bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 23
Joshua 23
Burmese 2021
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
1
ထာဝရဘုရားသည် ပတ်ဝန်းကျင်နေသော ရန်သူအပေါင်းတို့လက်မှ ဣသရေလအမျိုးကို ကယ်လွှတ်၍၊ ငြိမ်သက်ခြင်းအခွင့်ကို ကြာမြင့်စွာသော ကာလပတ်လုံးပေးတော်မူပြီးမှ၊ ယောရှုသည် အသက်ကြီး၍ အိုမင်းသောအခါ၊
2
ဣသရေလအမျိုး အသက်ကြီးသူ၊ အကဲအမှူး၊ တရားသူကြီး၊ အရာရှိသောသူများနှင့်တကွ အမျိုးသားအပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါသည် အသက်ကြီးရင့်၍ အိုမင်းပြီ။
3
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အတွက် ဤလူမျိုးအပေါင်းတို့၌ ပြုတော်မူသမျှကို သင်တို့သည် သိမြင်ကြပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဘက်၌ စစ်တိုက်တော်မူပြီ။
4
ယော်ဒန်မြစ်မှစ၍ အနောက်ပင်လယ်ကြီးတိုင်အောင်၊ ငါပယ်ရှင်းသမျှသော လူမျိုးတို့နှင့်တကွ ကြွင်းသေးသော ဤလူမျိုးနေသောပြည်ကို သင်တို့အမျိုးများ အမွေခံစရာဖို့ စာရေးတံချ၍ ငါဝေဖန်ပြီ။
5
သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ဤလူမျိုးတို့ကို နှင်ထုတ်၍ သင်တို့မမြင်ရအောင် သုတ်သင်ပယ်ရှင်းတော်မူသဖြင့်၊ သူတို့၏မြေကို သင်တို့သည် အပိုင်ရကြလိမ့်မည်။
6
သို့ဖြစ်၍ သင်တို့သည် မောရှေ၏ပညတ္တိကျမ်းစာလမ်းမှ လက်ယာဘက် ဘက်ဝဲဘက်သို့မလွှဲဘဲ၊ ပါသမျှအတိုင်း ကျင့်စောင့်ခြင်းငှာလည်းကောင်း၊
7
သင်တို့တွင် ကြွင်းသေးသော ဤလူမျိုးနှင့် မပေါင်းဖော်၊ သူတို့ဘုရား၏နာမကို မြွက်၍ မကျိန်ဆို၊ ဝတ်မပြုဦးမညွှတ်ဘဲ၊
8
ယနေ့တိုင်အောင်ကျင့်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှာလည်းကောင်း၊ အလွန်ရဲရင့်သောစိတ်ရှိကြလော့။
9
အကြောင်းမူကား၊ ကြီးမား၍ခွန်အားနှင့်ပြည့်စုံသော လူမျိုးတို့ကို ထာဝရဘုရားသည် သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ ယနေ့တိုင်အောင် သင်တို့ရှေ့၌ အဘယ်သူမျှမရပ်နိုင်။
10
သင်တို့တစ်ယောက်သော်လည်း အခြားသောသူတစ်ထောင်ကို ပြေးစေလိမ့်မည်။ အကြောင်းမူကား၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း သင်တို့ဘက်၌ စစ်တိုက်တော်မူ၏။
11
သို့ဖြစ်၍ သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုချစ်ခြင်းငှာ ကိုယ်စိတ်နှလုံးကို သတိပြုကြလော့။
12
သို့မဟုတ် သင်တို့သည်ရွေ့လျော့၍၊ သင်တို့တွင် ကျန်ကြွင်းသေးသော ဤလူမျိုးတို့၌ မှီဝဲလျက်၊ ထိမ်းမြားပေးစား၍ ပေါင်းဖော်ဆက်ဆံခြင်းရှိလျှင်၊
13
သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် နောက်တစ်ဖန် ဤလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မမူ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ၍ ကောင်းမွန်သောဤပြည်၌ သင်တို့သည် မပျောက်မပျက်မီတိုင်အောင် သူတို့သည် သင်တို့၌ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့နံစောင်၌ နှင်တံ၊ သင်တို့မျက်စိ၌ ဆူးဖြစ်ကြလိမ့်မည်အကြောင်းကို ဧကန်အမှန် သိမှတ်ကြလော့။
14
ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။
15
သင်တို့၏ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ ကောင်းကျိုးအပေါင်းတို့သည် သင်တို့အပေါ်၌ ရောက်သကဲ့သို့၊ ထိုအတူ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ဤကောင်းမွန်သောပြည်မှ သင်တို့ကို သုတ်သင်ပယ်ရှင်းတော်မမူမီတိုင်အောင်၊ ထာဝရဘုရားသည် သင်တို့အပေါ်၌ ဘေးဥပဒ်အပေါင်းတို့ကို ရောက်စေတော်မူမည်။
16
သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတစ်ပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြုလျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေးတော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24