bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 18
Joshua 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည်၊ ရှိလောမြို့မှာစည်းဝေး၍ ပရိသတ်စည်းဝေးရာတဲတော်ကို တည်ထောင်ကြ၏။ သူတို့ရှေ့မှာ တစ်ပြည်လုံးနှိမ့်ချလျက်ရှိ၏။
2
ထိုအခါ ဣသရေလအမျိုးခုနစ်မျိုးတို့သည်၊ အမွေမြေကိုမခံရသေးသည်ဖြစ်၍၊
3
ယောရှုက၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောမြေကို သင်တို့သည် မသိမ်းမယူဘဲ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။
4
သင်တို့တွင် အမျိုးတစ်မျိုးလျှင် လူသုံးယောက်စီရွေးကောက်၍ ငါစေလွှတ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးသို့ထသွား၍ အမွေခံသင့်သည်အတိုင်း ရေးသားပြီးမှ ငါ့ထံသို့ပြန်လာရကြမည်။
5
သူတို့သည် ပြည်ကို ခုနစ်ပိုင်းပိုင်းခြားရကြမည်။ ယုဒအမျိုးသည် တောင်ဘက်မိမိနေရာ၌ နေရမည်။ ယောသပ်အမျိုးသည် မြောက်ဘက်မိမိနေရာ၌ နေရမည်။
6
ပြည်ကို ခုနစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံသို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အဖို့ စာရေးတံပြုမည်။
7
လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဖို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီဟု ဣသရေလလူတို့အား ပြောဆို၏။
8
ထိုလူတို့သည် ထ၍သွားသဖြင့်၊ ယောရှုကလည်း၊ တစ်ပြည်လုံးသို့ လျှောက်၍ရေးသားပြီးလျှင် ငါ့ထံသို့ပြန်လာကြလော့။ ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ သင်တို့အဖို့ စာရေးတံပြုမည်ဟု ပြည်ပုံကို ရေးသားခြင်းငှာ သွားသောသူတို့ကို မှာထားသည်နှင့်အညီ၊
9
သူတို့သည် တစ်ပြည်လုံးသို့ လျှောက်သွားသဖြင့်၊ မြို့ရွာရှိသည်အတိုင်း စာ၌ခုနစ်ပိုင်းပိုင်း၍ ရေးသားပြီးမှ ယောရှုနေရာ ရှိလောတပ်သို့ ရောက်လာကြ၏။
10
ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသားအသီးအသီးတို့အား မြေကိုပိုင်းခြားလေ၏။
11
ဗင်္ယာမိန်အမျိုးသားတို့သည် စာရေးတံပြု၍ အဆွေအမျိုးအလိုက်ခံရသောမြေသည် ယုဒအမျိုးသားတို့နှင့် ယောသပ်အမျိုးသားတို့စပ်ကြားမှာကျ၏။
12
မြေအပိုင်းအခြားသည် မြောက်မျက်နှာ၌ ယော်ဒန်မြစ်မှထွက်၍ ယေရိခေါမြို့ မြောက်ဘက်နား၌လည်းကောင်း၊ အနောက်ဘက် တောင်ပေါ်၌လည်းကောင်း လျှောက်လျက် ဗေသဝင်တောသို့ထွက်သွား၏။
13
တစ်ဖန် တောင်မျက်နှာသို့သွား၍ ဗေသလလုဇမြို့နား၌ လျှောက်သဖြင့်၊ အောက်ဗက်ဟောရုန်မြို့ တောင်ဘက်မှာရှိသော တောင်ခြေရင်း အတရုတ်အဒ္ဒါမြို့သို့ ရောက်ပြီးလျှင်၊
14
ထိုတောင်မှထွက်၍ အိုင်တောင်ကွေ့ကို ဝိုင်းသဖြင့်၊ ယုဒအမျိုးသားနေသော ကိရယတ်ယာရိမ် မြို့တည်းဟူသော ကိရယတ်ဗာလမြို့သို့ ထွက်သွား၏။ ဤရွေ့ကား အနောက်ဘက်အပိုင်းအခြားတည်း။
15
တောင်ဘက်အပိုင်းအခြားသည် ကိရယတ်ယာရိမ်မြို့စွန်းမှ အနောက်ဘက်နား၌ နေဖတောရေတွင်းသို့ ရောက်ပြီးလျှင်၊
16
ဟိန္နုံသား၏ချိုင့်ရှေ့မှာ၊ ရေဖိမ်ချိုင့်မြောက်ဘက်၌ရှိသော တောင်ခြေရင်းသို့လာ၍ ယေဗုသိမြို့တောင်ဘက် ဟိန္နုံချိုင့်သို့လည်းကောင်း၊ အင်္ရောဂေလရွာသို့လည်းကောင်း၊
17
မြောက်ဘက်နား၌ အင်ရှေမက်ရွာသို့လည်းကောင်း၊ အဒုမ္မိမ်ကုန်းတစ်ဖက် ဂေလိလုတ်ရွာသို့လည်းကောင်း၊ ရုဗင်သားဗောဟန်၏ ကျောက်သို့လည်းကောင်း ရောက်လေ၏။
18
တစ်ဖန် အရာဗမြို့ မြောက်မျက်နှာတစ်ဖက် လွင်ပြင်နားမှာလျှောက်၍ အရာဗမြို့သို့ရောက်သဖြင့်၊
19
ဗက်ဟောဂလမြို့ မြောက်ဘက်နားမှာလျှောက်၍ သောဒုံအိုင်မြောက်ကွေ့၊ ယော်ဒန်မြစ်ဝ၌ ဆုံးလေ၏။ ဤရွေ့ကား တောင်ဘက်အပိုင်းအခြားတည်း။
20
ယော်ဒန်မြစ်သည် အရှေ့ဘက်ပိုင်းခြားလျက်ရှိ၏။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရသောမြေနယ် ဖြစ်သတည်း။
21
ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ရသော မြို့များဟူမူကား၊ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊
22
ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊
23
အာဝိမ်မြို့၊ ပါရမြို့၊ ဩဖရာမြို့၊
24
ခေဖာဟာမောနဲမြို့၊ ဩဖနိမြို့၊ ဂါဘမြို့၊ ရွာနှင့်တကွ ဆယ်နှစ်မြို့တည်း။
25
ထိုမှတစ်ပါး၊ ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊
26
မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊
27
ရေကင်မြို့၊ ဣရပေလမြို့၊ တာရလမြို့၊
28
ဇေလမြို့၊ ဧလပ်မြို့၊ ယေရုရှလင်မြို့တည်းဟူသော ယေဗုသိမြို့၊ ဂိဗတ်မြို့၊ ကိရယတ်မြို့၊ ရွာနှင့်တကွ ဆယ်လေးမြို့တည်း။ ဤရွေ့ကား ဗင်္ယာမိန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24