bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 8
Joshua 8
Burmese 2021
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
1
တစ်ဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲအပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ငါအပ်မည်။
2
ယေရိခေါမြို့နှင့် မင်းကြီးအားပြုသကဲ့သို့ အာဣမြို့နှင့်မင်းကြီးအား ပြုရမည်။ သို့ရာတွင် လုယူသောဥစ္စာ၊ တိရစ္ဆာန်များကို ကိုယ်အဖို့သိမ်းရမည်။ မြို့နောက်မှာ ကင်းတပ်ကိုထားရမည်ဟု ယောရှုအားမိန့်တော်မူသည်အတိုင်း၊
3
ယောရှုနှင့် စစ်သူရဲအပေါင်းတို့သည် အာဣမြို့ကို တိုက်ခြင်းငှာထကြ၏။ ယောရှုသည် ခွန်အားကြီးသော စစ်သူရဲသုံးသောင်းတို့ကို ရွေးချယ်၍ ညအခါစေလွှတ်လျက်၊
4
သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။
5
ငါနှင့်တကွ ငါ၌ပါသောသူအပေါင်းတို့သည် မြို့အနီးသို့ ချဉ်းကပ်မည်။ သူတို့သည် ယမန်ကဲ့သို့တိုက်ခြင်းငှာ ထွက်လာကြသောအခါ၊ ငါတို့သည် သူတို့ရှေ့မှာ ပြေးရကြမည်။
6
သူတို့လည်းလိုက်ခြင်းငှာ မြို့ထဲကထွက်၍၊ မြို့နှင့် ကွာမှန်းကိုမသိဘဲ ခွာ၍လိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ရှေ့မှာ ငါတို့သည်ပြေးသောအခါ၊ ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ပြေးကြပြီဟု သူတို့ဆိုကြလိမ့်မည်။
7
ထိုအခါ သင်တို့သည် ကင်းထိုးလျက် နေရာအရပ်မှထ၍ မြို့ကိုတိုက်လျှင်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့လက်၌ အပ်တော်မူမည်။
8
တိုက်၍အောင်သောအခါ မြို့ကိုမီးရှို့ရကြမည်။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုရကြမည်။ ထိုသို့ ငါဆင့်ဆိုသည်ဟု ထိုသူတို့အား မှာထားလေ၏။
9
ယောရှုစေလွှတ်သည်အတိုင်း၊ ထိုသူတို့သည် ကင်းထိုးခြင်းငှာသွား၍၊ ဗေသလမြို့နှင့် အာဣမြို့စပ်ကြားတွင် အာဣမြို့ အနောက်ဘက်မှာနေကြ၏။ ယောရှုသည် ထိုညတွင်လူများထဲမှာ နေသေး၏။
10
နံနက်စောစောထ၍ လူများတို့ကို ရေတွက်ပြီးမှ၊ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်အတူ အာဣမြို့သို့ အဦးချီသွားလေ၏။
11
ယောရှု၌ပါသော စစ်သူရဲအပေါင်းတို့သည်လိုက်၍ မြို့အနီးသို့ ရောက်ပြီးလျှင်၊ မြို့မြောက်ဘက်၌ တပ်ချကြ၏။ သူတို့နှင့် မြို့စပ်ကြားမှာ ချိုင့်တစ်ခုရှိ၏။
12
တစ်ဖန် အာဣမြို့အနောက်၊ ထိုမြို့နှင့် ဗေသလမြို့စပ်ကြားမှာ ကင်းထိုးစေခြင်းငှာ လူငါးထောင်ခန့်မျှ ထားလေ၏။
13
ထိုသို့လျှင်၊ မြို့မြောက်ဘက်မှာ ဗိုလ်ခြေအပေါင်းခင်းကျင်းလျက်၊ အနောက်ဘက်မှာလည်း ကင်းထိုးလျက်၊ အသီးအသီး နေရာကျကြသောအခါ၊ ယောရှုသည် ထိုညတွင် ချိုင့်အလယ်သို့ သွားလေ၏။
14
ထိုအခြင်းအရာတို့ကို အာဣမင်းကြီးသည်မြင်လျှင်၊ မြို့သားယောက်ျားတို့သည် စောစောထ၍ အလျင်အမြန်ပြင်ဆင်ပြီးမှ၊ မင်းကြီးသည် လူအပေါင်းတို့နှင့်တကွ ဣသရေလအမျိုးသားတို့ကို တိုက်ခြင်းငှာ၊ ချိန်းချက်သော အချိန်၌ လွင်ပြင်သို့ ချီသွားလေ၏။ သို့ရာတွင် မြို့နောက်မှာ ကင်းတပ်ရှိမှန်းကိုမသိ။
15
ယောရှုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် ရှုံးဟန်ပြုလျက် တောလမ်းဖြင့် ပြေးကြ၏။
16
သူတို့ကို လိုက်ခြင်းငှာ၊ အာဣမင်းကြီးသည် မြို့၌ရှိသမျှသော ယောက်ျားတို့ကို နှိုးဆော်ပြီးလျှင်၊ မြို့သားတို့သည် ယောရှုကိုလိုက်၍၊ မြို့နှင့်ကွာမှန်းမသိ ခွာသွားကြ၏။
17
ဣသရေလအမျိုးသားတို့ကိုမလိုက်ဘဲ၊ အာဣမြို့နှင့် ဗေသလမြို့၌ ယောက်ျားတစ်ယောက်မျှမနေ၊ မြို့ကိုလှပ်ထားလျက် ဣသရေလအမျိုးသားတို့ကို လိုက်ကြ၏။
18
ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ငါအပ်မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။
19
ရွယ်သောအခါ၊ ကင်းတပ်သားတို့သည် ချက်ချင်းထ၍ အလျင်အမြန်ပြေးလျက် မြို့ထဲသို့ဝင်မိလျှင်၊ ကြိုးစား၍သိမ်းယူပြီးမှ မီးရှို့ကြ၏။
20
အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကိုလောင်သော မီး၏အခိုးသည် မိုးကောင်းကင်သို့ တက်လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေးခြင်းငှာ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည်လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။
21
ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌မီးခိုးတက်လျက်ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည်မြင်လျှင်၊ တစ်ဖန်ပြန်လှည့်၍ အာဣမြို့သားတို့ကို တိုက်သတ်ကြ၏။
22
အခြားသောသူတို့သည်လည်း မြို့ထဲကထွက်၍ တိုက်သောကြောင့် ဣသရေလအမျိုးသားတို့သည် အာဣလူတို့ကို ညှပ်၍တိုက်သဖြင့် တစ်ယောက်ကိုမျှမလွှတ် မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။
23
အာဣမင်းကြီးကို အရှင်ဖမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။
24
ဣသရေလအမျိုးသားတို့သည် လွင်ပြင်၌လည်းကောင်း၊ လိုက်ရှာရာတော၌လည်းကောင်း၊ အာဣမြို့သားအပေါင်းတို့ကိုလုပ်ကြံ၍ ဓားဖြင့် အကုန်အစင်သုတ်သင်ပြီးမှ၊ တစ်ဖန် မြို့သို့ပြန်လာ၍ ဓားဖြင့်လုပ်ကြံကြ၏။
25
ထိုနေ့၌ တစ်သောင်းနှစ်ထောင်ခန့်မျှရှိသော အာဣမြို့သား ယောက်ျားမိန်းမအပေါင်းတို့သည် သေကြ၏။
26
အာဣမြို့သူမြို့သားအပေါင်းတို့ကို အကုန်အစင် မဖျက်ဆီးမီတိုင်အောင် ယောရှုသည် လှံကိုင်သောလက်ကို မသိမ်းမရုပ်။
27
သို့ရာတွင် ထာဝရဘုရားသည် ယောရှုအား မှာထားတော်မူသောစကားအတိုင်း၊ တိရစ္ဆာန်များနှင့် လက်ရဥစ္စာများကို၊ ဣသရေလအမျိုးသားတို့သည် ကိုယ်အဖို့ သိမ်းယူကြ၏။
28
ယောရှုသည်လည်း အာဣမြို့ကိုမီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရဖျက်ဆီးရာ အမှိုက်ပုံဖြစ်စေ၏။
29
အာဣမင်းကြီးကို ညဉ့်ဦးတိုင်အောင် သစ်ပင်တွင်ဆွဲထား၍၊ မိုးချုပ်သောအခါ၊ ယောရှုစီရင်သည်အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါးဝ၌ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။
30
ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ယဇ်ပလ္လင်ကိုတည်လေ၏။
31
ထာဝရဘုရား၏ကျွန်မောရှေသည်၊ ဣသရေလအမျိုးသားတို့ကို မှာထား၍ မောရှေ၏ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သောကျောက်တို့ဖြင့် ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
32
ယောရှုသည်လည်း၊ ထိုကျောက်ပေါ်၌ မောရှေ၏ပညတ်တရားကို ဣသရေလအမျိုးသားတို့ရှေ့မှာ ရေးကူးလေ၏။
33
ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာနှစ်ဖက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်ကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတစ်ဝက်၊ ဧဗလတောင်ပေါ်မှာ တစ်ဝက်တို့သည် နေကြလျှင်၊
34
ပညတ္တိကျမ်း၌ ရေးထားသမျှသောကောင်းချီးမင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကားတည်းဟူသော တရားစကားအလုံးစုံတို့ကို ဖတ်ရွတ်လေ၏။
35
ယောရှုသည် မောရှေမှာထားသော စကားတစ်ခွန်းကိုမျှ မချန်မထား၊ မိန်းမ၊ သူငယ်၊ တစ်ကျွန်းတစ်နိုင်ငံသားပါသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့မှာ အကုန်အစင်ဖတ်ရွတ်လေ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24