bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Joshua 19
Joshua 19
Burmese 2021
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
ဒုတိယတစ်ကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း၌ အမွေခံရကြ၏။
2
သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရရှေဘမြို့၊ မောလဒါမြို့၊
3
ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
4
ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊
5
ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6
ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
7
ထိုမှတစ်ပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
8
ထိုမှတစ်ပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာမတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်းကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
9
ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဖို့ထဲကနုတ်ရ၏။ ယုဒအမျိုးသားတို့အဖို့သည် ကြီးကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင်အမျိုးသားတို့သည် အမွေခံရကြ၏။
10
တတိယတစ်ကြိမ် စာရေးတံပြု၍ ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
11
အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့သို့လည်းကောင်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့လည်းကောင်း မီလေ၏။
12
တစ်ဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီးလျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
13
ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တဟေဖာမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
14
မြောက်ဘက်၌လည်းဝိုင်းသဖြင့်၊ ဟန္နသုန်မြို့သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
15
ထိုမှတစ်ပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
16
ဤရွေ့ကားမြို့ရွာပါလျက် ဇာဗုလုန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
17
စတုတ္ထတစ်ကြိမ် စာရေးတံပြု၍ ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
18
သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသုလုတ်မြို့၊ ရှုနင်မြို့၊
19
ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
20
ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
21
ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ပါလျက်၊
22
တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ်ခြောက်မြို့ရှိသတည်း။
23
ဤရွေ့ကားမြို့ရွာပါလျက် ဣသခါအမျိုးသားတို့သည် အဆွေအမျိုးအလိုက်ခံရသောအမွေတည်း။
24
ပဥ္စမတစ်ကြိမ် စာရေးတံပြု၍ အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက်အမွေခံရကြ၏။
25
သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
26
အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါလျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗနတ်မြို့သို့ ရောက်လေ၏။
27
တစ်ဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန်မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကိုလျှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာဗုလမြို့၊
28
ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
29
ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင်အောင် ပင်လယ်၌ဆုံးလေ၏။
30
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ ရှိသတည်း။
31
ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
32
ဆဋ္ဌမတစ်ကြိမ် စာရေးတံပြု၍ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
33
သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ဆုံးလေ၏။
34
တစ်ဖန် အနောက်မျက်နှာသို့လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင်ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ် အပိုင်းအခြားရှိ၏။
35
ခိုင်ခံ့သောမြို့များဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
36
အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
37
ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
38
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသနတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
39
ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
40
သတ္တမတစ်ကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
41
သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာမြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
42
ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
43
ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44
ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
45
ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
46
မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖောမြို့ရှေ့မှာရှိသောမြေ ပါသတည်း။
47
ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
48
ဤရွေ့ကားမြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
49
ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတစ်ပြင်လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
50
သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမနဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
51
ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုးသူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ ဝေပေးသော အမွေခံစရာမြေ အသီးအသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကိုဝေဖန်သောအမှုပြီးလေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24