bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 22
Joshua 22
Burmese 2021
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
1
တစ်ဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့ကိုခေါ်၍၊
2
ထာဝရဘုရား၏ကျွန်မောရှေမှာထားသမျှအတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကားကိုလည်း နားထောင်ကြပြီ။
3
ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ်လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရားစီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။
4
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။
5
သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊
6
ကောင်းချီးပေး၍ လွှတ်လိုက်လေ၏။ သူတို့သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
7
မနာရှေအမျိုးတစ်ဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတစ်ဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။
8
ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကိုယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသောဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟုမှာထားလျက်၊ ကောင်းချီးပေး၍ သူတို့နေရာအိမ်သို့ လွှတ်လိုက်လေ၏။
9
ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့သွားခြင်းငှာ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလောမြို့မှ ထွက်သွားကြ၏။
10
ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင်ကြီးကို တည်ကြ၏။
11
ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ခါနာန်ပြည်တစ်ဖက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည်ကြပြီဟု ဣသရေလအမျိုးသားတို့သည် သတင်းကြားကြ၏။
12
ထိုသတင်းကိုကြားသောအခါ၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှာ၊ ရှိလောမြို့၌စည်းဝေးကြ၏။
13
ဣသရေလအမျိုးသားတို့သည်၊ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့်တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေးကောက်၍၊ လူတစ်ထောင်ကိုအုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
15
ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊
16
ထာဝရဘုရား၏ပရိသတ်အပေါင်းတို့ မှာလိုက်သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော်သို့ မလိုက်၊ ယနေ့လွှဲသွားခြင်းငှာ ဣသရေလအမျိုး၏ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။
17
သင်တို့သည် ထာဝရဘုရားနောက်တော်သို့မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဖို့မလောက်သလော။ ထာဝရဘုရား၏ပရိသတ်တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ်မရှင်းလင်းသေး။
18
သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။
19
သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရား အပိုင်ယူတော်မူ၍၊ တဲတော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြလော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး၊ အခြားသောယဇ်ပလ္လင်ကို ကိုယ်အဖို့တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကိုလည်း မပုန်ကန်ကြနှင့်။
20
ဇေရသားအာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အပေါ်မှာ ရောက်သည်မဟုတ်လော။ ထိုသူသည် ပြစ်မှားသောအပြစ်ကြောင့် တစ်ယောက်တည်းသာ သေရသည်မဟုတ်ဟု ဆိုကြ၏။
21
ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ဣသရေလအမျိုးတွင် လူတစ်ထောင်စီအုပ်သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊
22
မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန်မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှာ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
23
ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာကို ပူဇော်မည်အကြံရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ်ကြောတော်မူပါစေ။
24
နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အို ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင်ကြသနည်း။
25
ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲနေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟုစိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
26
သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကိုတည်ခြင်းငှာ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်မည်အကြံ ရှိသည်မဟုတ်။
27
ငါတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ မိတ်သဟာယပူဇော်သကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှာလည်းကောင်း၊ နောင်ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှာလည်းကောင်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်ကြပါပြီ။
28
နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သားမြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှာမဟုတ်၊ ငါတို့နှင့် သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှာ တည်သော ထာဝရဘုရား၏ယဇ်ပလ္လင်ပုံကို ကြည့်ကြလော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှာ ငါတို့သည်တိုင်ပင်ကြပြီ။
29
တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်တော်မှတစ်ပါး အခြားသောယဇ်ပလ္လင်ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ်ပူဇော်သကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက်၊ လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။
30
ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်သော အကဲအမှူးများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကိုကြားရသောအခါ အားရကြ၏။
31
ယဇ်ပုရောဟိတ် ဧလာဇာသားဖိနဟတ်ကလည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသောကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်းကို ယနေ့ ငါတို့သိမြင်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ်လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့အား ပြောဆိုကြ၏။
32
ထိုအခါ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သတင်းကြားပြောသဖြင့်၊
33
ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တစ်ဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည်ကို လုပ်ကြံအံ့သောငှာ စစ်ချီမည်ဟု အကြံမရှိကြ။
34
ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ်ပလ္လင်သည် ငါတို့စပ်ကြားမှာသက်သေခံပါစေသောဟုဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24