bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 15
Joshua 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
ယုဒအမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက် အမွေခံရသောမြေဟူမူကား၊ တောင်မျက်နှာ၌ ဧဒုံပြည်နယ်နှင့် နီးစပ်လျက်၊ တေမန်ပြည်စွန်းမှစ၍ ဇိနတောဖြစ်သော၊
2
တောင်ဘက်အပိုင်းအခြားသည် သောဒုံအိုင်၌ တောင်အကွေ့မှထွက်၍၊
3
တောင်မျက်နှာနား၊ အကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်လေ၏။ တစ်ဖန် တောင်မျက်နှာနား၊ ကာဒေရှဗာနာရွာ၊ ဟေဇရုန်ရွာ၊ အာဒါရွာ၊ ကာကာရွာ၊
4
အဇမုန်ရွာကိုလျှောက်သဖြင့် အဲဂုတ္တုချောင်းသို့လိုက်၍ ပင်လယ်၌ဆုံးလေ၏။
5
အရှေ့ဘက်၌ သောဒုံအိုင်သည် ယော်ဒန်မြစ်ဝတိုင်အောင် အရှေ့အပိုင်းအခြားဖြစ်၏။ မြောက်ဘက်အပိုင်းအခြားသည် ယော်ဒန်မြစ်သို့ဆင်းရာ သောဒုံအိုင်ကွေ့မှထွက်၍၊
6
ဗေသောဂလရွာသို့လည်းကောင်း၊ ဗေသရာဗရွာ မြောက်နားမှာလျှောက်လျက် ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
7
အာခေါ်ချိုင့်မြောက်ဘက်မှထွက်၍ ဒေဗိရရွာသို့လည်းကောင်း၊ မြစ်တောင်ဘက် အဒုမ္မိမ်ကုန်းရှေ့၌ရှိသော ဂိလဂါလမြို့သို့လည်းကောင်း ရောက်ပြီးမှ၊ အင်ရှေမက်အိုင်၊ အင်္ရောဂေလရွာလမ်းသို့ လိုက်လျက်၊
8
ဟိန္နုံသား၏ချိုင့်နား ယေရုရှလင်မြို့တည်ရာ ယေဗုသိအရပ် တောင်ဘက်နားမှာလျှောက်၍ ဟိန္နုံချိုင့်အနောက်၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ပေါ်သို့တက်လေ၏။
9
ထိုတောင်ပေါ်မှ ဆင်းပြန်၍၊ နေဖတောစမ်းရေတွင်းကို လျှောက်သဖြင့် ဧဖရုန်တောင်နှင့်ဆိုင်သော မြို့များသို့လည်းကောင်း၊ ကိရယတ်ယာရိမ်မြို့ရာ ဗာလာမြို့သို့လည်းကောင်း၊
10
ဗာလာမြို့ အနောက်ဘက်နားမှာလျှောက်လျက် စိရတောင်သို့လည်းကောင်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင် မြောက်ဘက်နားမှာလျှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့လည်းကောင်း၊
11
ဧကြုန်မြို့ မြောက်ဘက်နားမှာလျှောက်လျက် ရှိကြုန်ရွာသို့လည်းကောင်း၊ ဗာလာတောင်သို့လည်းကောင်း၊ ယာဗနေလရွာသို့လည်းကောင်း၊ ရောက်၍ ပင်လယ်၌ဆုံးလေ၏။
12
အနောက်ဘက်၌ ပင်လယ်ကြီးနှင့် ပင်လယ်ကမ်းပါးသည် အနောက်အပိုင်းအခြားဖြစ်၏။ ဤရွေ့ကား ယုဒအမျိုးသား အဆွေအမျိုးအလိုက် နေရာပြည်နယ် အပိုင်းအခြားဖြစ်သတည်း။
13
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္နာ၏သား ကာလက်အဖို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘ၏မြို့ကို ချပေးလေ၏။
14
ထိုမြို့ထဲက ကာလက်သည် အာနကသားသုံးယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကိုနှင်ထုတ်သောနောက်၊
15
ကိရယဿေဖာအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ တစ်ဖန်ချီသွား၍၊
16
ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ငါသည်သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17
ကာလက်ညီ ကေနတ်၏သားဩသံယေလသည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18
ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တစ်ကွက်ကို အဘ၌တောင်းခြင်းငှာ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ်ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
19
သမီးက ကောင်ချီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟုတောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကိုပေးလေ၏။
20
ဤရွေ့ကား၊ ယုဒအမျိုးသား အဆွေအမျိုးအလိုက် ခံရသောအမွေမြေ ဖြစ်သတည်း။
21
ယုဒအမျိုးသားပိုင်သော မြို့များဟူမူကား၊ ဧဒုံပြည်နှင့်နီးစပ်သော တောင်ပိုင်း၌ ကပ်ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊
22
ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊
23
ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဣသနန်မြို့၊
24
ဇိဖမြို့၊ တေလင်မြို့၊ ဗာလုတ်မြို့၊
25
ဟာဇော်မြို့သစ်၊ ဟာဇော်မြို့ဟောင်းတည်းဟူသော ဟေဇရုန်မြို့၊
26
အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊
27
ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊
28
ဟာဇာရွာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာမြို့၊
29
ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊
30
ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊
31
ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊
32
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့၊ ရိမ္မုန်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား သုံးဆယ်ခြောက်မြို့တည်း။
33
ချိုင့်၌လည်း ဧရှတောလမြို့၊ ဇောရာမြို့၊ အာရှနာမြို့၊
34
ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွါမြို့၊ ဧနံမြို့၊
35
ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေကာမြို့၊
36
ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့၊ ဂဒေရောသိမ်မြို့၊ ရွာနှင့်တကွ မြို့ပေါင်းကား၊ ဆယ်ငါးမြို့တည်း။
37
ထိုမှတစ်ပါး၊ ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလဂဒ်မြို့၊
38
ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလမြို့၊
39
လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊
40
ကဗ္ဗုန်မြို့၊ လာမံမြို့၊ ကိသလိတ်မြို့၊
41
ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့၊ ရွာနှင့်တကွ ဆယ်ခြောက်မြို့တည်း။
42
ထိုမှတစ်ပါး၊ လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊
43
ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊
44
ကိလမြို့၊ အာခဇိပ်မြို့၊ မရေရှမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
45
ထိုမှတစ်ပါး ဧကြုန်မြို့နှင့်သူဆိုင်သော မြို့ရွာများ၊
46
ဧကြုန်မြို့မှစ၍ ပင်လယ်တိုင်အောင်၊ အာဇုတ်မြို့နှင့်နီးစပ်သော မြို့ရွာများ၊
47
အာဇုတ်မြို့နှင့် သူဆိုင်သော မြို့ရွာများ၊ အဲဂုတ္တုမြစ်၊ ပင်လယ်ကြီး၊ ပင်လယ်ကမ်းပါးတိုင်အောင်၊ ဂါဇမြို့နှင့် သူဆိုင်သော မြို့ရွာများ၊
48
တောင်ပေါ်၌လည်း၊ ရှမိရမြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊
49
ဒန္နမြို့၊ ဒေဗိရမြို့တည်းဟူသော၊ ကိရယဿန္နမြို့၊
50
အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊
51
ဂေါရှင်မြို့၊ ဟောလုန်မြို့၊ ဂိလောမြို့၊ ရွာနှင့် တကွဆယ်တစ်မြို့တည်း။
52
အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊
53
ယာနုံမြို့၊ ဗက်တာပွါမြို့၊ အာဖက်မြို့၊
54
ဟုန္တမြို့၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၊ ဇိအောရမြို့၊ ရွာနှင့်တကွ ကိုးမြို့တည်း။
55
မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊
56
ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာနောမြို့၊
57
ကဣနမြို့၊ ဂိဘာမြို့၊ တိမနမြို့၊ ရွာနှင့်တကွ ဆယ်မြို့တည်း။
58
ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59
မာရပ်မြို့၊ ဗေသနုတ်မြို့၊ ဧလတေကုန်မြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။
60
ကိရယတ်ယာရိမ်မြို့တည်းဟူသော ကိရယတ်ဗာလမြို့၊ ရဗ္ဗာမြို့၊ ရွာနှင့်တကွ နှစ်မြို့တည်း။
61
တော၌လည်း၊ ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊
62
နိဗရှန်မြို့၊ မေလက်မြို့၊ အင်္ဂေဒိမြို့၊ ရွာနှင့်တကွခြောက်မြို့တည်း။
63
ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကိုကား၊ ယုဒအမျိုးသားတို့သည်မနှင်ထုတ်နိုင်ဘဲ သူတို့သည် ယနေ့တိုင်အောင် ယုဒအမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24