bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 9
Joshua 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
1
ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌လည်းကောင်း၊ ချိုင့်ထဲ၌လည်းကောင်း၊ လေဗနုန်တောင်တစ်ဖက်၊ မဟာပင်လယ်ကမ်း တစ်လျှောက်လုံး၌လည်းကောင်းနေသော ဟိတ္တိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီးအပေါင်းတို့သည် သတင်းကြားသောအခါ၊
2
ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ်တိုက်ခြင်းငှာ တညီတညွတ်တည်း စည်းဝေးကြ၏။
3
ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
4
ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ်မှာ ဟောင်းနွမ်းသောအိတ်တို့ကိုတင်၍၊ ဟောင်းနွမ်းစုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
5
ဟောင်းနွမ်းဖာပြင်သော ခြေနင်းကိုစီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာဆောင်ခဲ့လျက်၊
6
ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိတ်သဟာယဖွဲ့ခြင်းငှာ၊ ဝေးသောပြည်ကလာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြောဆိုကြ၏။
7
ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ်သို့ မိတ်သဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အားဆိုကြလျှင်၊
8
သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊
9
သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သတင်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကိုလည်းကောင်း၊
10
ယော်ဒန်မြစ် အရှေ့ဘက်၌နေသော အာမောရိမင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်၊ အာရှတရုတ်မြို့မှာနေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကိုလည်းကောင်း ကြားပါပြီ။
11
ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူတို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကိုယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှာ သွားကြလော့။ ငါတို့သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိတ်သဟာယဖွဲ့ရပါမည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
12
ကိုယ်တော်ထံသို့ ရောက်အံ့သောငှာ ထွက်လာသောနေ့၌ ခရီးရိက္ခာဖို့ ကိုယ်အိမ်မှဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက်လျက် မှိုတက်လျက်ရှိပါ၏။
13
စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
14
ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကိုစားကြ၏။
15
ယောရှုသည်လည်း သူတို့ကိုစစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိတ်သဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
16
မိတ်သဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူတို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
17
ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
18
ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။
19
အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
20
သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ်ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
21
အကဲအမှူးများ ကတိရှိသည်အတိုင်း အသက်ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဖို့ ထင်းခုတ်သောသူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့အား ပြန်ပြောကြ၏။
22
ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့်လှည့်စားကြသနည်း။
23
ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှမလွတ်ရဟုဆို၏။
24
သူတို့ကလည်း၊ ဤပြည်တစ်လျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
25
ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင်ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ်တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန်လျှောက်ကြ၏။
26
ထိုသို့နှင့်အညီ ယောရှုသည်ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှာ ဣသရေလလူတို့လက်မှ ကယ်နုတ်သဖြင့်၊
27
ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24