည်လုံးကို ကန့်နှင့်မီး ကျွမ်းလောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကိုလည်းကောင်း၊ သင်တို့နောက်မှာ ဖြစ်လတ္တံ့သော သင်တို့အမျိုးသား၊ ဝေးသောအရပ်မှလာသော တစ်ပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊
24
ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော်အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
25
သူတစ်ပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်လည်းကောင်း၊
26
အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာကိုမျှ မပေးသော အခြားတစ်ပါးသောဘုရားတို့အား ဝတ်ပြုကိုးကွယ်ကြသောကြောင့်လည်းကောင်း၊
27
ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
28
ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကိုနုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတစ်ပါးသောပြည်သို့ နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
29
မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဖော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။
← Chapter 28
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 30 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34